25-11-2015

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့( သောကြာနေ)့ Gandamar Wholesale ၊ တတိယထပ် Grand Ballroom တွင် နံနက် ၉နာရီမှ ၁၁ နာရီထိ "ကုန်သွယ်ခွန်အကြောင်းသိကောင်းစရာ" Workshop တစ်ခုပြုလုပ်ရန် စီစဉ်လျက်ရှိ

မြန်မာနိုင်ငံလက်လီရောင်းချများအသင်း (MMRA) အနေဖြင့် Supply Chain တစ်ခုလုံးတွင် ပါရှိသော ကုန်ပစ္စည်းထုတ်လုပ်သူများ၊ တင်သွင်းရောင်းချသူများနှင့် ဖြန့်ဖြူးရောင်းချသူများ၊ လက်လီရောင်းချသူများ အနေဖြင့် အခွန်ပေးဆောင်ရခြင်းနှင့် ပတ်သက်သော လုပ်ငန်းစဉ် အဆင့်ဆင့်ကို စနစ်တကျ နားလည် သဘောပေါက်စေရန် ရည်ရွယ်လျက် ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့( သောကြာနေ)့ Gandamar Wholesale ၊ တတိယထပ် Grand Ballroom တွင် နံနက် ၉နာရီမှ ၁၁ နာရီထိ "ကုန်သွယ်ခွန်အကြောင်းသိကောင်းစရာ" Workshop တစ်ခုပြုလုပ်ရန် စီစဉ်လျက်ရှိပါသည် သို့ဖြစ်ပါသောကြောင့် ကုန်ပစ္စည်းထုတ်လုပ်သူများ၊ တင်သွင်းရောင်းချသူများနှင့် ဖြန့်ဖြူးရောင်းချသူများ၊ လက်လီရောင်းချသူများ၊ ( ကုန်စည်နှင့်ဝန်ဆောင်မှုများအား အရောင်းအဝယ်ပြုလုပ်နေသူများအားလုံး 
တက်ရောက်ဆွေးနွေးပေးနိုင်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။