လက်လီလုပ်ငန်းဆိုင်ရာ လေ့လာရေး ခရီးစဉ်

မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်းမှ ဦးဆောင်ပြုလုပ်သည့် လက်လီလုပ်ငန်းဆိုင်ရာ လေ့လာရေးခရီးစဉ်

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (Myanmar Retailers Association, MMRA)သည်။ ဖွံဖြိုးတိုးတက်လာသော လက်လီကဏ္ဍအတွက် လိုအပ်သော လူ့စွမ်းအား အရင်းအမြစ်များ ရရှိစေရန် ရည်ရွယ်၍ လိုအပ်သောစီမံခန့်ခွဲမှု သင်တန်းများ၊ အရောင်းပိုင်းဆိုင်ရာသင်တန်းများ၊ ဝန်ဆောင်မှု သင်တန်း များ ကို ဖွင့်လှစ်လျက်ရှိပါသည်။

ယခုအခါ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း မှ ဦးဆောင်၍ လက်လီလုပ်ငန်းဆိုင်ရာ လေ့လာရေး ခရီးစဉ်ကို ပြုလုပ်သွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိ Retail Business ကို ဦးဆောင်နေသော လုပ်ငန်းများတွင် မည်ကဲ့သို့ လည်ပတ်လုပ်ဆောင်နေသည်ကို သိရှိနိုင်ရန် အတွက် လက်လီလုပ်ငန်းများတွင် ခြားနားသည့် ပုံစံများဖြစ်သည့် Super Market ၊ Department Store ၊ Convenience Store ၊ Distribution Center နှင့် အခြား Retail လုပ်ငန်းအမျိုးအစား တခုကို သွားရောက်လေ့လာကြမည်ဖြစ်ပါသည်။

အဆိုပါ လေ့လာရေးခရီးစဉ်သို့ လက်လီလုပ်ငန်းလုပ်ကိုင်နေသူ အားလုံး လိုက်ပါသင့်ပြီး လက်လီဆိုင် တဆိုင်၏ လုပ်ငန်း လည်ပတ်မှုအား စနစ်တကျ စီမံခန့်ခွဲပုံကို သိရှိနိုင်ပြီး မိမိတို့၏ လုပ်ငန်းများ ကို လည်း တိုးတက်ရန် ဆောင်ရွက်ရာတွင် များစွာအထောက်အကူ ဖြစ်စေမည် ဖြစ်ပါသည်။

အဆိုပါ လေ့လာရေးခရီးစဉ်ကို စက်တင်ဘာလ (၁၉-၂၀)၊ ၂၀၁၇ တွင် ၂ ရက်တာ ပြုလုပ်မည် ဖြစ်ပြီး၊ ခရီးစဉ် အတွက် Tour Bus နှင့် နေ့လည်စာ ကျွေးမွေးသွားမည် ဖြစ်ပါသည်။ ခရီးစဉ်အတွက် သတ်မှတ် နှုန်းမှာ တဦးလျှင် (၁၀၀,၀၀၀) တစ်သိန်းကျပ်ဖြစ်ပါသည်။

လူဦးရေ ကန့်သတ်ထားပါသဖြင့် စိတ်ဝင်စားသူများအနေဖြင့် ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ပါသည်။ 
အသေးစိတ် အချက်လက်များ သိရှိလိုပါက 
၀၉၄၅၇၆၉၄၂၄၆ ၊ ၀၉၄၅၇၆၉၄၂၄၇ 
သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။