25-7-2016

ပထမအကြိမ် မြန်မာလက်လီရောင်းချခြင်း ဆိုင်ရာကုန်စည်ပြပွဲ နှင့် တတိယအကြိမ် မြန်မာ့ စားသောက်ကုန် အဖျော် ယမကာ ကုန်စည်ပြပွဲ

ပထမအကြိမ် မြန်မာလက်လီရောင်းချခြင်း ဆိုင်ရာကုန်စည်ပြပွဲ နှင့် တတိယအကြိမ် မြန်မာ့ စားသောက်ကုန် အဖျော် ယမကာ ကုန်စည်ပြပွဲကို ရန်ကုန်ုမြို့၊ ဦးဝိစာရလမ်းပေါ်ရှိ တပ်မတော် ခန်းမတွင် ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၈ ရက်မှ ၂၀ ရက်ထိ ကျင်းပပါမည်။

ပြပွဲ၏ ထူးခြားချက်များအဖြစ် လက်လီရောင်းဝယ်ရေး ကုန်ပေးသွင်းသူများနှင့် ပြည်တွင်း၊ ပြည်ပ မှ လုပ်ငန်းရှင်များ ပြသကြမည်ဖြစ်ပြီး အထူးသဖြင့် ထိုင်းပြကွက်တွင် ကုမ္မဏီပေါင်း ၃၅ ခု ပါဝင်ပြသထားပါသည်။ ၎င်းတို့အပြင် မြန်မာစားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်း၏ နေ့လယ်စာ ထမင်းဗူး ပြင်ဆင်ခြင်း ပြိုင်ပွဲ၊ မြန်မာ့ ဟင်းလျက်ချက်ပြိုင်ပွဲ၊ ဘားတင်ဒါ၊ ပါရိစတား ပြပွဲတို့ကို ရှု့စားရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ လက်လီရောင်းချသူများ အသင်း၏ စီစဉ်မှုဖြင့် မြန်မာ လက်လီလုပ်ငန်းဆိုင်ရာ ပြန်လည်သုံးသက်ချက်နှင့် လမ်းကြောင်းသစ်များ၊ ဆန်းသစ်သည့် လမ်းကြောင်းနှင့် ဆိုင်းဘုတ် ဒီဇိုင်းများ၊ ဆန်းသစ်သည့် ဈေးဝယ်လမ်းကြောင်းသစ်၊ သယ်ယူပို့ဆောင်ရေးနှင့် ပြဿနာ အဖြေများ၊ ဘားကုတ်အသုံးပြုခြင်းနှင့် RFID နည်းပညာ၊ အခွန်ကိစ္စ အောင်မြင်စေရန် ဆော့ပ်ဝဲနှင့်နည်းပညာကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှု၊ ငွေကြေးကိုင်တွယ်မှုနှင့် လုံခြုံရေး တိုးတက်လာစေရန် မည်ကဲသို့ ဆောင်ရွက်မည်နည်း၊ အနာဂတ် ဝင်ငွေမြင့်မားလာသည့် လူလတ်တန်းစား စားသုံးသူ အပြုအမှု ပြောင်းလဲခြင်းနှင့်ပတ်သက်၍ ရှု့ထောင့် အမြင် အပြန်အလှန်ဆွေးနွေးခြင်း စသည့် အကြောင်းအရာများပါဝင်သည့် အခမဲ့ တက်ရောက်နိုင်သည့် လက်လီရောင်းဝယ်ရေး လုပ်ငန်း ဟောပြောပွဲ တို့သည်လည်း လက်မလွတ်သင့်သော ထူးခြားချက် ဖြစ်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်