1-12-2016

အလုပ်သမားခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်နှင့်စပ်လျင်း၍ UMFCCI နှင့် ညီနောင်အသင်းများ၊ Industry အသီးသီးမှ HR တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ၊ (၃၀)ရက်နေ့က UMFCCI စတုထ္ထထပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့

အလုပ်သမားခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်နှင့်စပ်လျင်း၍ UMFCCI နှင့် ညီနောင်အသင်းများ၊ Industry အသီးသီးမှ HR တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ၊ (၃၀)ရက်နေ့က UMFCCI စတုထ္ထထပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။

လုပ်ငန်း သဘောသဘာဝများ မတူညီခြင်း၊ ရာထူးအဆင့်အတန်းများ မတူညီခြင်း၊ တာဝန်နှင့်ရပိုင်ခွင့်များမတူညီခြင်းတို့အတွက် စာချုပ်ပုံစံတစ်ခုတည်း တစ်သမတ်တည်း ချုပ်ဆိုရန် အခက်အခဲရှိနေသည့်အတွက် ၀ိုင်းဝန်းအဖြေရှာကြပြီး အလုပ်သမားဝန်ကြီးဌာနနှင့် တွေ့ဆုံ ညှိနှိုင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ကျင်းပပါသည်။