abc store မဝေသစ်လွင်နှင့် တွေ့ဆုံခြင်း
abc store မဝေသစ်လွင်နှင့် တွေ့ဆုံခြင်း
မး ။ ။ မဝေသစ်လွင် မင်္ဂလာပါ။ အစ်မရဲ့ abc Convenience Store အကြောင်း မိတ်ဆက်ပြောပြပေးပါ။
ဖြေ ။ ။ ဟုတ်ကဲ့ ပါရှင့် မင်္ဂလာပါ။ ကျွန်မနာမည်ကတော့ ဝေသစ်လွင်လို့ခေါ်ပါတယ်။ ကျွန်မကabc Convenience Store Chain ရဲ့ Managing Director ပါ။ ကျွန်မတို့ abcကိုဘယ်လိုစဖြစ်ခဲ့လည်းဆိုလို့ရှိရင် abcဟာ ကျွှန်မစခဲ့တဲ့ Business တော့ မဟုတ်ပါဘူး။ ကျွှန်မယောကျာ်းစခဲ့တဲ့ Business ပါ။ ၂၀၀၇မှာပေါ့နော် …ကျွန်မယောကျာ်းကဒီ Convenience Store Chain ပေါ့နော်..24နာရီ ဖွင့်တဲ့ Convenience Store Chain ကိုစပြီးဖွင့်ချင်တယ်ဆိုပြီးတော့ ၂၀၀၇ခုနှစ် အောက်တိုဘာလ(၁) ရက်နေ့မှာ ကျွန်မတို့ ပထမဦးဆုံး စတင်ပြီးဖွင့်လှစ်ခဲ့ပါတယ်။ အဲဒါကစမ်းချောင်းထဲမှာဖွင့်ခဲ့တာပါ။ ဒီနေ့ထိလည်းအဲဒီနေရာမှာ ရှိနေပါသေးတယ်။
ကျွန်မတို့ကအဓိကကဘာလုပ်ချင်တာလဲဆိုတော့ လူတွေကိုတိုးတက်ပြောင်းလဲလာတဲ့ lifestyle အတိုင်းပဲလူတွေက တဖြည်းဖြည်းညဖက်ကိုပိုပြီး အပြင်ထွက်လာကြတယ်။ အဲဒီအတွက် ၂၄နာရီဖွင့်
တဲ့ဆိုင်တွေကိုအလိုရှိလာကြတယ်။ အဲဒီအတွက်ကြောင့် ဒီလိုဆိုင်မျိုးတွေကိုစဖွင့်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၇ခုနှစ်နောက်ပိုင်းမှာ အဲကွန်းရှိတဲ့ဆိုင်ဆိုတာက supermarket အပြင် တခြားAircornရှိတဲ့ဆိုင် ဆိုတာ
အင်မတန်ကိုနည်းပါတယ်။ နောက်ပြီးတော့ ဈေးနှုန်းကပ်ရောင်းတဲ့ ဘယ်ပစ္စည်းကဘယ်ဈေးဆိုတဲ့ Selfserviceဆိုင်မျိုးကအင်မတန်ကိုနည်းပါတယ်။ အဲဒါကြောင့် ဒီလို Service တွေပေးဖို့အတွက် ကိုabcConveniece Store ကိုစတင်လုပ်ကိုင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ နောက်တစ်ခု ကျွန်မတို့ရဲ့ ရည်ရွယ်ချက် က အလုပ်အကိုင် အခွင့်အလမ်းတွေပေးဖို့ပေါ့နော်။ အလုပ်လုပ်ချင်တဲ့ကျောင်းသားလူငယ်များ ကိုအလုပ်ပေးဖို့ဆိုပြီးရည်ရွယ်ပြီးတော့လည်းဒီabc Convenience Store ကိုလုပ်ခဲ့တာဖြစ်ပါတယ်။
မေး ။ ။ abc ရဲ့ program အကြောင်းကိုလည်း ရှင်းပြပေးပါ။
ဘယ်လိုမျိုး လဲဆိုရင် ကျွန်မတို့ဆီမှာ 4 years Program ဆိုပြီးရှိပါတယ်။ ဆယ်တန်းအောင်၊ ဆယ်တန်းမအောင်တဲ့ ကလေးတွေ အစရှိသဖြင့် အထူးသဖြင့် ဆယ်တန်းမအောင်တဲ့ကလေးတွေ ရောအခုမှအောင်တဲ့ ကလေးတွေ ရော တက္ကသိုလ် တက်တဲ့အချိန်မှာအလုပ်ရှာရ အင်မတန်အခက်အခဲဖြစ်ပါတယ်။ ဘာလို့လဲဆိုရင်တစ်နှစ်ကို တစ်လ နှစ်လဆိုတဲ့ စာမေးပွဲပြန်ဖြေရတဲ့အခါ အင်မတန်အလုပ်ရှားတဲ့အတွက်ကြောင့် ဒီကလေးဒီကလေး တွေကို အဓိက အလုပ်ပေးချင်တာကြောင့်လည်း ဆိုင်တွေကို ဆက်လက်ဖွင့်လှစ်ဖြစ်ခဲ့တာပါပါတယ်။ ဒီကလေးတွေကို ကျွန်မတို့ ဘယ်လိုလုပ်ပေးလဲဆိုရင် စ၀င်ကတည်းက နေစရိတ်ပေးပါတယ်။ နေစရာပေးပါတယ် ။အလုပ်ပေးပါတယ်။ Overtime ပေးပါတယ်။ Performance Target ပေးပါတယ်။ Performance Allowance ပေးပါတယ်။ အဲဒါတွေအပြင် ပထမသုံးလအတွင်းမှာ ကွန်ပျူတာကိုကျွမ်းကျွမ်း ကျင်ကျင် ကိုင်နိုင်အောင်ရယ် ၊အင်္ဂလိပ်စာရယ်ကို သင်ပေးတာရှိပါတယ်။ ပြီးရင် ပထမသုံးလကနေ နောက်ခြောက် လပြည့်တဲ့အခါ CashCounter ကိုဘယ်လို ကျွမ်းကျွမ်းကျင်ကျင်ကိုင်ရမယ်။ ဈေးကိုဘယ်လိုရောင်းရမယ်ဆိုတာသေသေချာချာသိအောင် ဈေးရောင်း ရင်းနဲ့ အသက်မွေးဝမ်းကျောင်းလို့ရအောင် စသင်ပေးပါတယ်။ ပထမ (၆)လကနေ (၁) နှစ်အတွင်းမှာ ကွန်ပျူတာကိုပိုပြီးကျွမ်းကျင်လာအောင် သင်ပေးပါတယ်။ English စာ Training တွေသင်ပေးပါတယ်။ ပြီးရင် ဒုတိယနှစ်မှာဆိုရင် Management Training ပေါ့နော်။ Business နဲ့သက်ဆိုင်တဲ့အရာတွေကို စပြီးသင်ပြပေးပါတယ်။ အဓိကက ကျွန်မတို့က Retail ဖြစ်တဲ့အတွက် Merchandizing ဘယ်လိုပစ္စည်းတွေကိုဝယ်ရမလဲ။ ဘယ်လိုပစ္စည်းတွေကို ပြရမလဲ။ ဘာဖြစ်လို့ ဘယ်ပစ္စည်းကိုဘယ်နေရာမှာ ပြရမှာလဲဆိုတာတွေကို ကျွန်မတို့သင်ပေးပါတယ်။ နောက် Order taking ပိုင်း၊ ဘယ်လိုပစ္စည်းတွေကို Order လုပ်ရမလဲ။
ပစ္စည်းမှာတယ်ဆိုတာ လွယ်ပါတယ်။ ကုန်အောင်ရောင်းဖို့ကလဲ အလွန်ပဲစဉ်းစားရပါတယ်။ ပစ္စည်းမပိုအောင် မှာတတ်ဖို့ကလည်းအရမ်းအရေးကြီးပါတယ်။ အဲဒါလေးတွေကိုလည်း ကျွန်မတို့အဓိကသင်ပေးပါတယ်။ ပြီးရင် ဘယ်လိုပစ္စည်းတွေ တင်ရမလဲ ဘယ်လိုပစ္စည်းမျိုးတွေက တင်သင့်သလဲ။ ဘာလို့ ဒီပစ္စည်းကိုတင်ရသလဲဆိုတာတွေကို ကျွန်မတို့သင်ပေးပါတယ်။ အဲဒါပြီးရင်တော့ ကျွန်မတို့ Accounting ပေါ့။ Bookkeeping ပေါ့။
စရိတ်တွေဘယ်လောက်ရှိတယ်။ စရိတ်တွေ ဘယ်လောက်တင်ရတယ်ဆိုတာ သင်ပေးပါတယ်။ ဒုတိယနှစ်နဲ့တတိယနှစ်ကြားမှာဆိုရင် P & Lဘယ်လိုဆွဲရလဲ။ဘယ်လိုရှုံးတာ မြတ်တာတွက်ရလဲ ဆိုတာတွေအပြင် လူတွေကို ဘယ်လို Manage လုပ်ရမလဲဆိုတာကအစ သင်ပေးပါတယ်။ ဒါကြောင့် ပထမသုံးလပြီးရင် Operater ဖြစ်ပါတယ်။
ပထမ ခြောက်လပြီးရင် Cashier ဖြစ်ပါတယ်။ ပထမတစ်နှစ်ပြီးရင် သူဟာစီနီယာဖြစ်ပြီ ဆိုတဲ့အတွက်ကြောင့်မို့လို့ ဆိုင်တစ်ဆိုင်မှာ သူ့လက်အောက်မှာ အုပ်ချုပ်ရတာတစ်ယောက် (သို့) နှစ်ယောက်ရှိပါတယ်။ အဲဒီလူတွေကိုသူအုပ်ချုပ်ဖို့ဆိုရင် သူကပိုသိရမယ် ဈေးလည်းပိုရောင်းတတ်မှရမယ် အဲဒီအတွက် Merchandizing Training တွေလဲ ပေး၇တာဖြစ်ပါတယ်။ ဒုတိယတစ်နှစ်ပြီးသွားရင်တော့ ဒီကလေးတွေဟာ
အဆိုင်းတစ်ဆိုင်းရဲ့ Incharge ဖြစ်သွားပါတယ် ။ အဆိုင်းတစ်ဆိုင်းရဲ့ Incharge ဖြစ်တဲ့အတွက် သူ့အောက်ကကလေးတွေကိုလည်း ဘယ်လိုသူ Manange လုပ်ရမယ်ဆိုတာကိုလည်း သူသိရပါမယ်။ အဲဒါပြီးရင် ကျွန်မတို့
နှစ်နှစ်ကနေ သုံးနှစ်အတွင်းမှာ ဆိုရင်တော့ People Management ရယ် profit & loss ရယ်ဖြစ်ပါတယ်။ အဲဒီကနေ နှစ်နှစ်ခွဲလောက်အတွင်းမှာ သူသည် ဆိုင်မန်နေဂျာဖြစ်ပါမယ်။ ဆိုင်မန်နေဂျာဖြစ်တဲ့အတွက် သူ့ အောက်မှာ ကလေးကအနည်းဆုံး (၁၂)ယောက်နဲ့ (၁၆) ယောက်ကြားကို သူအုပ်ချုပ်ရပါတယ်။ ဒါကြောင့် သုံးနှစ် ပြည့်သွားတဲ့အခါ သူ့ရဲ့ အုပ်ချုပ်မှု သက်တမ်းဟာ အနည်းဆုံး ၆လလောက်ရှိသွားပြီဖြစ်တဲ့အတွက် ဆယ်တန်းအောင်ထားတဲ့ ကလေးဟာ ဘွဲ့လည်းရပြီးသွားပြီဆိုရင် သူသည် Junier level လောက်နဲ့မဟုတ်ပဲAssistant Supervisor level လောက်နဲ့စလို့ရပါတယ်။ တစ်ခြား တစ်နေရာကို သွားမယ်ဆိုရင်လည်း သူသည်
အဲဒီ level လောက်နဲ့ သွားလို့ရပြီပေါ့နော်။ အဲဒီတော့ ဘွဲ့ရပြီးတဲ့အချိန်မှာ Management Training လဲမိထားပြိးဖြစ်တဲ့ဆိုတဲ့ဟာမျိုးလေးကို ကလေးတွေ လုပ်ပေးချင်တဲ့ အတွက်ကြောင့်လည်း လုပ်တာဖြစ်ပါတယ်။ နောက်ဆုံးတခုအနေနဲ့ကျတော့လည်း ကျွန်မတို့အနေနဲ့ Franchise ပေးချင်တယ်ပေါ့နော်။ လူတွေကိုကိုယ့်စီးပွားရေးကိုကိုယ် ထူထောင်စေချင်တယ်။ အဲဒီအတွက်ကြောင့်လည်း ဒီအလုပ်ကို လုပ်ရခြင်းဖြစ်ပါတယ်။ ၂၀၁၆ အောက် တိုဘာလောက်ကျရင် Franchise ပေးဖို့အစီအစဉ်ရှိပါတယ်။ ဘာလို့ Franchise ပေးမလဲဆိုရင် ကျွန်မတို့ရဲ့ မန်နေဂျာတွေအနေနဲ့လည်း ကိုယ်ပိုင်စီးပွားရေးလုပ်ချင်တယ်ဆိုရင်လည်း Store Manager တစ်ယောက်အနေ နဲ့ဆိုသူ့အနေနဲ့ ဒီဆိုင်ကိုသူ run တတ်ပြီပေါ့နော်။ မိဘကလည်းထောက်ပံ့ပေးမယ်။ ဒါမှမဟုတ် ဘဏ်ကပဲဖြစ်ဖြစ် ထောက်ပံ့ပေးမယ်ဆိုရင် ၃နှစ်နဲ့ ငါးနှစ်အတွင်းမှာသူ့ကိုယ်ပိုင်ဆိုင် ဖြစ်သွားအောင် Franchise ပေးပေးမှာဖြစ်ပါတယ်။
Franchise ယူတဲ့အခါ အကြမ်းဖျင်းလိုအပ်တာတွေကတော့ June , July လောက်မှာထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။ အခုလောလောဆယ်မှာ ကျွန်မအနေနဲ့ ဘဏ်တွေနဲ့လည်းညှိနေပါတယ်။ သူတို့အနေနဲ့လည်း ဘယ်လို support ပေးနိုင်မလဲဆိုတာညှိနေပါတယ် ။ အနည်းဆုံးအနေနဲ့ဘာလိုအပ်လဲဆိုရင်တော့ နံပါတ်(၁) အနေနဲ့ တကယ်အလုပ်လုပ်ချင်တဲ့သူ တကယ်အလုပ်လုပ်နိုင်တဲ့သူပေါ့နော်။ နောက် အလုပ်အတွေ့အကြုံရှိပြီးသူများ ကိုယ့်စီးပွားရေးကိုကိုယ်လုပ်ဖို့ပေါ့နော်။ နောက်တခုက မိဘက တိုက်ခန်းတခန်းရှိတယ်။ သူတို့က ဘွဲ့ရပြီးတဲ့အချိန်မှာ ကိုယ်ပိုင်လုပ်ငန်းတခုထူထောင်ချင်တယ် စလုပ်ချင်တယ်ဆိုတဲ့အခါမှာ သူ့အနေနဲ့ အလုပ်အတွေ့အကြုံမရှိတဲ့အခါ first Experience အနေနဲ့ ဘယ်လိုလုပ်မလဲဆိုတာကိုသင် ပေးပြီးရင်လုပ်တတ်သွားမယ်ပေါ့နော်။
ဒါကြောင့် Requirement တွေတော့မတူ ဘူးပေါ့။ Type Aနဲ့ Type B. Type B ကတော့ ပိုက်ဆံရှိတယ် သိပ်အလုပ်လုပ်ချင်တယ်ဆိုတဲ့ စိတ်နဲ့လုပ်တဲ့သူပေါ့။ နောက်တမျိုး ကကျတော့ အလုပ်လုပ်ဖူးတယ် ကိုယ်ပိုင်လုပ်ငန်းပြောင်းလုပ်ချင်တယ်။ အဲဒီနှစ်ခုစလုံးအတွက် လိုအပ်တာကတော့ တကယ်အလုပ်လုပ်ချင်စိတ်ရှိတယ် တကယ် ကိုယ့်ဒူးကိုယ်ချွန်ပြီးတော့ အဓိက က တကယ်စီးပွားရေးလုပ်ချင်စိတ်ပြင်းပြတဲ့လူမျိုးဖြစ်ဖို့လည်းလိုပါတယ်။
Abcကိုအဓိကတည်ထောင်ရတဲ့ရည်ရွယ်ချက်ကတော့ Value Added Service ပေးချင်လို့ပဲဖြစ်ပါတယ် ။ ကုန်စုံဆိုငစတိုးဆိုင်တွေကလမ်းတွေထဲမှာလဲရှိပါတယ်။ အဲလိုတွေရှိတဲ့နေရာမှာabcဘာလို့ဖွင့်လဲဆိုရင်
နံပါတ်တစ်အနေနဲ့ Cool ဖြစ်တယ်။ စိတ်ချမ်းသာစွာဝယ်လို့ရတယ်။ သန့်သန့်ရှင်းရှင်းရှိတယ်။ ဈေးကို မျှမျှ တတနဲ့ reasonable price ဖြစ်ဖို့၊ ဘာလို့လည်းဆိုရင် ဒီဈေးကို ကြည့်ပြီးကိုယ့်အနေနဲ့ ၀ယ်ချင်လား မ၀ယ်ချင်လားဆိုတာကို ဆုံးဖြတ်လို့ရတာပေါ့နော်။ အိမ်ဆိုင်တွေကျတော့ ဘာပစ္စည်းရှိလားလို့ မေးပြီးမှ ဈေးကိုမေးရတာပေါ့။ အဲဒါတွေကို Value added ပေးချင်တဲ့ရည်ရွယ်ချက်နဲ့ပါ။ နောက်ပြီး ၂၄နာရီလုံးအလုပ်လုပ်နေတဲ့ သူတွေအတွက် ပိုပြီး convenience ဖြစ်အောင် အလွယ်တကူသုံးစွဲလို့ရအောင်လို့ ကျွှန်မတို့ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ အဲဒါတွေအပြင် Customer တွေကို value add ဖြစ်ချင်တဲ့ရည်ရွယ်ချက်ပါ။ နောက်တစ်ချက်က ၀န်ထမ်းတွေကို Educate ဖြစ်စေချင်တဲ့ရည်ရွယ်ချက်ပါ။ develop ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်ပါ။ နောက်ဆုံး တချက်ကတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ချင်သူများကို ကူညီပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။ ဒီအချက်တွေနဲ့ abc ကိုစတင်တည်ထောင်ရခြင်းဖြစ်ပါတယ်။
စပြီးလုပ်တဲ့ အချိန်မှာတွေ့ရတဲ့အခက်အခဲတွေကတော့အများကြီးပါပဲ။ ကျွန်မတို့အနေနဲ့ ဆိုင် ၁၀၀ ကျော်ကိုတစ်ချိန်တည်းဖွင့်ထားရတဲ့အတွက်ကြောင့်မို့ အခက်အခဲပေါင်းစုံကိုလည်း ကြုံရတာတွေရှိပါတယ်။ လူခန့်ထားတာကအစပစ္စည်းအစစ်အမှန်ကိုရွေးပြီးတင်ရတာကအစ..ကလေးတွေကို Train လုပ်တာ။ ကိုယ့် ဆီမှာလာဝယ်တဲ့ customer တွေကိုစိတ်ကျေနပ်မှုရအောင်ဆောင်ရွက်ပေးတာအစအခက်အခဲလေးတွေတော့ရှိပါတယ်။ နောက်ပြီး ၂၄နာရီဖွင့်လှစ်ရောင်းချတဲ့ဆိုင်ဖြစ်တဲ့အတွက်လည်းရေမီးကအစအစစအရာရာအခက်အခဲလေးတွေနည်းနည်းတော့ရှိပါတယ်။ နောက်ပြီးယစ်မျိုးလိုင်စင်ကိစ္စတွေဘာတွေနဲ့လည်းအခက် အခဲလေးနည်းနည်းတော့ရှိပါတယ်။ အမြဲတမ်းအခက်အခဲတွေဆိုတာရှိနေမှာလည်းလုပ်လို့ရတာဖြေရှင်းလို့ ရတာတွေနဲ့ တိုးတက်နေမှာပါ။
မေး ။ ။ abc စတင်တည်ထောင်ခဲ့တုန်းက အတွေ့အကြုံကို ပြန်လည်ဝေမျှပေးပါ။
ဖြေ ။ ။ ၂၀၀၆ခုနှစ်မှာ ကျွန်မအမျိုးသားကဒါလေးကိုစလုပ်မယ်လို့ ဆုံးဖြတ်ပါတယ်။ ၂၀၀၇ခုနှစ်မှာ သူစပြီး လုပ်ဖြစ် ပါတယ်။ အဲဒီအချိန်မှာတော့ ကျွန်မစာသင်နေတုန်းပဲရှိပါသေးတယ်။ ကျွန်မ ၂၀၀၉လောက်မှာ ပြန်လာ ပြီးတော့ ၂၀၁၂ခုနှစ်လောက်မှာ abcကို takeover လုပ်ပါတယ်။ ကျွန်မ takeover လုပ်တဲ့အချိန်မှာ ၁၈ ဆိုင်ရှိပါတယ်။ အခုလက်ရှိတော့ ဆိုင်ပေါ့ ၁၀၀ကျော်ရှိနေပါပြီ။ ကျွန်မအမျိုးသားစလုပ်တဲ့အချိန်မှာတော့ ၀င်ပြီး
အကြံပေးတာတွေဘာတွေမရှိခဲ့ပါဘူး.။ သူ့ရဲ့Team နဲ့ပဲသူလုပ်ခဲ့တာပါ။ စလုပ်ခဲ့ပြီးပထမနှစ်မှာငါးဆိုင်ဖွင့်ပါ
တယ်။ ဒုတိယနှစ်မှာဆယ်ဆိုင်ဖြစ်ပါတယ်။ အဓိကအဲဒီခေတ်မှာအခက်အခဲကတော့ communication ပါ။ ဆိုင်တွေဟာ Chain Store ဖြစ်တဲ့အတွက်မို့ကို data control ကိုဖုန်းလိုင်းအင်တာနက်နဲ့ control လုပ်ရတယ်။ အဲဒီအချိန်လောက်တုန်းကဖုန်းလိုင်းတလိုင်းကိုMPTကဒေါ်လာ ၁၅၀၀နှုန်းလောက်နဲ့ ရောင်းတဲ့ခေတ်ပေါ့နော်။ နောက်ပြီးမီးပျက်တဲ့ ကာလတွေလည်းရှိခဲ့တာဆိုတော့ ဆိုင်ကိုအရမ်းကြီးမချဲ့နိုင်တာတွေ
ရှိပါတယ် ။ ကျွန်မကံကောင်းပါတယ် ။ ကျွန်မယူလိုက်ပြီးနောက်ပိုင်းမှာ ၂သိန်းတန်ဖုန်းတွေထွက်လာတယ်။ အဲဒီအတွက်လည်းတွင်တွင်ကျယ်ကျယ်ကိုထပ်ချဲ့နိုင်ခဲ့တာဖြစ်ပါတယ်။
မေး ။ ။ မသစ် ကျွန်တော်သိချင်တာပေါ့နော်။ မသစ်က abc ကို၂၀၁၇ ကစပြီး ၂၀၁၂ မှ စ၀င်တယ်ဆိုတော့ အဲဒါလေးလည်း အသေးစိတ်ပြောပြပေးပါ။။
ဖြေ ။ ။ ကျွန်မ ၂၀၀၆ ခုနှစ်မှာ ဒီမှာ 12တန်းကို မြန်မာပြည်မှာ ပြီးပါတယ်။ International School ကနေ ပြီးတာပါ။ ၂၀၀၆ မှ ၂၀၀၉ မှာ UC Berkeley မှာ Bachelor of Business administration ကို သွားသင်ခဲ့ပါတယ်။ ၄ နှစ် သင်ရမယ့်ဘွဲ့ကို ကျွန်မ (၃) နှစ်နဲ့အပြီးသင်ပြီး မြန်မာပြည်ကို (၂၀၀၉) ခုနှစ်မှာ ပြန်လာပါတယ်။ ကျမ ပထမဦးဆုံးစလုပ်တဲ့ အလုပ်ကမိသားစုအလုပ်ပေါ့။ ကျွန်မ မိဘတွေရဲ့ လက်ငုတ်လက်ရင်းဖြစ်တဲ့ TMW မှာ စပြီး(၁၅) နှစ် (၁၆) နှစ် အရွယ်ကတည်းက စပြီးတော့ လုပ်ခဲ့ပါတယ်။ အဲဒါလုပ်ခဲ့ပြီးတော့ ကျွန်မ (၂၀၀၉) ပြန်လာခဲ့တဲ့အခါ ကျွန်မအနေနဲ့ ဘာလုပ်ခဲ့လည်းဆိုရင် INAX အိမ်ဆောက်ပစ္စည်းတွေကို construction materials ပိုင်းဆိုင်ရာမှာ ကျွန်မ ပြောင်းလဲ လက်လွှဲ လုပ်ဆောင်ခဲ့ပါတယ်။ (၂၀၀၉) နှစ်ကုန်ပိုင်း မှာ ကျွန်မ T- Home ကျမ ကြွေပြားစက်ရုံတစ်ခုကို ၀ယ်ခဲ့ပြီး (၂၀၁၀)(၂၀၁၁) လောက်ကစ၍ လုပ်ခဲ့ပါတယ်ရှင့်။ (၂၀၁၁) ခုနှစ်လောက်မှာ စပြီး T Home ကြွေပြားကို စထုတ်ခဲ့ပါတယ်။ အဲဒါမတိုင်ခင်က (၂၀၀၉)(၂၀၁၀) ဇန်န၀ါရီလမှာ အိမ်ထောင်ကျခဲ့ပါတယ်။ ကျွန်မအိမ်ထောင်ကျပြီး ကျွန်မအမျိုးသားနဲ့ ကျွန်မစလုပ်ခဲ့တဲ့ လုပ်ငန်းတစ်ခုဆိုရင် ၀ိတိုရိယဆေးရုံကို စတင် ဆောက်လုပ်ဖွင့်လှစ်ခဲ့ပါတယ်။ (၂၀၁၁) မှာ ဖွင့်လှစ်ခဲ့ပါတယ်။ (၂၀၁၂) မှာ ကျွန်မ ဆေးရုံကို ရောင်းခဲ့ပါတယ်။ ရောင်းခဲ့ပြီးမှ ဒီ abc store ကို စလုပ်ခဲ့ပါတယ်။
မေး ။ ။ လုပ်ငန်းတွေလုပ်တာက မသစ်နဲ့ မသစ်အမျိုးသားအပြင် အခြားအကြံပေးတွေများရှိသေးလား။
ဖြေ။ ။ (၂၀၁၂) ခုနှစ်ကစပြီး ကျွန်မ တယောက်တည်း စလုပ်ခဲ့ပါတယ်။ ကျွန်မ အမျိုးသားမပါဘူးရှင့်။ ကျွန်မရယ် ကျွန်မ Team ရယ် ၊ ကျွန်မ Team ကတော့ ကျွန်မကို အရမ်း support ပေးပါတယ်။ ကျွန်မရဲ့ Operation director ဒေါ်ဝါ၀ါသန့်၊ admin ဒါရိုက်တာ ဦးမြင့်အောင်၊ HR ဒါရိုက်တာ ဒေါ်အေးမာလတ်၊ Operation ဒါရိုက်တာဖြစ်တဲ့ ဒေါ်ဇင်ဇင်ညိုမြင့်၊ Operation Manager ဖြစ်တဲ့ ဦးလင်းထိုက်တို့က ကျွန်မကို အဓိက ခွန်အားတွေလည်းပေးတယ်။ သူုတို့ရော သူတို့ရဲ့ Team တွေရောဟာ abc ကို အတူတူဖြစ်မြောက်အောင် လုပ်ခဲ့ပါတယ်။ နောက်တစ်ယောက်ကတော့ ဦးဇင်မင်းလို့ခေါ်ပါတယ်။ သူကတော့ IT အပိုင်းအားလုံးကို တာဝန်ယူပါတယ်။ ဆိုင်တွေအကုန်လုံး Real Time ရအောင်လို့ ဆောင်ရွက်ပေးပြီး ဆိုင်တွေအကုန်လုံးကို Central Area နေရာကနေ CCTV ကြည့်နိုင်အောင်လို့ ကိုဇင်မင်းက အဓိက တာဝန်ယူဆောင်ရွက်ပေးပါတယ်။ အဲဒါအပြင် နိုင်ငံခြား consultant အနေနဲ့ supplier အကုန်လုံးကလည်း အများကြီးသင်ပေးတာရှိပါတယ်။ နောက်ပြီး ကျွန်မကို abc မှာ advisor အနေနဲ့ ဒေါက်တာချန်ချိုင်းဆိုတဲ့ သူကလည်း Retail Consultant အနေနဲ့ တစ်လတစ်ခါလာပြီးတော့ advise ပေးတာရှိပါတယ်။ လတိုင်းလာပြီး လုပ်ပေးပါတယ်။
မေး ။ ။ မသစ်လုပ်တာ abc အပြင် တခြား ဘာတွေလုပ်ဖို့ရှိသေးလဲ။
ဖြေ ။ ။ ကျွန်မ abc convenience store မှာဆိုလို့ရှိရင် ပေးတဲ့ service တွေက များပါတယ်။ နောက်ပိုင်း free wifi တွေရှိလာပါတယ်။ အဲဒီမှာဆိုရင် application တွေအကုန်လုံးကို download လုပ်ပြီးသားဖြစ်တဲ့အတွက်ကြောင့် Wifi သုံးစွဲသူတွေအနေနဲ့ free download ယူလို့ရပါတယ်။ ရုပ်ရှင်တွေ၊ သီချင်းတွေကိုလည်း download ယူလို့ရပါတယ်။ အဲဒီ abc free wifi ကိုလည်း ယခုလက်မှာ လုပ်နေပါတယ်။
ကျွန်မတခြားလုပ်ငန်းတွေကတော့ Springfield ဆိုတဲ့ ယောက်ျားဝတ်၊ မိန်းမ၀တ်အင်္ကျီBrand ကို စပိန်ကနေ franchise ယူပြီး ကျွန်မသွင်းပါတယ်။ နောက်ထပ် woman secret ကတော့ မိန်းမအတွင်းဝတ် အင်္ကျီနဲ့ အတွင်းခံဘောင်းဘီဆိုင်ပေါ့နော် ဒါက Junction Square မှာ ဆိုင်တစ်ဆိုင်ရှိပါတယ်။ အခုနောက်ထပ် HAGL မြေညီထပ်မှာ ထပ်ဖွင့်ထားပါတယ်။ ပြီးရင် abcအနေနဲ့ abc Medical Service ကနေ cord blood သိမ်းတဲ့ အလုပ်ကိုလည်းလုပ်ပါတယ်။ အဲဒါက အချင်းထဲကသွေးပေါ့နော်။ အဲဒါအပြင် stem cell လို့ခေါ်တဲ့ ပင်မဆဲလ်တွေ သိမ်းပေးထားပြီးတော့ လူတစ်ယောက်ဟာ ရောဂါတစ်ခုခုဖြစ်တဲ့အချိန်ကျရင် ဒီပင်မဆဲလ်ကနေ ဘာပဲ clome လုပ်လုပ် လုပ်ယူလို့ရပါတယ်။ အဲဒီဟာတွေကို သိမ်းပေးတဲ့ ၀န်ဆောင်မှု abc Medical Service ကနေ health services အနေနဲ့ လုပ်တာပါ။ အချင်းကော အချင်းထဲကသွေးရော ပင်မဆဲလ်တွေရော ကို သိမ်းပေးတဲ့ အလုပ်ကိုလုပ်ပါတယ်။ ပြီးလို့ရှိရင် abc network တွေကိုလည်း wireless လိုက်လုပ်ပေးတာ ရှိပါတယ်။
အဲဒါအပြင် ကျွန်မ ABC စတိုးကို Franchise ပေးလို့ရအောင် ကျွန်မတို့အနေနဲ့ ၂၀၁၆ အောက်တိုဘာ လောက်မှာ ပေးနိုင်အောင် abc team က ကြိုးစားနေပါတယ်။ ကြိုးစားနေပါတယ်။ အဲဒါကတော့ ကျွန်မရဲ့ abc နဲ့ သက်ဆိုင်တဲ့အပိုင်းပေါ့နော်။ ကျွန်မ အမျိုးသားလုပ်တဲ့ လုပ်ငန်းတွေကတော့ အများကြီးပါ။ ကျွန်မကTMW ပိုင်းမှာဆိုရင် sony ရဲ့ Distribution ပေါ့နော်။ sony Electronic ပြီးရင် Construction material မှာဆိုရင် ဂွတ်ဟဲ ကဆိုရင် ဂျာမနီနိုင်ငံက ထွက်တဲ့ ကမ္ဘာ့ နံပါတ် (၁) brand ပါ။ ဒါကို ဖြန့်ချိရေးလုပ်ပေးပါတယ်။ နောက်တစ်ခုက INAX က ဂျပန်နိုင်ငံရဲ့ နံပါတ် (၁) brand ဖြစ်ပါတယ်။ INAX အိမ်သာအိုးတွေ၊ ကျောက်ပြားတွေကို ကျွန်မတို့ဖြန့်ချိတယ်။ အဲဒီထဲက ထူးခြားတဲ့ကျောက်ပြားဆိုရင် အသက်ရှုကျောက်ပြား ပေါ့နော်။ သူ့ကို တပ်ထားမယ်ဆိုရင် သူက မကောင်းတဲ့အနံ့အသက်တွေအားလုံးကို စုပ်ယူပါတယ်။ CO2 ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို စုပ်ယူပေးပြီးတော့ အောက်ဆီဂျင်လိုတဲ့အခါကျရင် ပြန်ထုတ်ပေးပါတယ်။ ကျွန်မတို့အနေနဲ့ အပြင်ကပ် ကျောက်ပြားတွေကို အဓိကရောင်းပေးပါတယ်။ ပြီးတော့ T-Home က Construction Material တွေကို စစ်ကိုင်းမှာ စက်ရုံတည်ထုတ်လုပ်ပြီးတော့ မန္တလေးနဲ့မြန်မာ တစ်နိုင်ငံလုံးကို ကြွေပြားတွေကို ဖြန့်ချိနေပါတယ်။
မေး ။ ။ abc ကရော ဆိုင်ခွဲပေါင်း ဘယ်နှစ်ဆိုင်လောက်ဖွင့်ထားပါသလဲ။ ၀န်ထမ်းအင်အားကရော ဘယ်လောက်ရှိပါသလဲ။
ဖြေ ။ ။ ဆိုင်ခွဲကတော့ ၁၀၀ ကျော်ပါတယ်။ ၀န်ထမ်းအင်အားကတော့ ၁၅၀၀ ကျော်ရှိပါတယ်။ ဒီ 2016 မှာတော့ ရန်ကုန်နဲ့ မန္တလေးကိုပဲ အဓိက ထပ်တိုးဖို့နဲ့ Franchise လုပ်ဖို့ပဲရှိပါတယ်။ 2017 ကျရင်တော့ အခြားမြို့ကြီးတွေမှာ ဆိုင်ခွဲတွေ ထပ်ချဲ့ဖို့ရှိပါတယ်။
မေး ။ ။ ကျွန်တော် နောက်ဆုံး တစ်ခုမေးချင်တာက တစ်ချို့ abc ဆိုင်နားမှာ abc လိုမျိုး convenience ဆိုင်တွေ ဖွင့်ထားတာ အဲ့ဒီအတွက်ကို abc အနေနဲ့ ဘယ်လိုမျိုး တုံပြန်မလဲ။
ဖြေ။ ။ကျွန်မတို့က ဆိုင်တစ်ဆိုင်မဖွင့်ခင်မှာ အမြဲတမ်း အဲ့ဒီဖွင့်မယ့်နေရာကို အမြဲတမ်းစုံးစမ်းမှုပြုလုပ်ပါတယ့်။ စုံစမ်းမှုက အဲ့ဒီနေရာရဲ့လှုနေသိပ်သည်းမှုအပေါ်စုံစမ်းရပါတယ့်။ အကယ်၍အခြားဆိုင်များ၊ဈေးဆိုင်များ၊ ကုန်စုံဆိုင်များ၊ ရှိတယ်ဆိုရင် ကျွန်မတို့ဖွင့်လေ့မရှိပါဘူး။ တစ်ချို့နေရာတော်တော်များများကျွန်မတို့ကဦးစွာဖွင့်ထားတာများပါတယ်။ ကျွန်မတို့ဖွင့်သလို စိတ်ဝင်စားလို့လိုက်ဖွင့်တာကျွန်မအနေနဲ့ဘာမှပြောလို စိတ်မရှိပါဘူး။ဒါပေမဲ့ ပထမတော့ပထမပေါ့နော်။ ကျွန်မတို့က value added ပိုပြီး လုပ်နိုင်မယ်ဆိုတာယုံကြည်ပါတယ်။
အကယ်၍ကျွန်မတို့ဆိုင်တစ်ဆိုင်ဖွင့်မယ်ဆိုရင်လူတွေလိုအပ်တဲ့ပစ္စည်းတွေ မရှိဘူးဆိုရင် ဒီဆိုင်ကိုဈေးဝယ်ရတဲ့ customers တွေ နစ်နာပါတယ်။ ဘာလို့လဲဆိုတော့ အချိန်ကုန်သွားတာပေါ့ အဲ့ဒီလိုပဲဆိုင်ဖွင့်ရတဲ့ဆိုင်ရှင့် တွေရော ၀န်းထမ်းတွေရော အချိန်ကုန် လူပင်ပန်းတဲ့ အပြင်ဆုံးရှုံမှုဖြစ်ပေါ်စေပါတယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ဆိုင်တစ်ဆိုင်ဖွင့်မယ်ဆိုရင် value added လုပ်ရမှာပေါ့နော် ။ ကျွန်မတို့ဝန်ဆောင်ပေးမဃ့် customers တွေ ကျွန်မတို့ရောင်းမယ့်ဈေးဝယ်တွေကို ကိုယ်အနေနဲ့ ဘယ်လိုတန်ဖိုးမျိုးပေးနိုင်မလဲဆိုတာကျွန်မတို့အဲ့ဒီအချက်ကိုကြည့်ပါတယ်။ အကယ်၍သူများတကာတွေလုပ်ထားတဲ့အပိုင်းဖြစ်တယ်ဆိုရင် ကျွန်မတို့မလုပ်ပါဘူး မလုပ်ထားဘူးဆိုရင်တော့ကျွန်မတို့လုပ်ပါတယ် အဲ့ဒီအတွက်ကျွန်မတို့ဘယ်တော့မှသူများဆိုင်နဲ့ကပ်လျှက်ဖွင့်လေ့မရှိပါဘူး ။ ကျွန်မ က value added stretegy ကို ပဲသုံးပါတယ် ။ ဆိုင်လာတယ်ဆိုရင်ကျွန်မတို့ဝန်ထမ်းက ကျွန်မတို့ဆိုင်ကိုလာတဲ့သူတွေကသူတို့ဆန္ဒရှိတဲ့ဟာသူတို့ဝယ်ချင်တဲ့ဟာသူတို့ရမယ်ပေါ့နော်။ ကျွန်မတို့ဒီလိုအတိုင်းပဲသွားပါတယ်။ အခုဆိုရင်ကျွန်မတို့ABC ဆိုင်တွေအားလုံးဟာ free wifi ဆိုပြီး ပေးထားပါတယ်။ ဒီ abc free wifi ထဲမှာဆိုရင် အသုံးများတဲ့ အပလိုက်ကေးရှင်းတွေ အများစုကို တင်ပေးထားပါတယ်။
အကယ်၍ကိုယ့်ဖုန်းတွေနဲ့ app တွေ Update လုပ်ချင်တယ်ဆိုရင် latest special ABC free wifi ကနေ Download လုပ်လို့ရပါတယ်။ ဘာဖြစ်လို့ကျွန်မတို့က ဒီလိုမျိုးဝန်ဆောင်မှု ပေးလဲဆိုရင် ဒီဟာကို အပြင်မှာ ကိုယ့်အင်တာနက်နဲ့ကိုယ် Download လုပ်မယ်ဆိုရင် အသုံးပြုသူများက အခကြေးငွေ ကုန်ကျမှာဖြစ်ပြီး abc ကရတဲ့ free wifi နဲ့ဆိုရင် free WiFi ကနေ Download လုပ်တယ်ဆိုရင်ဘေကုန်တာမရှိပါဘူး ။အဲ့ဒီအတွက်ကြောင့်ကျွန်မတို့Service ပေးထားပါတယ်။ abc free Wifi ကိုသုံးလို့ရပြီဆိုရင်သူုတို့ဘာလုပ်ချင်တာပဲဖြစ်ဖြစ် အကယ်၍ကိုယ့်ဆီမှာပိုက်ဆံကုန်သွားတဲ့အခါပဲဖြစ်ဖြစ် ဖုန်းထဲမှာပိုက်ဆံကုန်သွားတာပဲဖြစ်ဖြစ် ဒေတာကုန်သွားတာပဲဖြစ်ဖြစ် နီးစပ်ရာ abc ဆိုင်တွေမှာသုံးရင်း နဲ့ဒေတာပြန်ဖြည့်လို့ရပါတယ်။ ပြီးရင်ကျွန်မတို့အခုအသစ်လုပ်နေတဲ့ အခြားproject တွေက ဘာလဲဆိုရင် pay here ဖြစ်ပါတယ်။ ဥပမာ- air asia တို့ nok air တို့က airticket တွေကို အွန်လိုင်းကနေ ၀ယ်ပြီးတော့ abc မှာ ပိုက်ဆံပေးချေလို့ ရပါတယ်။ အဲဒီလိုမျိုးတွေ နောက်မှာ အများကြီးလုပ်ဖို့ ရှိပါတယ်။
အဲ့ဒါပြီးရင်ကျွန်မတို့ abc FM ဆိုပြီးလုပ်ထားပါတယ်။ အဲ့ဒါဘာလဲဆိုရင်ကျွန်မတို့ စားသုံးသူတွေကို တေးသံအစီအစဉ်တွေ နားထောင်လို့ရအောင် ပြုလုပ်ပေးထားခြင်း ဖြစ်ပါတယ်။ ဒါကတော့ လတ်တလော ပေးထားတဲ့ ၀န်ဆောင်မှုတွေပါပဲ။ အဲဒီလိုမျိုးတွေကို နောက်နောင် အသစ်ထပ်လုပ်ဖို့ အစီအစဉ်တွေလည်း ရှိပါတယ်။
ဗီဒီယိုဖိုင်ကို https://www.youtube.com/watch?v=8LzwCwRuCm0 တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။