November 2016

Customer Service Extra Miles Seminar ကို ၃၀.၁၀.၂၀၁၆ (နိုဘယ်မင်္ဂလာဟိုတယ်) မန္တလေး မှာ ပြုလုပ်

12-10-2016

Customer Service Extra Miles Seminar ကို ၃၀.၁၀.၂၀၁၆ (နိုဘယ်မင်္ဂလာဟိုတယ်) မန္တလေး မှာ ပြုလုပ်

 မန္တလေးမှာ ပထမအကြိမ်တုန်းက သင်တန်းသား ၃၅၀ ကျော် တက်ရောက်ခဲ့ပြီး မမှီလိုက်သူတွေအတွက် ဒုတိယ အကြိမ် ကျင်းပမယ့် သင်တန်းပါ။သင်တန်းအကြောင်းသိချင်ရင်တော့ ဒီမေးခွန်းလေးတွေလေ့လာကြည့်ပါ။

သင့်ပြိုင်ဘက်အသစ်တွေပေါ်လာတယ်။ ဈေးလျော့ပြီးပြိုင်လို့ နိုင် နိုင်မလား။ သင့်မှာ ငွေအားရော လူအားရော သာတယ်။
တကယ် နိုင် နိုင်မလား။ သင့်ရဲ့ဖောက်သည်တွေဟာ သင့်ရဲ့ဝန်ဆောင်မှု အပေါ်မှာ "အမှန်တကယ်" ကျေနပ်ကြရဲ့လား။ သင့်ဖေါက်သည်တွေက သင့်ဆီကဝယ်ယူ ရတာကို "ကျနော်တော့ ခင်ဗျားနဲ့တွေ့ရတာဆုံး ဖြတ်ချက်မှန်ပြီ" လို့ ပြောကြရဲ့လား။ သူများတွေကိုကော သင့်ဝန်ဆောင်မှု ကောင်းကြောင်း သင့်ဖေါက်သည်တွေက ပြောကြလား။ သူတို့ကထောက်ခံပေးလို့ သင့်မှာ နောက်ထပ်ဖေါက်သည်တွေ တိုးလာပြီးလား။ သင့်ဝန်ထမ်းတွေ  ကကော သင်ချမှတ်ထားတဲ့စ နစ်ကိုလိုက်နာနိုင်ကြရဲ့လား။ ပြိုင်ဆိုင်မှုတွေပြင်းထန် နေတဲ့ဒီနေ့စီးပွားရေး လောကမှာ ကျနော်တို့ရဲ့Customer တွေကို 

Excellent Products (အကောင်းဆုံးသောကုန်ပစ္စည်းတွေ)

Excellent Delivery System (အကောင်းဆုံးသော ခန့်ခွဲမှု နည်းစနစ်တွေ) 

Excellent Service Mindset ( အကောင်းဆုံးသော ဝန်ဆောင်ပေးလိုမှု စိတ်နေစိတ်ထား) 

ဆိုတဲ့ အချက်သုံးချက်ပြည့်စုံမှသာ အများနဲ့မတူ ကွဲပြားထူးခြားကောင်းမွန်တဲ့ လုပ်ငန်းတစ်ခုဖြစ်မှာပါ။ ကျနော့်အနေနဲ့ Customer Satisfaction Evaluation Research ကို လုပ်ငန်းနယ်ပယ် ပေါင်းစုံ အတွက်လုပ်ပေးနေရင်းက ရလာတဲ့ တွေ့ရှိချက်တွေရယ် မြန်မာနိုင်ငံအနှံ့ ဒေသအသီသီးက ကလုပ်ငန်း မှာ Customer Service Corporate Training တွေ လုပ်ပေးရင်းရရှိလာတဲ့ အတွေ့အကြုံနဲ့ Service Culture အတွေးအခေါ်တွေရယ် ကျနော် လေ့လာသင်ယူနေတဲ့ ဆရာတစ်ယောက် ဖြစ်တဲ့ Customer Service ဂုရု လို့ ခေါ်ကြတဲ့ Ron Kaufman ( No.1 Best Seller ) ရဲ့ သင်ကြားပို့ချမှု ကောက်နူတ်ချက်တွေရယ်ကို 
စုစည်းထားတဲ့ Customer Service Extra Miles Seminar ကို ၃၀.၁၀.၂၀၁၆ (နိုဘယ်မင်္ဂလာဟိုတယ်) မန္တလေး မှာ ပြုလုပ်မန္တလေး မှာ ပြုလုပ်ပါမယ်။နံနက် ၉နာရီမှ ညနေ ၄နာရီ ထိပါ။ အခမဲ့တော့မဟုတ်ပါဘူး။ Entrance Fees 20,000Ks နဲ့ Lunch and Tea Break အပါအဝင်ပါ။ လူဦးရေကန့်သတ်ထားတဲ့အတွက် အမြန်စာရင်းပေးဖို့တော့ လိုပါလိမ့်မယ်။ Samsung Myanmar ရဲ့Head of Channel Management ကိုဇာနည်ဝင်းထက် ကလည်း Guest Speaker အနေနဲ့ပါဝင်မှာဖြစ်ပါတယ်။လက်မှတ်ဝယ်ဖို့နဲ့ အသေးစိတ်သိချင်တာများရှိရင်တော့

09 2585 777 67

09 2585 777 57 

09 77 88 99 880

Kudos Business School
No.E6, မန်းမန္တလာ အိမ်ယာ ဦးပွားဂုံးကျော်အနီး ။ ချမ်းတောင်ရပ်။ မန္တလေး ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ ကျေးဇူးအထူးတင်ရှိပါတယ်။

Kaung Nyein Soe (MBA, B.E(EP))
CEO and Principal 
Kudos Business School

Managing Director
Mahar Shopper Services Co.,Ltd
Mystery Shopping and Consulting
Mahar Shopper - Mystery Shopping Services1

Director 
HEPTAMiX Co.,ltd
Creative Marketing Services

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွာရေးလုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ တွေ့ဆုံပွဲအခန်းအနား

22-10-2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွာရေးလုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ တွေ့ဆုံပွဲအခန်းအနား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွာရေးလုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ တွေ့ဆုံပွဲအခန်းအနား (၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ၊ ၂၂ ရက်) နေပြည်တော် ...

Supervisory Skill Training သင်တန်းဆင်းပွဲကို အောက်တိုဘာလ (၂)ရက်နေ့ကကျင်းပ

2-10-2016

Supervisory Skill Training သင်တန်းဆင်းပွဲကို အောက်တိုဘာလ (၂)ရက်နေ့ကကျင်းပ

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းနှင့် Strategy First Institute တို့ပူးပေါင်းဖွင့်လစ်တဲ့ လက်လီလုပ်ငန်းများအတွက် Supervisory Skill Training သင်တန်းဆင်းပွဲကို အောက်တိုဘာလ (၂)ရက်နေ့ကကျင်းပခဲ့ပြီး၊ ဒီသင်တန်းဟာ ဒုတိယအကြိမ်မြောက်ဖွင့်လစ်တဲ့သင်တန်းဖြစ်ပါတယ်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးမျိုးမင်းအောင်၊ အထွေထွေအတွင်းရေးမှူး ဦးသူရိန်ငြိမ်း၊ Strategy First Institute မှ ကျောင်းအုပ်ကြီး ဦးအောင်ချစ်ခင်နှင့် တာဝန်ရှိသူများ၊ သင်တန်းဆင်းကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပါတယ်။

လူသုံးကုန်ပစ္စည်းအရည်အသွေးများ အသိပညာပေးမှု လုပ်ဆောင်နေသော် လည်း ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုအားနည်းနေဟုဆို

29-9-2016

လူသုံးကုန်ပစ္စည်းအရည်အသွေးများ အသိပညာပေးမှု လုပ်ဆောင်နေသော် လည်း ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုအားနည်းနေဟုဆို

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် အစားအသောက်၊ ဆေးဝါး၊ လူသုံးကုန်၊ အလှကုန်များနှင့် ပြည်သူများ နေ့စဉ်အသုံးပြုနေရသည့် ပြည်တွင်းထုတ် အခြေခံ လူသုံးကုန်များတွင် အရည်အသွေးပြည့်မီခြင်းမရှိသည့် ပစ္စည်း များကြောင့် ပြည်သူ များအန္တရာယ်မဖြစ်စေရေးအတွက် စစ်ဆေးအရေး ယူဆောင်ရွက်ပေးနေသည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ ဆောင်ရွက်ချက်များကို ပြည်သူများသိရှိနိုင်ရန် တွေ့ဆုံမေးမြန်းခဲ့
သည်။

ဒေါက်တာဒေါ်သဇင်ရီလှိုင် (ဒုတိယညွှန်ကြားရေးမှူးချုပ်)

ဈေးကွက်ထဲက အလှကုန်ပစ္စည်းတွေကို အရှိန်အဟုန်မြှင့်ပြီး စစ်ဆေးနေပါတယ်။ တားမြစ်ဓာတုပစ္စည်းပါဝင်တဲ့ အလှကုန်ပစ္စည်းတွေ အခုလတ်တလောမှာ အမျိုးအစား ၃ဝ လောက်တွေ့ထားပြီးပါပြီ။ ဒီတွေ့ရှိထားတဲ့ ပစ္စည်းတွေကို အများပြည်သူသုံးစွဲဖို့ မသင့်တော်ဘူးဆိုပြီး သတင်းမီဒီယာကနေ ထုတ်ပြန်ကြေညာပါတယ်။ ဒီပစ္စည်းတွေ ဈေးကွက်ထဲမှာရှိနေမယ်ဆိုရင်လည်း လိုက်လံစစ်ဆေးပြီး သိမ်းဆည်းဖျက်ဆီးတာတွေ လုပ်ဆောင်နေပါတယ်။ သုံးစွဲဖို့မသင့်လို့ ကြေညာထားတဲ့ပစ္စည်းတွေကို အများပြည်သူကလည်း မသုံးစွဲကြဖို့လိုပါတယ်။

ပြည်သူတွေ မသုံးစွဲမှ လက်လီရောင်းချတဲ့သူတွေ မရောင်းရတော့ဘူးပေါ့။ လက်လီရောင်းချတဲ့သူတွေကလည်း ကြေညာထားတဲ့ပစ္စည်းတွေကိုဆိုင်မှာ မရောင်းချဖို့လိုပါတယ်။ အပြန်အလှန်တော့ ရှိနေရမှာပါ။ တင်သွင်းဖြန့်ဖြူးတဲ့ သူတွေအနေနဲ့လည်း တားမြစ်ဓာတုပစ္စည်းတွေပါဝင်တဲ့ အလှကုန်တွေကို တင်သွင်းခြင်းမလုပ်ဖို့လည်း အရေးကြီးပါတယ်။ အခုတွေ့ထားတဲ့ တားမြစ် ဓာတုပစ္စည်းအလှကုန်တွေဟာ FDA မှာ မှတ်တမ်းတင်မထားတဲ့ ပစ္စည်းတွေပါ။

ဒေါက်တာဒေါ်ခင်ချစ် (ဒုတိယညွှန်ကြားရေးမှူးချုပ်)

တိုင်းဒေသကြီးနဲ့ပြည်နယ်အားလုံးမှာ အစားအသောက်နဲ့ပတ်သက်ပြီး စစ်ဆေးတဲ့အခါ ဧရာဝတီမှာဆို ငါးပိကို အဓိကထားစမ်းသပ်တယ်။ အဲဒီလို စမ်းသပ်တဲ့အခါ ခွင့်မပြုတဲ့ဆိုးဆေးအရောင်တွေ အကုန်လုံးနီးပါးမှာ တွေ့ရ တယ်။ ငရုတ်သီးမှုန့်ဆိုရင်လည်း တိုင်းဒေသကြီးနဲ့ပြည်နယ်အားလုံးကနေ နမူနာအားလုံးကောက်ယူပြီး စစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ ငရုတ်သီး မှုန့် ၅ဝ ရာခိုင်နှုန်းကျော်က ခွင့်မပြုတဲ့ဆိုးဆေးတွေပါဝင်နေတယ်။ ကျန်တဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေကတော့ ဆက်လက်စစ်ဆေးနေဆဲပါပဲ။ ပဲပြားနဲ့ မုန့်ဟင်းခါးမှာပါဝင်တဲ့ ဖော်မလင်ကိစ္စကိုလည်း နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်အကုန်လုံးမှာစစ်ခဲ့ပါတယ်။ အသုံးပြုမှုတွေ့ထားရင် နောက်မသုံးအောင် အသိပညာပေးခဲ့ပါတယ်။

ပညာပေးမှုတွေအများကြီးလုပ်နေပေမယ့် ဆက်သုံးနေတာလည်း တွေ့နေရတယ်။ ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှု အားနည်းနေပါသေးတယ်။ အလှကုန် ဆိုရင်လည်း ဈေးကွက်ထဲမှာ လက်လှမ်းမီသလောက်နဲ့လူမှုကွန်ရက်မှာ ပြဿနာရှိတဲ့ပစ္စည်းမှန်သမျှစစ်ဆေးတဲ့အခါ အသားဖြူဆေးဆိုရင် မလိုလား အပ်တဲ့ဓာတုပစ္စည်းတွေ ထည့်တယ်။ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေပေါ့။ အဲဒီလိုမျိုးတွေ့ရင်စစ်ဆေးပြီး တစ်ခါတည်း မသုံးသင့်တဲ့ပစ္စည်းဆိုပြီး ကြေညာ လိုက်တယ်။ အခုဆိုရင် နိုင်ငံတကာအဆင့်မီ၊ အာဆီယံအဆင့်မီတဲ့ နည်းလမ်း တွေနဲ့ စစ်ဆေးနေပါတယ်။

ဒေါက်တာဒေါ်သိင်္ဂီဇင် (ညွှန်ကြားရေးမှူး၊ ဆေးဝါးဌာနခွဲ)

ဆေးဝါးဆိုတာက ကျန်းမာရေးမှာမရှိမဖြစ်အသုံးပြုရတာပါ။ ဆေးကုတယ်ဆိုတာက ဆရာဝန်ရောဂါရှာပြီးတာနဲ့ ထိရောက်ပြီး အရည်အသွေး အာနိသင်ရှိတဲ့ဆေးဝါးနဲ့ကုသမှ ရောဂါကပျောက်ကင်းမှာဖြစ်ပါတယ်။ ဒီလို အရည်အသွေးအာနိသင်ကောင်းမွန်တဲ့ ဆေးဝါးရရှိဖို့ ကြီးကြပ်ကွပ်ကဲပြီး လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ နိုင်ငံတော်မှာပြဋ္ဌာန်းထားတဲ့ အမျိုးသားဆေးဝါး ဥပဒေရဲ့အမိန့်ကြော်ငြာစာတွေနဲ့အညီ ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကို တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီးအလိုက် အဆင့်ဆင့် ဆောင်ရွက်နေပါတယ်။

ဒီဥပဒေအရ ဆေးဝါးတွေ ပြည်တွင်းကို တင်သွင်းမယ်၊ ထုတ်လုပ်တော့ မယ်ဆိုရင် မှတ်ပုံတင်ရပါတယ်။ ဆေးဝါးတင်သွင်းမယ်ဆိုရင်လည်း တင်သွင်း ခွင့်လိုင်စင်လျှောက်ရသလို၊ ထုတ်လုပ်မယ်ဆိုရင်လည်း ထုတ်လုပ်ခွင့် လိုင်စင် လျှောက်ရပါတယ်။ ဆေးဝါးဆိုတာက ထုတ်လုပ်တဲ့သူက ဘယ်လောက်ပဲ ကောင်းအောင် ထုတ်ထုတ် ဈေးကွက်တင်သွင်းတဲ့နေရာမှာ သိုလှောင်တာပဲ ဖြစ်ဖြစ်၊ ဖြန့်ဖြူးတာပဲဖြစ်ဖြစ် စနစ်မရှိဘူးဆိုရင် ပျက်စီးတာတို့၊ စံမမီတာတို့ ဖြစ်တတ်ပါတယ်။ ထုတ်လုပ်တယ်၊ တင်သွင်း တယ်၊ ဖြန့်ဖြူး တယ်၊ ရောင်းချမှု ပြုလုပ်တဲ့လုပ်ငန်းအဆင့်ဆင့်ကို ကြပ်မတ်ဆောင်ရွက်နေ ပါတယ်။

ဒေါက်တာထက်အောင်(လက်ထောက်ညွှန်ကြားရေးမှူး၊ အစားအသောက်ဌာနခွဲ)

အစားအသောက်ဌာနခွဲ၊ သွင်းကုန် ထုတ်ကုန်ဌာနစိတ် အနေနဲ့ မြန်မာ ပြည်ထဲ ကိုဝင်လာတဲ့ အစားအသောက်တွေနဲ့ပတ်သက်ပြီး တင်သွင်းလာတဲ့ အစားအသောက်တွေကို သွင်းကုန်လိုင်စင်ထောက်ခံချက်ပေးရပါတယ်။ ပြီးရင် စီးပွားကူးသန်းမှာ လိုင်စင်လျှောက်ပြီး တင်သွင်းလာတဲ့ စားသောက် ကုန်တွေကို တင်သွင်းကျန်းမာရေးထောက်ခံချက်ပေးရပါတယ်။

ပို့ကုန်ပိုင်းနဲ့ပတ်သက်ပြီး လည်း ပို့ကုန်လိုင်စင်ထောက်ခံချက်ရယ်၊ ပို့ကုန်ကျန်းမာရေးထောက်ခံချက် တွေထုတ်ပေးပါတယ်။ ဈေးကွက်ထဲမှာ ပြည်သူတွေ အဓိကထားစားသုံးနေတဲ့ အခြေခံစားသောက်ကုန်တွေကို ရုတ်ခြည်းစစ်ဆေးတာရှိတယ်။ နယ်လှည့် ယာဉ်တွေနဲ့လည်း အရေးပေါ်စစ်ဆေးတာရှိပါတယ်။ အထူးသဖြင့် လုပ်နေတာတော့ ခွင့်မပြုဆိုးဆေးတွေသုံးတာ၊ သတ်မှတ် ဆိုးဆေးပမာဏ ထက် ကျော်လွန်အသုံးပြုနေတာတွေကို လှည့်လည်စစ်ဆေးနေပါ တယ်။ နောက်ပြီး ကျောင်းကျန်းမာရေးအနေနဲ့ ကျောင်းနေအရွယ်ကလေးတွေ မစားသုံးသင့်တဲ့ အရောင်ပါတဲ့အစားအစာတွေကို စစ်ဆေးပြီး အရေးယူဆောင်ရွက်တာ တွေရှိပါတယ်။

ပြည်သူလူထု၏အကျိုးစီးပွားကို ကာကွယ်ရန် ဆေးဝါးအတုပြုလုပ်ဖြန့်ဖြူးရောင်း ချသူများကို အမြစ်ပြတ်ချေမှုန်းတိုက်ဖျက်

28-9-2016

ပြည်သူလူထု၏အကျိုးစီးပွားကို ကာကွယ်ရန် ဆေးဝါးအတုပြုလုပ်ဖြန့်ဖြူးရောင်း ချသူများကို အမြစ်ပြတ်ချေမှုန်းတိုက်ဖျက်

လူသားအားလုံးအတွက် အမြဲတစေ အနှောင့်အယှက်ပေးနေသော ဆေးဝါးအတုအပလုပ်ငန်းများ နိဂုံးချုပ်သွားစေရန်နှင့် ပြည်သူလူထုအားလုံး၏ ကျန်းမာရေးကို ရှေးရှုပြီး BPI ဆေးဝါးများအား အတုပြုလုပ်၍ ရောင်းချ ဖြန့်ဖြူးနေသူများကို စက်မှုဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ပူးပေါင်း၍ ဖော်ထုတ်အရေးယူမှုနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။

ဆေးဝါးစက်ရုံ(အင်းစိန်) ယခင် BPI စက်ရုံသည် ဆေးဝါးအမယ်သစ်များ တိုးချဲ့ထုတ်သွားရန်အတွက် ဈေးကွက်သုတေသနပြုလုပ်စဉ် ဈေးကွက်အတွင်း မသင်္ကာဖွယ်ဆေးဝါးအတုများကို သတိပြုမိခဲ့ပြီး စုံစမ်းခဲ့ရာ BPI စက်ရုံထုတ်ဆေးဝါးများကို အတုအပပြုလုပ်ပြီး ဖြန့်ဖြူးရောင်းချနေကြောင်း သိရှိရသည့်အတွက် သြဂုတ် ၃၁ ရက်မှစ၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဗိုလ်ချုပ်ဈေးနှင့် ရွှေပြည့်စုံဈေးတို့တွင် မသင်္ကာဖွယ်ဆေးဝါးအတုများကို ဖမ်းဆီးခဲ့ရာ ဆေးဝါးအတုမျိုးစုံ ၄၄ မျိုး၊ တံဆိပ်အတုစုစုပေါင်း ၁၈ မျိုး၊ သက်တမ်းလွန် ဆေးဝါး ၉၈ မျိုးနှင့် သံသယဖြစ်ဖွယ်ဆေးဝါး ၂၁ မျိုးတို့ သိုလှောင်ထားခြင်း နှင့် ဆေးဝါးတံဆိပ်အတုများပြုလုပ်ရာတွင် အသုံးပြုသော ဖလင်ပြားများနှင့် ဆေးဝါးအတုပြုလုပ်ရာတွင် အသုံးပြုသော ကုန်ကြမ်းများဖြစ်သည့် Gripe Mixture သောက်ဆေးရည်အတု၊ Glucose ဆေးမှုန့်အတုနှင့် အရက်ပြင်းများကို သိမ်းဆည်းရရှိခဲ့သည်။ ဆေးဝါးအတုနှင့် သက်တမ်းလွန်ဆေးဝါးများ စုစုပေါင်း တန်ဖိုးငွေကျပ် ၂ ဒသမ ၈ဝ၇ ဘီလီယံဖိုး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

BPI သက်တမ်းလွန်ဆေးဝါးများ အများဆုံးသိမ်းဆည်းရမိခြင်းနှင့် ပတ်သက်ပြီး စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ''BPI ဆေးဝါးနဲ့ပတ်သက်ပြီး သူ့ရဲ့သက်တမ်းကို ဆေးရဲ့အမျိုးအစားအလိုက် ကျွန်တော်တို့ အများဆုံး သုံးနှစ်အထိ ပေးပါတယ်။ သက်တမ်းလွန်သွားရတဲ့ အကြောင်းရင်းကတော့ ရောင်းချတဲ့သူတွေအနေနဲ့ ပျံ့ပျံ့နှံ့နှံ့ မရောင်းနိုင်ဘူး။ အဲဒီလိုဖြစ်တဲ့အခါ ရောင်းချရန် သိုလှောင်ထားတဲ့ ဆေးဝါးပစ္စည်းတွေဟာ သက်တမ်းလွန်သွားတာတွေရှိတယ်။ ဥပမာ ရွှေစကား ဆေးဝါးရောင်းဝယ်ရေးကုမ္ပဏီဟာဆိုရင် အရင်က ကျွန်တော်တို့ BPI ဆေးဝါးစက်ရုံရဲ့ တစ်ဦးတည်းကိုယ်စားလှယ်ရယူထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ဆေးဝါးတွေကို ပျံ့ပျံ့နှံ့နှံ့ မရောင်းနိုင်ပါဘူး။ အဲဒီအချိန်မှာပဲ ဆေးဝါးအတုတွေဟာ ဈေးကွက်ထဲကို ဈေးနှုန်းသက်သာစွာနဲ့ ဝင်လာတဲ့အတွက် သူ့အနေနဲ့ စီးပွားရေးတွက်ခြေမကိုက်ဘူး။ နောက်ပြီး ဆေးတွေမရောင်းရတဲ့ အတွက် သူသိုလှောင်းထားတဲ့ ဆေးဝါးတွေဟာ သက်တမ်းလွန်သွားပါတယ်။ သူ ဒါကိုတော့ ထိန်းသိမ်းထားတယ်။ အဲဒီအပေါ်မှာ ဘယ်လိုဆောင်ရွက်မလဲ ဆိုတာကတော့ အခုမှသိရတဲ့အတွက် ကျွန်တော်တို့ စစ်ဆေးဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ နောက်ပြီး သူတို့အနေနဲ့ ဆေးဝါးဥပဒေပါပြဋ္ဌာန်းချက်တွေ ကို သိရှိနားလည်ဖို့လိုပါတယ်။ မသိလို့ လုပ်မိတယ်ဆိုပေမယ့် ဥပဒေအရတော့ ခွင့်လွှတ်မှာမဟုတ်ပါဘူး။ ထိုက်သင့်တဲ့ အရေးယူမှုတော့ ခံယူရမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဒီလိုမဖြစ်အောင်လည်း အခုဆိုရင် ဆေးဝါးအရောင်းကိုယ်စားလှယ်ကြီးတွေ ငါးဦးအထိပေးထားပါတယ်။ သူတို့ကိုလည်း ဥပဒေအတိုင်းလုပ်ပါ။ အခက်အခဲတွေရှိရင်လည်း ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင် ရွက်ပေးပါဆိုပြီး ရှင်းပြထားပါတယ်။ အရောင်းကိုယ်စားလှယ်တွေအနေနဲ့ ဆေးဝါးတွေ သက်တမ်းကုန်ပြီဆိုရင် သက်ဆိုင်ရာ ဆေးဝါးကုမ္ပဏီတွေကို ချက်ချင်းအကြောင်းကြားပြီး ဖျက်ဆီးဖို့ ပြောရပါမယ်''ဟု ၎င်း၏ အမြင်ကို ပြောသည်။

''အဓိက ဒီ BPI ဆေးဝါးအတုတွေကို စက်မှုဝန်ကြီးဌာန BPI ဆေးဝါး စက်ရုံနဲ့ ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်း ပြီးတော့ ဖမ်းဆီးတာဖြစ်ပါတယ်။ ကျွန်တော်တို့အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနအနေနဲ့ကတော့ သူတို့ဖမ်းဆီးရမိတဲ့ ဆေးဝါးတွေကို ကျွန်တော်တို့ဆီကို နမူနာပို့တယ်။ အဲဒီနမူနာကို သုံးမျိုးစစ်ဆေးပါတယ်။ ပထမဦးဆုံးတစ်မျိုးအနေနဲ့ မျက်မြင်နဲ့ စစ်ဆေးတယ်။ နောက်ဓာတ်ခွဲစစ်ဆေး တယ်။ ဓာတ်ခွဲစစ်ဆေးတဲ့နေရာမှာလည်း BPI ဆေးဝါးစက်ရုံမှာရှိတဲ့ Retain Sample လို့ခေါ်တဲ့ အရန်ဆေးဝါးတွေနဲ့ တိုက်ဆိုင်စစ်ဆေးကာ Quality Control Lab တွေနဲ့ ဓာတ်ခွဲစစ်ဆေးပါတယ်။ ဆေးဝါးအတုတွေဖော်ထုတ်တဲ့ နေရာမှာ စက်မှုဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတွေနဲ့ ပူးပေါင်း ပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ ဒီပွဲအနေနဲ့ ကျွန်တော်တို့ကတော့ စက်မှုဝန်ကြီးဌာနကို ပူးပေါင်းကူညီတဲ့သဘောပါပဲ။ FDA အနေနဲ့ကတော့ ဆေးဝါးအတုတွေ၊ စံမညီဆေးဝါးတွေ၊ ရောနှောဆေးဝါးတွေ၊ သက်တမ်းလွန်ဆေးဝါးတွေ အဲဒါတွေကို ထိန်းချုပ်နေတာပါပဲ။ ဒါပေမယ့် FDA တစ်ခုတည်းတင်မဟုတ်ဘဲ နဲ့ မိမိသက်ဆိုင်ရာ ကုမ္ပဏီတွေအနေနဲ့လည်း မိမိဆေးဝါးတွေကို ဖြန့်ဖြူး ပြီးပြီဆိုတာနဲ့ ဈေးကွက်ထဲကို ဆင်းသင့်ပါတယ်။ ကိုယ်ထုတ်လိုက်တဲ့ ဆေးဝါး တစ်ခုဟာ အတုဖြစ်နေလား၊ မဖြစ်ဘူးလားဆိုတာကို မိမိကိုယ်တိုင်လည်း သိသင့်ပါတယ်။ ကိုယ့်ရဲ့ပစ္စည်းကို ဈေးကွက်ထဲမှာ လေ့လာပြီးတော့ အတုဆိုရင် ကျွန်တော်တို့ဆီ ပို့ပြီးတော့ စစ်ဆေးခွင့်ရှိပါတယ်။ ၎င်းတို့ကိုယ်တိုင်လည်း တရားစွဲဆိုခွင့်ရှိပါတယ်။ အဲဒါမျိုးလေးတွေတော့ အကြံပေးချင်ပါတယ်''ဟု အစားအသောက်နှင့် ဆေးဝါးထုတ်လုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာဥက္ကာဖြိုးက ပြောသည်။

ဆေးဝါးအတုအပများ ဈေးကွက်အတွင်းဝင်မလာစေရန်နှင့် ပတ်သက်၍ Medi-Tech Biz Co., Ltd. မှ Chairman and Founder ဒေါက်တာမင်းဇော် က ''ဆေးဝါးအတုဆိုတာကတော့ BPI ဆေးဝါးမှ မဟုတ်ပါဘူး။ ကျန်တဲ့ ဆေးဝါးတွေမှာလည်း အတုတွေရှိပါတယ်။ အခုအခါမှာတော့ BPI ဆေးဝါး ကုမ္ပဏီအနေနဲ့ အတုအပတွေကို ဖော်ထုတ်ပြီး လိုက်လံသိမ်းဆည်းတဲ့အတွက် နိုင်ငံတော်အတွက်ရော၊ ပြည်သူအတွက်ရော ကောင်းပါတယ်။ အဓိကကတော့ ပထမအချက်အနေနဲ့ ပြည်သူထူထုကို အန္တရာယ်ဖြစ်စေမယ့် ဆေးဝါးအတု တွေ ဈေးကွက်အတွင်း ဝင်မလာစေဖို့နဲ့ ဒုတိယအချက်ကတော့ BPI ရဲ့ Brand ကို ပိုမိုခိုင်မာအောင် ပြန်ပြီးတော့ မြှင့်တင်တဲ့သဘောပါ။ သောက်ဆေး၊ လူးဆေးကတော့ ဆေးဝါးအတုလုပ်ဖို့လွယ်ပြီး ထိုးဆေးကတော့ ခက်ပါတယ်။ ထိုးဆေးကျတော့ တခြားနိုင်ငံက ဝင်လာတဲ့ဆေးကို ဈေးပိုရအောင် BPI တံဆိပ်ကပ်လိုက်တယ်။ ဆေးဝါးအတုတွေ ဈေးကွက်အတွင်း ဝင်မလာဖို့ဆိုတာကတော့ သက်ဆိုင်ရာတွေအနေနဲ့ ပုံမှန်စစ်ဆေးဖို့လိုပါတယ်။ ပြည်သူလူထု အနေနဲ့ ဆေးဝါးအတုလို့သိပြီး မသင်္ကာဖြစ်ရင် သက်ဆိုင်ရာကို အကြောင်းကြားပြီး ပူးပေါင်းဆောင်ရွက်ပေးဖို့လိုပါတယ်။ သက်ဆိုင်ရာကလည်း ပြည်သူတွေ ဆက်သွယ်လို့ရမယ့် လမ်းကြောင်းတွေ ဖွင့်ပေးဖို့လိုပါတယ်။ နောက်ပြီး BPI ဆေးဝါးကုမ္ပဏီအနေနဲ့ BPI တံဆိပ်နဲ့ပတ်သက်ပြီး တစ်နှစ်ကို လေးကြိမ်လောက် စစ်ဆေးပြီး ကျွန်တော်တို့ တံဆိပ်ကတော့ ဒီလိုပုံစံမျိုးပါ။ ဆင်တူ ယိုးမှားတွေ သတိပြုပါဆိုပြီးတော့ ကြေညာသင့်ပါတယ်''ဟု ၎င်း၏ အမြင်ကို ပြောသည်။

''အခုလိုဆေးဝါးအတုတွေ သိမ်းဆည်းရမိခြင်းအားဖြင့် မြန်မာနိုင်ငံ အနေနဲ့လည်း အများကြီးကောင်းပါတယ်။ နိုင်ငံခြားကနေ အတုတွေ တင်သွင်းလာတာရှိတယ်။ ပြည်သူတွေကလည်း မသိတဲ့အတွက် အဲဒီအတုတွေကို သုံးဖြစ်တယ်။ အခုလိုသိရှိရတဲ့အတွက် အစိုးရအနေနဲ့လည်း နောက်ပိုင်းဆိုရင် ပစ္စည်းအစစ်တွေကို ပြည်သူတွေဆီကိုရောက်အောင် ပို့ပေးနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီတွေအနေနဲ့လည်း ဒီပစ္စည်းအစစ်တွေကို ဖြန့်ရတဲ့အတွက် အများကြီးဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်တွေကို ဝန်ကြီးဌာနအနေနဲ့ တင်ဒါခေါ်ပြီး ကုမ္ပဏီရဲ့ နားလည်တတ်ကျွမ်းတဲ့ အပေါ်မူတည်ပြီး ရွေးချယ်ပါတယ်။ ဆေးဝါးအတုတွေ ဈေးကွက်မှာ ရှိနေတယ်ဆိုတာကတော့ ပြည်သူတွေလည်း တချို့တော်တော်သိနေကြပါတယ်။ ဒါပေမယ့် အခု သေသေချာချာထိထိရောက်ရောက် အရေးယူတာတွေကိုတော့ အရင်တုန်းက မကြုံဖူးပါဘူး။ အခု ဒီကိစ္စနဲ့ပတ်သက်ပြီး သေသေချာချာ လုပ်လာတဲ့အတွက် ပိုပြီးတော့ကောင်းလာမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ Bio Trust Myanmar အနေနဲ့ကတော့ အတတ်နိုင်ဆုံး ဒီဆေးဝါးတွေ နဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံး ဆေးဝါးအစစ်အမှန်တွေ ပြည်သူတွေဆီ ရောက်အောင် ဖြန့်ပေးဖို့ သေသေချာချာစီစဉ်ဆောင်ရွက်နေပါတယ်''ဟု Bio Trust Myanmar Co., Ltd. မှ အထွေထွေမန်နေဂျာ ဦးမင်းဇော်ထွန်းက ပြောသည်။

စက်မှုဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ BPI ဆေးဝါးအတုပြုလုပ်ရောင်းချသူ ခုနစ်ဦး၊ ဆေးဝါးအတု ပြုလုပ်သူ လေးဦး၊ တံဆိပ်အတုပြုလုပ်သူ နှစ်ဦးနှင့် သက်တမ်းလွန်ဆေးဝါး သိုလှောင် ထားသူ တစ်ဦး စုစုပေါင်း ၁၄ ဦးအား ဖမ်းဆီးခဲ့ပြီး ဥပဒေနှင့်အညီ ထိုက်သင့်သော ပြစ်ဒဏ်များပေးနိုင်ရန်အတွက် ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ဆေးဝါးအတု ပြုလုပ်ဖြန့်ဖြူးရောင်းချနေသူများကို အမြစ်ပြတ်ချေမှုန်း တိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ ယင်းအပြင် ဆေးဝါးအတုများကို တစ်ဆင့်ဝယ်ယူရောင်းချသူများကို မြေပြင်စစ်ဆေးဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

၁၉၅၈ ခုနှစ်မှစ၍ နှစ်ပေါင်း ၆ဝ နီးပါးခန့်ရှိနေပြီဖြစ်သော စက်မှုဝန်ကြီး ဌာနကြီးကြပ်မှုအောက်ရှိ ဆေးဝါးစက်ရုံ(အင်းစိန်) ယခင် BPI စက်ရုံသည် ပြည်သူလူထုအတွက် ထိုးဆေး၊ သောက်ဆေးအမျိုးမျိုးနှင့် ပဋိဇီဝပိုးသတ်ဆေးများကို ထုတ်လုပ်လျက်ရှိပြီး ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုပေးနိုင်ရန် ဆေးဝါးအမယ်သစ်များ တိုးချဲ့ထုတ်လုပ်ရန်အတွက် New BPI Project ကို ၂ဝ၁၃ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ရာ ၉၉ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်၍ မကြာမီ ဆေးအမယ်သစ်များ တိုးချဲ့ထုတ်လုပ်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။