September 2016

မြန်မာနိုင်ငံလက်လီလုပ်ငန်းရှင်များအသင်း (မန္တလေးတိုင်းဒေသကြီး) မှ စီစဉ်ကျင်းပသော တတိယအကြိမ် စီးပွားရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ က မန္တလေးမြို့ အမျိုးသားကဇာတ်ရုံတွင် ပြုလုပ်

25-9-2016

မြန်မာနိုင်ငံလက်လီလုပ်ငန်းရှင်များအသင်း (မန္တလေးတိုင်းဒေသကြီး) မှ စီစဉ်ကျင်းပသော တတိယအကြိမ် စီးပွားရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ က မန္တလေးမြို့ အမျိုးသားကဇာတ်ရုံတွင် ပြုလုပ်

မြန်မာနိုင်ငံလက်လီလုပ်ငန်းရှင်များအသင်း (မန္တလေးတိုင်းဒေသကြီး) မှ စီစဉ်ကျင်းပသော တတိယအကြိမ် စီးပွားရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ က မန္တလေးမြို့ အမျိုးသားကဇာတ်ရုံတွင် ပြုလုပ်သည်။

အဆိုပါဟောပြောပွဲတွင် မြန်မာနိုင်ငံလက်လီလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဒေါ်ဝင်းဝင်းတင့် (City Mart) နှင့် မန္တလေးတိုင်းဒေသကြီး အသင်းဥက္ကဌ ဒေါ်ခင်စန်းရီ (Sun မိတ္တူနှင့် စာရေးကိရိယာဆိုင်) တို့က အဖွင့်အမှာစကား အသီးသီးပြောသည်။

စီးပွားရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအစီအစဉ်အား New Business Opportunities In Retailing 
ခေါင်းစဉ်ဖြင့်ကျင်းပရာ Device Business Management မှ Principal ဦးတင်ဇံကျော် က Moderator အဖြစ်ဆောင်ရွက်ပြီး ဒေါ်ဝေသစ်လွင် (ABC Convenience Store)၊ ဦးသူရိန်ငြိမ်း (Nielsen MMRD (Myanmar) Co. Ltd.)၊ ဦးဇာနည်ဝင်းထက် (Head of IT and Mobile Department, Samsung Myanmar)၊ ဦးဇော်လင်းရှိန် (Key Account Director, Coca-Cola Pinya Beverages Myanmar Ltd) တို့က Panelist အဖြစ် ပါဝင်ဆွေးနွေးသည်။

ဟောပြောပွဲသို့ မန္တလေးမြို့ အနီးတစ်ဝိုက်တွင်နေထိုင်ကြသော လက်လီစီးပွားရေးလုပ်ငန်းများနှင့် စိတ်ဝင်စားသူများ လူဦးရေ ၂၀၀၀ ခန့် တက်ရောက် လေ့လာကြောင်းသိရသည်။

စီးပွားရေးဆိုင်ရာ အထောက်အကူပြု ဟောပြောပွဲနှင့် ဆွေးနွေးပွဲ စကားဝိုင်းသို့လာရောက် နားထောင်လိုသော လက်လီလုပ်ငန်းရှင်များ၊ လုပ်ငန်းလုပ်ဆောင်ရန် ကြံရွယ်ထားသူများနှင့် လေ့လာဆည်းပူးလိုသူများအား လေးစားစွာ ဖိတ်ကြားခြင်း

17-9-2016

စီးပွားရေးဆိုင်ရာ အထောက်အကူပြု ဟောပြောပွဲနှင့် ဆွေးနွေးပွဲ စကားဝိုင်းသို့လာရောက် နားထောင်လိုသော လက်လီလုပ်ငန်းရှင်များ၊ လုပ်ငန်းလုပ်ဆောင်ရန် ကြံရွယ်ထားသူများနှင့် လေ့လာဆည်းပူးလိုသူများအား လေးစားစွာ ဖိတ်ကြားခြင်း

မင်္ဂလာပါခင်ဗျာ။
မန်းရွှေမြို့တော်ရဲ့တမူထူးခြား အများနဲ့မတူ ထိထိရောက်ရောက်နဲ့မိမိရရ တက်ရောက်သူများလွန်စွာအကျိုးရှိပြီး စံတင်ခဲ့တာ သာဓကများစွာရှိပါတယ်။ တိုးတက်ပြောင်းလဲလာတဲ့ခေတ်စနစ်နဲ့အညီ မိရိုးဖလာလုပ်ကိုင်ဆောင်ရွတ်လာကြသော လက်လီလုပ်ငန်းရှင်များအတွက် မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း (မန္တလေးတိုင်းဒေသကြီး)မှနေ၍ အသင်း၏မူလရည်ရွယ်ချက်များအတိုင်း လက်လီလုပ်ငန်းများ ပိုမိုဖြစ်ထွန်း ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စီးပွားရေးဆိုင်ရာ ဟောပြောပွဲများ၊ နည်းပညာအတက်ပညာ မျှဝေပွဲများ၊ လုပ်ငန်းကွန်ယက်မျှဝေဖြန့်ကြပ်ခြင်း အစီအစဉ်များ၊ လုပ်ငန်းအလိုက် အခက်အခဲများကို ပူးပေါင်းဖြေရှင်းခြင်းများ၊ အခွန်ဆိုင်ရာနှင့် စားသုံးသူရေးရာကိစ္စရပ်များတွင်လည်း ဥပဒေနဲ့အညီ လက်လီလုပ်ငန်းရှင်များရဲ့ အရေးကိစ္စရပ်များကို စဉ်တက်မပြတ် ဆောင်ရွက်လျှက်ရှိပါသည်။
၂၅.၉.၂၀၁၆ရက်နေ့တွင် အမျိုးသားကဇာတ်ရုံကြီး၌ မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း (မန္တလေးတိုင်းဒေသကြီး)၏ ဒုတိယအကြိမ်မြောက် အသင်းသားစုံညီအစည်းအဝေးနှင့် တတိယအကြိမ်မြောက် စီးပွားရေးဆိုင်ရာ အထောက်အကူပြုဟောပြောပွဲကို တမူထူးခြား ခမ်းနားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
ယခုတတိယအကြိမ်မြောက် စီးပွားရေးဆိုင်ရာ အထောက်အကူပြုဟောပြောပွဲကို ပထမပိုင်းအစီအစဉ်အဖြစ် ဆရာကြီး ဦးတင်ဇံကျော် ( Principal , Device business Academy)မှ New Business Opportunities In Retailing ခေါင်းစဉ်ဖြင့် ဟောပြောပို့ချမှာဖြစ်ပြီး ဒုတိယပိုင်း စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ စကားဝိုင်းကို ဆရာကြီး ဦးတင်ဇံကျော်မှ ဦးဆောင်ကာ အောင်မြင်ကျော်ကြား စီးပွားရေးပညာရှင်များဖြစ်ကြသည့် ဆရာ ဦးသူရိန်ငြိမ်း( MD , Nielsen MMRD Myanmar ), ဒေါ်ဝေသစ်လွင်( MD , ABC convenience Store & TMW Enterprise Ltd. ), ဦးဇာနည်ဝင်းထက်( Head of IT & Mobile Department , Samsung Myanmar ), ဦးဇော်လင်းရှိန်( Key Account Director , Coca-cola Pinya Beverages Myanmar Ltd. )တို့မှ ပူးပေါင်းပါဝင်ဆွေးနွေးကြမည်ဖြစ်ပါသည်။
စီးပွားရေးဆိုင်ရာ အထောက်အကူပြု ဟောပြောပွဲနှင့် ဆွေးနွေးပွဲ စကားဝိုင်းသို့လာရောက် နားထောင်လိုသော လက်လီလုပ်ငန်းရှင်များ၊ လုပ်ငန်းလုပ်ဆောင်ရန် ကြံရွယ်ထားသူများနှင့် လေ့လာဆည်းပူးလိုသူများအနေဖြင့် ၁၂:၃၀အရောက်လာရောက်ပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။
ယခု ဒုတိယအကြိမ်မြောက် အသင်းသားစုံညီ အစည်းအဝေးနှင့် တတိယအကြိမ်မြောက် စီးပွားရေးဆိုင်ရာ အထောက်အကူပြု ဟောပြောပွဲကို အောင်အောင်မြင်မြင်ကျင်းပနိုင်ရေးအတွက် 
Main Sponsor အဖြစ်
(1)Myanmar Indobest Co.,Ltd.

Platinum Sponsor အဖြစ်
(1)TGX ဓါတ်မီး၊ စာကြည့်နှင့် မီးအိမ်အမျိုးမျိုး
(2)ဦးကာက လက်ဖက်ခြောက်
(3)Lucky Home Group of Companies 
(4)Century International Auto Car Sales Center 
(5)New Star Light Construction Co., Ltd

Gold Sponsor 
1.KMT Electrical Appliances
2.Sweet Dream ခေါင်းအုံး၊ဖက်လုံးအမျိုးမျိုး
3.ဦးဝမ်းပုဆိုး
4.ရွှေငါး ပင်လယ်စာဖြန့်ချီရေး
5.ရွှေနဂါး သံနှင့်ဆောက်လုပ်ရေးသုံးပစ္စည်းရောင်းဝယ်ရေး
6.ကေဇင်ဟိန်းစံ ကျောက်မျက်ကုမ္မဏီနှင့်9 point သောက်ရေသန့်
7.Sayan Fashion Shop
8.ရှမ်းရွှေတောင် လက်ဖက် နှင့် နှစ်ပြန်ကြော်
9.TW မြင့်မြင့်ခင် ထိုးမုန့် ၊လမုန့်
10.ရွှေစက်သုံးဆီ
11.မိုးမခ စိန်ရွှေရတနာဆိုင်
12.Happy Mobile
13. May Shine Fashion Shop
14.MOKO Biscuit
15.ကရဝိတ်ကဖေး
16.ဂုဏ်မြင့်သူ ပိုးထည်တိုက်
17.တော်ဝင်စိန်တိုက်
18.အောင်မေတ္တာ နာရီနှင့် မိုဘိုင်း
19.Digital World Offset
20.Life Cafe
21.Super Mobile
22.ထွန်းကား ဆောက်လုပ်ရေး ကုမ္မဏီလီမိတက်
23.Hotel Hazel
24.အောင်တံခွန် Electronics
25.Herbal Natural Ingredients Skin Care
26.Royal Light Electrics တို့မှပံ့ပိုးကူညီကြပါသည်။
ပံ့ပိုးကူညီပေးကြပါသော လူမှုအကျိုးပြု လုပ်ငန်းရှင်ကြီးများ အားလုံးကို ကျွန်တော်တို့ မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း (မန္တလေးတိုင်းဒေသကြီး)မှ အထူးပင် ကျေးဇူးဥပကာရတင်ရှိပါသည်။

City Mart Holding Co., Ltd မှ အမှုဆောင်အရာရှိချုပ် ဒေါ်ဝင်းဝင်းတင့်နှင့် တွေ့ဆုံခြင်း

13-9-2016

City Mart Holding Co., Ltd မှ အမှုဆောင်အရာရှိချုပ် ဒေါ်ဝင်းဝင်းတင့်နှင့် တွေ့ဆုံခြင်း

၁၉၉၆ က စတင်ဖွင့်လှစ်ခဲ့တဲ့ မိသားစုကုန်စုံဆိုင်ကို အသက် (၂၁)နှစ်အရွယ်က စတင်ကာ ကိုယ် တိုင်ဦးစီးလုပ်ကိုင်ခဲ့ပြီး    စီး ပွားရေးအကျပ်အတည်းကာလတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ကာ အောင်မြင်မှုခြေလှမ်းများကို တစ်လှမ်းချင်းလှမ်းရင်း နှစ်(၂၀)ပြည့်မြောက်ချိန်မှာ စီးတီးမတ်စူပါမားကက် ဆိုင်ခွဲတွေဖြစ်တဲ့ ConvenienceStore များအပါအဝင် ဆိုင်ပေါင်း ၁၈၀ ခန့်ရှိပြီဖြစ်ပါတယ်။ အောင်မြင်တဲ့ ပြည်တွင်းအမှတ်တံဆိပ် ဖြစ်တဲ့ City Mart Holding Co.,Ltdမှ အမှုဆောင်အရာရှိချုပ် ဒေါ်ဝင်းဝင်းတင့်နဲ့ တွေ့ဆုံမေးမြန်းခဲ့တာ ကို ဖော်ပြပေးလိုက်ပါတယ်။

စီးတီးမတ်အနေနဲ့ သက်တမ်း ၂၀ ဒီနေ့ပြည့်ခဲ့ပြီဆိုတော့ လွန်ခဲ့တဲ့ နှစ် ၂၀ မှာ စဖွင့်ချိန်က စိန်ခေါ်မှု တွေက ဘာတွေဖြစ်မလဲ။ အခု နှစ်၂၀ ပြည့်ပြီးချိန် ဖြစ်ပေါ်နေတဲ့ စိန် ခေါ်မှုတွေကကော ဘာတွေဖြစ်နိုင်မလဲ။

ကျွန်မတို့စတုန်းက ၁၉၉၆ခုနှစ်၊ အဲဒီတုန်းကတော့ စီးတီးမတ်စူပါမားကက်အမှတ်တံဆိပ် နဲ့ ပထမဦးဆုံး ဆိုင်ခွဲကို အောင်ဆန်းကွင်းမှာ စတင်ဖွင့်လှစ်ခဲ့ပါ တယ်။ အဲဒီတုန်းက စိန်ခေါ်မှုကတော့ ဈေးကွက်ထဲမှာ စူပါမား ကက်ဆိုတဲ့ အခေါ်အဝေါ်နဲ့ ဝန် ဆောင်မှုကို မရင်းနှီးသေးတဲ့ စားသုံးသူတွေကို မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီချိန်က လူတွေရဲ့Life Style က လတ်လတ်ဆတ် ဆတ် ဝယ်စားတယ်ဆိုတဲ့ LifeStyle၊ နေ့တိုင်း ဈေးသွားဝယ် တယ်ဆိုတဲ့ Life Style။ ကျွန်မတို့ဆီမှာ ဝယ်ပြီဆိုရင် လတ်ဆတ်မှုမရှိဘူး။ ဈေးကြီးတယ်ပေါ့။ ဒီလိုအမြင်တွေရှိခဲ့ပါတယ်။ ဒါကြောင့်ဒီအမြင်တွေကို လျော့ပါးလာပြီးကျွန်မတို့ကို လက်ခံလာအောင် ဈေးကွက်ကို ကိုယ့်ဘာသာကိုယ်အများကြီးမိတ်ဆက်ခဲ့ရပါတယ်။ အခုအချိန် လူနေမှုစနစ်က ပိုပြီးဖွံ့ဖြိုးလာတဲ့အခါမှာ ဈေးဝယ်သူတွေကို တခြားစူပါမားကက်တွေ ထက် ကွဲပြားအောင် ဝန်ဆောင်မှု တွေ ဘယ်လိုပေးမလဲ။ ကျွန်မတို့ဆီမှာ ပိုပြီးတော့ဝယ်လာအောင် ဘယ်လိုဝန်ဆောင်မှုပေးမလဲဆို တာတွေကို မတူညီတဲ့စိန်ခေါ်မှု တွေနဲ့ ကျွန်မတို့ ဝန်ဆောင်မှုတွေ ပေးနေပါတယ်။

ဆယ်စုနှစ် နှစ်ခုကျော်လာပြီးတဲ့ အချိန် စီးတီးမတ်ရဲ့ အနာဂတ်ကို လည်း ပြောပြပါဦး။

အခုဆိုရင် မြန်မာနိုင်ငံမှာစီးပွားရေး၊ လူမှုရေးပုံစံတွေ အများကြီးပြောင်းလဲနေပါပြီ။ ပိုပိုပြီး တော့ ပြောင်းလဲလာတယ်။ ပိုပြီးတိုးတက်လာတယ်။ ပြောင်းလဲ တိုးတက်မှုနဲ့အတူ ကျွန်မတို့ရဲ့ လက်လီလုပ်ငန်းကလည်း ပြောင်းလဲတိုးတက်ဖို့ အခွင့်အရေးတွေ၊ အခွင့်အလမ်းတွေ အများကြီးရှိ နေပါတယ်။ တခြားနိုင်ငံနဲ့ ယှဉ်မယ်ဆိုရင်လည်း ဒီလက်လီလုပ်ငန်းဟာ တိုးတက်မှုအခြေအနေ တွေ ကောင်းပါတယ်။ ဆိုင်ခွဲတွေဖွင့်နိုင်တဲ့ အနေအထားတွေရှိနေ ပါတယ်။ ကျွန်မတို့နိုင်ငံမှာလည်း တောက်ပတဲ့ အနာဂတ်ကို မြင်နေ ရပါတယ်။ ဒါကြောင့် ဆက်ပြီး တော့ နိုင်ငံရဲ့ဖွံ့ဖြိုးမှုနဲ့ စီးပွားရေး ကို တိုးတက်မှုနဲ့ လိုက်ပြီးတော့ ကုမ္ပဏီကို တိုးချဲ့လုပ်ကိုင်သွားဖို့ ရှိပါတယ်။

နောက်ဆိုရင် 7 Eleven Conve-nience Stor Chain မျိုးတွေ ဝင် လာဖို့ရှိတယ်ဆိုပြီး သတင်းတွေ ထွက်နေတော့ အပြင်ကနေ ဝင် လာမယ့်ဟာတွေအတွက် စီးတီး မတ်အနေနဲ့ အသင့်ရှိနေပါပြီလား။

ကျွန်မတို့ အခွင့်အခါကြုံ တိုင်း အစိုးရကို တင်ပြပါတယ်။ အဓိကကတော့ နိုင်ငံခြားသားတွေကို ပြည်တွင်းလုပ်ငန်းရှင်တွေ အနေနဲ့ ယှဉ်ပြိုင်ဖို့ဆိုတာ အခုလောလောဆယ်အနေနဲ့ ပြည် တွင်းကုမ္ပဏီတွေအနေနဲ့ အဓိက ရင်ဆိုင်နေရတဲ့ အခက်အခဲရှိပါ တယ်။ အဲဒါကတော့ ငွေကြေးအ ရင်းအနှီးရရှိနိုင်ဖို့ ခက်ခဲတာဖြစ်ပါ တယ်။ ပြည်တွင်းကုမ္ပဏီတွေဟာ ပြည်တွင်းမှာရှိတဲ့ ဘဏ်တွေက နေပဲ ငွေချေးယူလို့ရပါတယ်။ အ တိုးနှုန်းအနေနဲ့ ၁၃ ရာခိုင်နှုန်းပေးရတဲ့အချိန်မှာ မြန်မာနိုင်ငံမှာပဲ လာဖွင့်တဲ့ JV ကုမ္ပဏီတွေ၊ နိုင်ငံခြားသား ကုမ္ပဏီတွေက အတိုး နှုန်းသက်သက်သာသာနဲ့ သူတို့ရဲ့နိုင်ငံခြားဘဏ်တွေ၊ သူတို့နိုင်ငံကနေ ငွေချေးယူလာလို့ရသလိုပဲ မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်တွေကနေ အတိုးနှုန်းသက်သက်သာသာ နဲ့ ချေးခွင့်ရနေတဲ့ အနေအထားပါ။ အဲဒီအတွက်ကြောင့် အစိုးရအနေနဲ့ ပြည်တွင်းကုမ္ပဏီတွေအ နေနဲ့ ဖွံ့ဖြိုးဖို့ဆိုရင် ဒါတွေကို ထည့် သွင်းစဉ်းစားဖို့ လိုမယ်လို့ထင်ပါ တယ်။ မဟုတ်ရင် ဒီအတိုးနှုန်း တစ်ခုတည်းနဲ့တင် ငွေကြေးအရင်းအနှီးရရှိဖို့ အခွင့်အလမ်းနည်းတာနဲ့တင် ပြည်တွင်းကုမ္ပဏီတွေအနေနဲ့ ရင်ပေါင်တန်းပြီး ယှဉ်ပြိုင်နိုင်ဖို့ အခက်အခဲတွေရှိနေတာဖြစ် ပါတယ်။

ကျွန်တော်တို့ဆီမှာ နိုင်ငံခြားသား တွေ ရွှေ့ပြောင်းနေထိုင်မှုများလာ တဲ့အခါ နိုင်ငံခြားသားရဲ့ Market ကကော။

ကျွန်မတို့စီးတီးမတ်မှာ မတူ တဲ့ လက်လီအမှတ်တံဆိပ်တွေ ရှိနေပါတယ်။ အဲဒီအမှတ်တံဆိပ် တွေက တစ်ခုချင်းစီအပေါ်မှာ ရည်မှန်းထားတဲ့ မတူတဲ့ ဈေးဝယ်သူတွေ အမျိုးမျိုးရှိပါတယ်။ MARKETPLACE အမှတ်တံဆိပ်ကို နိုင်ငံ ခြားသားတွေ အများဆုံးလာပြီး တော့ ဈေးဝယ်တဲ့နေရာဖြစ်လာပါ ပြီ။ မြန်မာပြည်ကိုရောက်လာတဲ့ နိုင်ငံခြားသား တော်တော်များများ ကတော့ ကျွန်မတို့ဆီကို ဈေးလာ ဝယ်ကြတာများပါတယ်။

စီးတီးမတ်ကို ဒီနှစ်အတွင်းမှာ ဘယ်နေရာတွေမှာ ထပ်ဖွင့်ဖို့ရည် မှန်းထားပါသလဲ။

ကျွန်မတို့အနေနဲ့ ဒီနှစ်အ တွင်းမှာ မြို့ကြီးသုံးမြို့မှာ ဖွင့်လှစ် ခဲ့ပြီးပါပြီ။ ဒီဇင်ဘာမှာဆိုရင်လည်း တောင်ကြီးမြို့မှာ အိုးရှင်းစူပါစင်တာအနေနဲ့ ဖွင့်လှစ်ဖို့ရှိပါတယ်။မြို့ကြီးတွေ ပြီးသွားရင်တော့တခြားမြို့တွေမြို့တွေမှာလည်းဖွင့်ဖို့ရှိပါတယ်။ လောလောဆယ်မသေချာသေးလို့ပါ။ ရန်ကုန်မြို့မှာဆိုရင်တော့ ဆက်လက်ချဲ့ထွင် ဖို့ရှိတယ်။ အဓိကက ရန်ကုန်နဲ့ မန္တလေးမှာပါ။ အခုဟာက မြို့ကြီး တွေမှာ ကားကျပ်တည်းတဲ့ ပြဿနာလည်း အများကြီးရှိတော့ လူနေမှုပုံစံ၊ ဈေးဝယ်မှုပုံစံက နောက်ထပ်ထပ်ပြောင်းလဲလာတာ တွေ့ရပါတယ်။ လူတွေက အပြင်ကိုတကူးတက မထွက်ချင်ဘူး။ နီးနီးနားနားဝယ်ချင်တာဖြစ်တဲ့အ တွက် အစ်မတို့အနေနဲ့ ဈေးဝယ် သူတွေရဲ့ အနီးဆုံးနေရာကို ဘယ်လိုအနီးဆုံးရောက်အောင် လုပ်ပေးရမယ်ဆိုတာတွေကို ကျွန်မတို့စဉ်းစားနေပါတယ်။

စီးတီးမတ် Brand ကို ကောင်း ကောင်းတည်ဆောက်နိုင်ပြီဆို တော့ ပြည်ပကုမ္ပဏီတစ်ခုခုနဲ့ ပူး ပေါင်းလုပ်ကိုင်သွားဖို့ စိတ်ကူး တွေ ရှိပါသလား။

လောလောဆယ် အစီအစဉ် မရှိသေးပါဘူး။ ဘာဖြစ်လို့လဲဆို တော့ မြန်မာပြည်မှာ ပေါက်ဖွား လာတဲ့ ကုမ္ပဏီဖြစ်တယ်။ Brand တစ်ခုအနေနဲ့ ပိုပြီးတော့ကောင်း အောင် ကျွန်မတို့ ဆက်လက်ရပ် တည်နေပါတယ်။

စီးတီးမတ်က မြေနီကုန်းမှာ ၂၄ နာရီဆိုပြီး စဖွင့်ပြီး ဝန်ဆောင်မှု ပေးတယ်။ နောက်ထပ် ရန်ကုန်တစ်မြို့လုံးက စီးတီးမတ်တွေ အားလုံးကို ၂၄ နာရီဖွင့်လှစ်နိုင်ဖို့ ကော ရှိပါလား။

မြေနီကုန်းမှာ ၂၄ နာရီအနေ နဲ့ စူပါမားကက်ကို စပြီးစမ်းသပ် ဖွင့်လှစ်ပါတယ်။ ဈေးဝယ်သူတွေ အနေနဲ့လည်း ကြိုဆိုလက်ခံတဲ့အ ပိုင်းကို တွေ့ရပါတယ်။ ဒါပေမဲ့ လည်း တခြားစူပါမားကက်တွေ အားလုံးမှာ ဖွင့်နိုင်ဖို့ဆိုရင် ကျွန်မ တို့မှာ တချို့စိန်ခေါ်မှုတွေရှိပါ တယ်။ အဓိကကတော့ ကျွန်မတို့ ရဲ့ ဝန်ထမ်းပိုင်းတွေပေါ့။ ညအ ချိန်ဖြစ်နေတာကြောင့် သူတို့သွားဖို့ လာဖို့အတွက်ပါ။ ၂၄ နာရီဖွင့်ဖို့ ဝန်ထမ်းတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ လိုပါတယ်။

၂၄ နာရီဖွင့်လှစ်တဲ့ Convenience Store တွေ ရန်ကုန်မှာ ယှဉ်ပြိုင်မှု တော်တော်များလာတယ်။ စီးတီး မတ်က ဖွင့်လှစ်ထားတဲ့ City Express က တခြားဆိုင်တွေနဲ့ယှဉ်ရင် နည်းနည်းနောက်ကျပြီးမှ ဖွင့်လှစ်ထားတော့ နောက်ပိုင်းဈေးကွက်ဝေစုမှာ ယှဉ်ပြိုင်နိုင်ဖို့အတွက် ဘာတွေပြင်ဆင်ထား လဲ။

City Express အနေနဲ့ ကျွန်မတို့က လွန်ခဲ့တဲ့ သုံးနှစ်က စခဲ့တာပါ။ ပုံစံကို စလုပ်ခဲ့ပါတယ်။ ကျွန်မတို့အနေနဲ့ Convenience Storeဈေးကွက်ကို ဝင်တာလည်း နောက်ကျပါတယ်။ ဒီစတိုးဆိုင်တွေက မြို့ပြတွေနဲ့ ကိုက်ညီမယ့် စတိုး တွေပါ။ အခုဆိုရင် ရန်ကုန်မှာ ကျွန်မတို့က ဆိုင် ၆၀ ရှိနေပါ တယ်။ ကျွန်မတို့အနေနဲ့ ဒီပုံစံကိုလုပ်တဲ့အခါမှာ ဆိုင်ခွဲတွေကို အများကြီး မြန်မြန်ချဲ့တာထက် ရှိနေတဲ့ဆိုင်ခွဲတွေမှာ အကောင်းဆုံးဘယ်လိုမျိုး ဝန်ဆောင်မှုပိုင်းဆိုင် ရာနဲ့ စီးပွားရေးအရ တွက်ကိန်း ကိုက်အောင် ထပ်ပြီးတော့ လေ့ လာနေတာတွေလည်း ရှိပါတယ်။ ပုံစံကို အထိုင်ကျအောင် ဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။အထိုင်ကျပြီဆိုတာနဲ့ ဆက်လက်ချဲ့ထွင်သွားဖို့ အစီအစဉ်တွေရှိပါ တယ်။

နောက်ဆုံး ဘာများဖြည့်စွက်ပြော ကြားချင်ပါသလဲ။

ကျွန်မတို့ စီးတီးမတ်အနေနဲ့ နှစ် ၂၀ တိုင်အောင် ရပ်တည်နိုင် အောင်ဆိုတာ စားသုံးသူ မိဘပြည်သူတွေအားပေးမှုကြောင့် ဖြစ်ပါ တယ်။ အဲဒီအတွက်ကြောင့် ဒီစား သုံးသူ မိဘပြည်သူများကို ယုံ ကြည်အောင် အားပေးတဲ့အတွက် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိ ကြောင်း ကျွန်မပြောကြားလိုပါ တယ်။

ကျေးဇူးတင်ပါတယ်။

အသင့်စား စားသောက်ကုန်များ၏ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးပြည့်မီစွာ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနိုင်ရေး ပညာပေး အလုပ်ရုံဆွေးနွေးပွဲ

6-9-2016

အသင့်စား စားသောက်ကုန်များ၏ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးပြည့်မီစွာ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနိုင်ရေး ပညာပေး အလုပ်ရုံဆွေးနွေးပွဲ

အသင့်စား စားသောက်ကုန်များ၏ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးပြည့်မီစွာ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနိုင်ရေး ပညာပေး အလုပ်ရုံဆွေးနွေးပွဲ

Member Benefits

Member Benefits

1. Innovation
    Members of MMRA can enjoy benefits of innovative programs that are going to be developed by Retail Industry Development Committee. MMRA has a great deal to offer but exclusively to members. MMRA also welcome innovative ideas and will always be ready to put those ideas to action.

2. Education
Education Committee is prepared to offer Training Courses on Retail Industry which are not available elsewhere. The association will be organizing Seminars for educational purposes. In addition, MMRA has plans to invite Professional Speakers and arrange oversea trips to study how retail businesses were run in other countries.

3. Advocacy
MMRA will work with all stakeholders and create the right agenda that represents interest of all members. MMRA is ready to lobby and represent the best interest for Retail Industry. We will do our utmost to create strong relations with government agencies.

4. Influence
Unification of Retailers will create a unique position for MMRA. MMRA will be unified voice Myanmar Retailers thus create a power voice.

5. Industry Information
MMRA will publish Industry information, up to date Government news, Industry Indexes, trend analysis and other related indexes for members. Members can enjoy these extensive services and can use our data to make best business decisions.

6. Networking
MMRA will create an atmosphere that is welcoming and uplifting. Members can enjoy networking events and talk to each other to share views and ideas on industry. If you are a fan of social media, MMRA is planning to create online communities where members can interact with each other on daily basics.

7. Cost Savings
MMRA will offer a range of member exclusive services. Only Members will be able to enjoy special discount on seminars and publications. In addition, members will have priority to participate in oversea trips and access our online directory.

8. Media Relations
MMRA will strive to have best relation with media and journalists. By managing good media relations, MMRA is planning to put the accurate view of retailers and get coverage.

အသင်းဝင်ကြေး

အသင်းဝင်ကြေး

အသင်းဝင်ကြေးကို အခြားနိုင်ငံများရှိ လက်လီ အသင်းများတွင် ခန့်ထားသောဝန်ထမ်း အရေအတွက် (သို့) ၀င်ငွေပမာဏ (Turnover) ပေါ်တွင် သတ်မှတ်လေ့ရှိကြကြောင်း တွေရှိရပြီး၊ မြန်မာနိုင်ငံ အနေဖြင့် ၀င်ငွေပမာဏအခြေခံသော ၀င်ကြေးသတ်မှတ်ခြင်းမှာ အချိန်အခါအရ သင့်လျော်နိုင်မည် မဟုတ်ပါ။
သို့ပါ၍ ၀န်ထမ်းအရေအတွက်ပေါ် အခြေခံသော အသင်းဝင်ကြေးကို အောက်ပါအတိုင်းမူကြမ်း အဖြစ် သတ်မှတ်ထားပါသည်။

 

  Retail Member Associate Member
ဝန်ထမ်းအရေအတွက် အသင်းဝင်ကြေး နှစ်စဉ်ကြေး အသင်းဝင်ကြေး နှစ်စဉ်ကြေး
(ကျပ်) (ကျပ်) (ကျပ်) (ကျပ်)
         
၁-၉ ဦး ၅,၀၀၀ ၅,၀၀၀ ၂၀၀,၀၀၀ ၅၀,၀၀၀
၁၀-၁၅ ဦး  ၅၀,၀၀၀ ၂၀,၀၀၀ ၂၀၀,၀၀၀ ၅၀,၀၀၀
၅၁-၂၀၀ ဦး ၂၀၀,၀၀၀ ၃၀,၀၀၀ ၂၀၀,၀၀၀ ၅၀,၀၀၀
၂၀၀ ဦးနှင့်အထက် ၅၀၀,၀၀၀ ၁၀၀,၀၀၀ ၂၀၀,၀၀၀ ၅၀,၀၀၀