August 2016

“Networking & Refreshments DAY” ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲကို “Marketing for Retail ” ဟူသောခေါင်းစဉ်ဖြင့် U Aung Chit Khin မှ ဟောပြောဆွေးနွေး

8-2-2016

“Networking & Refreshments DAY” ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲကို “Marketing for Retail ” ဟူသောခေါင်းစဉ်ဖြင့် U Aung Chit Khin မှ ဟောပြောဆွေးနွေး

မန်မာနိုင်ငံလက်လီရောင်းချသူများအသင်း(MMRA) အနေဖြင့် - 
၁၉-၂-၂၀၁၆ နေ့ ညနေ ၃နာရီ မှ ၆နာရီ ထိ

1) လက်လီရောင်းချရေးလုပ်ငန်းများ ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်၊

2) အသင်းသားအချင်းချင်း ပိုမိုရင်းနှီးမှုရရှိပြီး 
အသိပညာများ ဖလှယ်နိုင်စေရန်၊

3) Network ပိုမိုကျယ်ပြန့်လာစေရန် ရည်ရွယ်ပြီး “Networking & Refreshments DAY” ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲကို “Marketing for Retail ” ဟူသောခေါင်းစဉ်ဖြင့် U Aung Chit Khin မှ ဟောပြောဆွေးနွေးပေးမည် ဖြစ်ပါသည်။ 
လက်လီလုပ်ငန်း လုပ်ကိုင်နေကြသော 
လုပ်ငန်းရှင်များ/ဝန်ထမ်းများ/ စိတ်ပါဝင်စားသူများအားလုံး မည်သူ မဆို
တက်ရောက် နိုင် ပါ ကြောင်း လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

(ထိုင်ခုံနေရာကန့်သတ်ထားပါသောကြောင့်
အမြန်ဆုံးစာရင်းပေးသွင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။)

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (MMRA)

ပဲခူးတိုင်းဒေသကြီး အသင်းခွဲ ဖွဲ့စည်းနိုင်ရန် ၁၀-၂-၂၀၁၆ နေ့တွင် အထွေထွေအတွင်းရေးမှုး ဦးသူရိန်ငြိမ်းမှ founder members များ နှင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ Marina Hotel တွင် တွေဆုံဆွေးနွေး

11-2-2016

ပဲခူးတိုင်းဒေသကြီး အသင်းခွဲ ဖွဲ့စည်းနိုင်ရန် ၁၀-၂-၂၀၁၆ နေ့တွင် အထွေထွေအတွင်းရေးမှုး ဦးသူရိန်ငြိမ်းမှ founder members များ နှင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ Marina Hotel တွင် တွေဆုံဆွေးနွေး

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း(MMRA)
မှ ယခုအခါ ပဲခူးတိုင်းဒေသကြီး အသင်းခွဲ 
ဖွဲ့စည်းနိုင်ရန် ၁၀-၂-၂၀၁၆ နေ့တွင် အထွေထွေအတွင်းရေးမှုး ဦးသူရိန်ငြိမ်းမှ founder members များ နှင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ Marina Hotel တွင် တွေဆုံဆွေးနွေးနေကြစဉ်။

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ပထမဆုံးအကြိမ် လက်လီအရောင်းဆိုင်ရာသင်တန်းဖွင့်လစ် ...

18-2-2016

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ပထမဆုံးအကြိမ် လက်လီအရောင်းဆိုင်ရာသင်တန်းဖွင့်လစ် ...

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ပထမဆုံးအကြိမ် လက်လီအရောင်းဆိုင်ရာသင်တန်းဖွင့်လစ် ...

အဆိုပါသင်တန်းကို စမ်းချောင်းမြို့နယ်၊ ဓမ္မစေတီလမ်းနဲ့ ဗားဂရာလမ်းထောင့်၊ ပန်းခြံတာဝါမှာရှိတဲ့ Strategy First သင်တန်း ခန်းမမှာ ကျင်းပခဲ့တာဖြစ်ပြီး .... လက်လီဆိုင်တစ်ဆိုင်ကို စီမံခန့်ခွဲနေသူတွေ၊ supervisor အဖြစ်တာဝန်ထမ်းဆောင်လိုသူတွေ အတွက် ရည်ရွယ်တယ်လို့သိရပါတယ်။

သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်ကို မြန်မာနိုင်ငံလက်လီ ရောင်းချသူများအသင်း၏ ဒုတိယဥက္ကဌ - ပညာရေးကော်မတီ ဥက္ကဌ ဒေါ်ဝေသစ်လွင်က “လက်လီရောင်းချရေးလုပ်ငန်းများ ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုစေရန် နှင့် ခေတ်သစ် လက်လီရောင်းချရေးလုပ်ငန်းစုဆိုင်ရာ အသိပညာများ လေ့လာ နိုင်ရန်” ဖြစ်ပါကြောင်းပြောကြားခဲ့ပြီး Strategy First Institute မှ ဆရာဦးအောင်ချစ်ခင် (MD/Principal) ကလည်း “ အခုလိုမျိုး အသင်းကြီးနဲ့ ပူးပေါင်းဖွင့်လှစ် ခွင့်ရတဲ့ အတွက်ဝမ်းသာပါတယ်။ နောက်ပိုင်းမှာလည်း သင်တန်းတွေကို မြန်မာနိုင်ငံရဲ့ လိုအပ်နေတဲ့ မြို့ကြီးတွေမှာ ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ် ...

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ Networking Day Event

19-2-2016

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ Networking Day Event

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏
Networking Day Event ...
"Retail Marketing" by U Aung Chit Khin

၂၁-၂-၂၀၁၆ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း(မန္တလေးတိုင်းဒေသကြီး) အပတ်စဉ် ပုံမှန် အစည်းဝေး

21-2-2016

၂၁-၂-၂၀၁၆ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း(မန္တလေးတိုင်းဒေသကြီး) အပတ်စဉ် ပုံမှန် အစည်းဝေး

၂၁-၂-၂၀၁၆ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း(မန္တလေးတိုင်းဒေသကြီး) အပတ်စဉ် ပုံမှန် အစည်းဝေးကို မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း(မန္တလေးတိုင်းဒေသကြီး) အသင်းရုံး ခန်း၌ နေ့လည် ၁ နာရီ မှ ၃ နာရီ ထိ ကျင်းပခဲ့စဉ်

Why do we need SOP ? ခေါင်းစဉ်ဖြင့် sharing session ကို အသင်းရုံးခန်း ၌ နေ့လည် ၁ နာရီ မှ ၃ နာရီ ကျင်းပပြုလုပ်ခဲ့

27-2-2016

Why do we need SOP ? ခေါင်းစဉ်ဖြင့် sharing session ကို အသင်းရုံးခန်း ၌ နေ့လည် ၁ နာရီ မှ ၃ နာရီ ကျင်းပပြုလုပ်ခဲ့

ယနေ့ ၂၇-၂-၂၀၁၆ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း ( မန္တလေးတိုင်းဒေသကြီး) မှ ကြီးမှူးကျင်းပသော Why do we need SOP ? ခေါင်းစဉ်ဖြင့် sharing session ကို အသင်းရုံးခန်း ၌ နေ့လည် ၁ နာရီ မှ ၃ နာရီ ကျင်းပပြုလုပ်ခဲ့ပါသည်

လက်ကားလုပ်ငန်းလုပ်ကိုင်မှုကဏ္ဍတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာပါက ပြည်းတွင်းလုပ်ငန်းများအပေါ်သက်ရောက်လာနိုင်သည့် အားသာချက်၊ အားနည်းချက်နှင့် စိန်ခေါ်မှုများကို ဆွေးနွေး ...

4-3-2016

GS1 Thailand မှ တာဝန်ရှိသူများ မတ်လ (၈)ရက်နေ့၊ နေ့လည်ပိုင်းမှာ လာရောက်တွေ့ဆုံ

10-3-2016

GS1 Thailand မှ တာဝန်ရှိသူများ မတ်လ (၈)ရက်နေ့၊ နေ့လည်ပိုင်းမှာ လာရောက်တွေ့ဆုံ

မြန်မာနိုင်ငံကထုတ်လုပ်တဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်တစ်ခုချင်းစီမှာ ကမ္ဘာ့စံညီ ဘားကုဒ်စနစ်ထားရှိနိုင်ဖို့ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းနဲ့ မြန်မာနိုင်ငံကွန်ပြူတာပညာရှင်များအသင်းသို့ GS1 Thailand မှ တာဝန်ရှိသူများ မတ်လ (၈)ရက်နေ့၊ နေ့လည်ပိုင်းမှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။

ကုန်ပစ္စည်းအမျိုးအစားအုပ်စုစီမံခန့်ခွဲမှု ဗဟုသုတဖလှယ်ခြင်းအစီအစဉ်

12-2-2016

ကုန်ပစ္စည်းအမျိုးအစားအုပ်စုစီမံခန့်ခွဲမှု ဗဟုသုတဖလှယ်ခြင်းအစီအစဉ်

(ကုန်ပစ္စည်းအမျိုးအစားအုပ်စုစီမံခန့်ခွဲမှု လို့ မြန်မာဘာသာပြန်ကြည့်ပါမယ်)

ဒီဗဟုသုတဖလှယ်ခြင်းအစီအစဉ်မှာ ...

ပြောင်းလဲခြင်းသဘောတရား ...

လက်လီဆိုင်တွေဆိုတာ ဈေးရောင်းတာ၊ ကုန်ပစ္စည်းတွေကို ဆိုင်မှာတင်ရောင်းတာ ဆိုတဲ့အမြင်ကနေ ... ဝယ်သူတွေဘာလိုအပ်သလဲ၊ ဝယ်သူ လိုအပ်တာတွေကို ဝန်ဆောင်မှုပေးရင်း၊ အကျိုးအမြတ်ကို ရယူမယ်ဆိုတဲ့ အမြင်ကိုပြောင်းလဲလာပါတယ်။

နောက် မိရိုးဖလာအတိုင်း ဝယ်သူလာရင်၊ ဘာအလိုရှိပါသလဲ မေးပြီးရောင်းတဲ့ ပုံစံကနေ ... ဝယ်သူတွေရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့ ဆိုင်ရဲ့ ခင်းကျင်းပုံ၊ ကုန်ပစ္စည်းအမျိုးအစားအုပ်စုခွဲခြား စီတန်းမှုပုံစံတွေ၊ စသဖြင့် ... တဖြည်းဖြည်း ပြောင်းလဲလာနေပါပြီ။

ယခုခေတ်သစ် လက်လီရာင်းချတဲ့လုပ်ငန်းမှာ Category Management (ကုန်ပစ္စည်းအမျိုးအစားအုပ်စုစီမံခန့်ခွဲမှု) ဟာလည်း အရေးပါတဲ့ လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ ပါဝင်လာပြီး၊ 4Ps ဆိုတဲ့ (1) Presentation - တင်ဆက်မှုပုံစံ၊ (2) Product Ranges - ကုန်ပစ္စည်းအမျိုးအစားတွဲစပ်မှုပုံစံ၊ (3) Promotion Plan - ရောင်းအားမြှင့်တင်ရေးအစီအစဉ် နဲ့ (4) Price Strature - ဈေးနှုန်းသတ်မှတ်မှုပုံ တွေဟာ ... category management - CM ရဲ့ လုပ်ငန်းစဉ်အစိတ်အပိုင်းတွေပါ။

ဒီလုပ်ငန်းစဉ်တစ်ခုလုံးမှာ ပါဝင်ပတ်သက်နေတဲ့သူတွေက ... Retailer (လက်လီရောင်းချသူ)၊ Supplier (ကုန်ပစ္စည်းသွင်းတဲ့သူ)၊ နဲ့ Shopper (ဈေးဝယ်သူ)တွေဖြစ်ပြီး retailer - supplier အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုဟာ CM ရဲ့ အသက်သွေးကြောပါပဲ။ ဒီနှစ်ဦးလုံးက ဈေးဝယ်သူရဲ့ လိုအပ်ချက်ပေါ်မှာ အခြေခံပြီး ကုန်ပစ္စည်းအမျိုးအစားတွေကို စီမံခန့်ခွဲ ရပါမယ်။

CM ရဲ့အဓိက ရည်ရွယ်ချက်ဟာ စားသုံးသူလိုအပ်ချက်ပေါ်မှာ အခြေခံပြီးသတ်မှတ်ထားတဲ့ ... ကုန်းပစ္စည်းအမျိုးအစားတွေရဲ့ ရောင်းအားတိုးတက်ဖို့ ဖြစ်တဲ့အတွက်၊ ပူးပေါင်းလုပ်ဆောင်တဲ့ Supplier ရဲ့ အမှတ်တံဆိပ်ရဲ့ ရောင်းအားကလည်း တိုးလာမှာပါ။

ဆိုတဲ့ သဘောတရားတွေကို ရှင်းသွားခဲ့ပါတယ် ....

"ပြောင်းလဲလာမည့်လက်လီလုပ်ငန်းအသွင်အပြင်"တက်ရောက်ပါရန် ဖိတ်ကြားခြင်း

14-3-2016

"ပြောင်းလဲလာမည့်လက်လီလုပ်ငန်းအသွင်အပြင်"တက်ရောက်ပါရန် ဖိတ်ကြားခြင်း

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ ကြီးမှူးကျင်းပမည့် ... "ပြောင်းလဲလာမည့်လက်လီလုပ်ငန်းအသွင်အပြင်" ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲကို ပဲခူးမြို့၊ သိရိဟံသာခန်းမတွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားမည်ဖြစ်ပါ၍ လက်လီလုပ်ငန်းရှင်းများ၊ စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။

နေ့ရက် - ၂၀ . ၃ . ၂၀၁၆ (တနင်္ဂနွေနေ့)
အချိန် - နေ့လည် (၂)နာရီမှ (၅)နာရီ အထိ
နေရာ - သီရိဟံသာခန်းမ၊ ပဲခူးတိုင်းဒေသကြီး
ဆက်သွယ်ရန် - ၀၉ ၃၁၄ ၂၂၅၅၅/ ၃၁၄ ၂၂၇၇၇/ ၄၅၃၄ ၈၉၁၇၇