12-12-2015

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ၂၀၁၆-၂၀၁၈ခုနှစ် သက်တမ်းအတွက် ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်များ ရွေးချယ်ပွဲကို ယနေ့နံနက် (၉)နာရီက အောင်မြင်စွာကျင်းပ

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ၂၀၁၆-၂၀၁၈ခုနှစ် သက်တမ်းအတွက် ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်များ ရွေးချယ်ပွဲကို ယနေ့နံနက် (၉)နာရီက အောင်မြင်စွာကျင်းပခဲ့ပါတယ်။

အဆိုပါရွေးချယ်ပွဲကို UMFCCI မှ တာဝန်ရှိသူများဖြစ်ကြသော တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးအေးလွင်၊ အလုပ်အမှုဆောင် ဦးမိုးကျော်၊ ဒုတိယဥက္ကဌ (ငြိမ်း) ဦးထွန်းအေးတို့မှ ဦးစီးကျင်းပပေး ခဲ့ကြပြီး အမှုဆောင် (၃၅)ဦးကို ရွေးချယ်နိုင်ခဲ့ပါတယ်။