September 2018

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ Networking & Refreshment Day

22-3-2018

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ Networking & Refreshment Day

 

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ နှစ်လတစ်ကြိမ်ကျင်းပမြဲဖြစ်သော Networking & Refreshment Day ကို ၂၀၁၈ခုနှစ်၊ မတ်လ (၂၂)ရက်နေ့က UMFCCI စတုတ္ထထပ်မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီအစီအစဉ်မှာ abc Group ရဲ့ Managing Director ဖြစ်ပြီး၊ လက်လီအသင်းရဲ့ ဒုဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်တဲ့ ဒေါ်ဝေသစ်လွင်က Marketing in Retail ဆိုတဲ့ခေါင်းစဉ်နဲ့ သူရဲ့ လက်လီလုပ်ငန်းအတွေ့အကြုံကို သာမက၊

သူလုပ်ကိုင်နေတဲ့ ထုတ်လုပ်ခြင်း၊ ဖြန့်ချိရောင်းချခြင်းနဲ့ အမှတ်တံဆိပ်တည်ဆောက်ခဲ့တဲ့ အတွေ့အကြုံတွေကိုပါ ထည့်သွင်းပြီး ပေါ့ပေါ့ပါးပါး ရှင်းရှင်းလင်းလင်း ဆွေးနွေးပို့ချပေးခဲ့ပါတယ်။

မအားလပ်တဲ့ကြားက အချိန်ပေးခဲ့တဲ့ ဒေါ်ဝေသစ်လွင်ကို မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းအနေနဲ့ အထူးကျေးဇူးတင်ရှိပါကြောင်းနဲ့၊ မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း ....

တက်ရောက်ခဲ့ကြတဲ့ ဧည့်ပရိတ်သပ်များ၊ အထူးသဖြင့် နေရာမရ၍ မတ်တပ်ရပ်ပြီး နားဆင်ခဲ့ကြသူများကိုလည်း ကျေးဇူးတင်ပါကြောင်းနဲ့၊ ဧည့်ဝတ်မကျေရှိခဲ့ပါက ခွင့်လွှတ်နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။