မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ဒုတိယအကြိမ် ဟောပြောဆွေးနွေးပွဲ[၂၃ရက်နေ့ နိုဝင်ဘာလ ၂၀၁၃ခုနစ်]
မြန်မာနိုင်ငံလက်လီရောင်းချသူများ အသင်းမှ လက်လီလုပ်ငန်း နယ်ပယ် တိုးတက်အောင်မြင်နိုင်ရေးအတွက် အရေးပါသော ဗဟုသုတများ၊ သိသင့်သိထိုက်သော သတင်း အချက်အလက်များကို အခြေခံ၍ မန္တလေးမြို့ရှိ လက်လီလုပ်ငန်းရှင်များ အတွက် အခမဲ့ဟောပြောဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) တွင် ကျင်းပခဲ့ပါသည်။ ဟောပြောပွဲအစီအစဉ်များအရ မန္တလေးတိုင်းဒေသကြီး ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း၏ ဒုဥက္ကဋ္ဌ ဦးကျော်ဝင်းမှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး လက်လီလုပ်ငန်းရှင်ပေါင်း ၂၅၀ခန့် တက်ရောက်ခဲ့ပါသည်။။