January 2017

အသင့်စားသောက်ကုန်များ၏ အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် အရည်အသွေးပြည့်မီစွာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး ပညာပေး အလုပ်ရုံဆွေးနွေးပွဲ

Myanmar Training development (MTDE) ဖွင့်ပွဲ အခမ်းအနား

Myanmar Training development (MTDE) ဖွင့်ပွဲ အခမ်းအနား

Myanmar Training development (MTDE) Opening ceremony ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်

ဥက္ကဌ ဦးတင်မောင်ထွန်း နှင့် ရန်ကုန်တိုင်းဒေကြီး လူမူရေး ဝန်ကြီး ဦးနိုင်ငံလင်းသို့တက်ရောက် ဖဲကြိုးဖြတ်ကြပါသည်။ အဆိုပါပွဲ ကို Myanmar Retailers Association မှ ဥက္ကဌ ဒေါ်ဝင်းဝင်းသင့် နှင့်အဖွဲ့ဝင်များတက်ရောက်ကြပါသည်။

Myanmar Franchise Expo & Conference 2016 ပြပွဲဖွင့်ပွဲအခမ်းအနားနှင့် MOU လဲလှယ်ခြင်းအခမ်းအနား

Myanmar Franchise Expo & Conference 2016 ပြပွဲဖွင့်ပွဲအခမ်းအနားနှင့် MOU လဲလှယ်ခြင်းအခမ်းအနား

Myanmar Retailer Association (MMRA) မှ ASEAN Retail-Chains & Franchise Federation (ARFF) သို့ အသင်းဝင်ရောက်ခြင်း MOU လဲလှယ်ခြင်း နှင့် မလေးရှားနိုင်ငံALT Exhibition မှဦးစီးကျင်းပသော Myanmar Franchise Expo & Conference 2016 ပါဝင်ပြသခြင်း။ ပြပွဲဖွင့်ပွဲအခမ်းအနားနှင့် MOU လဲလှယ်ခြင်းအခမ်းအနားသို့ မလေးရှားနိုင်ငံသံအမတ်ကြီး, ARFF President, MMRA မှ vice-president နှင့် Executive Committee ဝင်များတက်ရောက်ကြပါသည်။

လက်လီလုပ်ငန်းရှင်အသင်း စီးပွားရေးဆိုင်ရာ အသိပညာပေးဟောပြော

လက်လီလုပ်ငန်းရှင်အသင်း စီးပွားရေးဆိုင်ရာ အသိပညာပေးဟောပြော

လက်လီလုပ်ငန်းရှင်အသင်း စီးပွားရေးဆိုင်ရာ အသိပညာပေးဟောပြော

စက်တင်ဘာလ ၂၅

မြန်မာနိုင်ငံလက်လီလုပ်ငန်းရှင်များအသင်း (မန္တလေးတိုင်းဒေသကြီး) မှ စီစဉ်ကျင်းပသော တတိယအကြိမ် စီးပွားရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ က မန္တလေးမြို့ အမျိုးသားကဇာတ်ရုံတွင် ပြုလုပ်သည်။

အဆိုပါဟောပြောပွဲတွင် မြန်မာနိုင်ငံလက်လီလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဒေါ်ဝင်းဝင်းတင့် (City Mart) နှင့် မန္တလေးတိုင်းဒေသကြီး အသင်းဥက္ကဌ ဒေါ်ခင်စန်းရီ (Sun မိတ္တူနှင့် စာရေးကိရိယာဆိုင်) တို့က အဖွင့်အမှာစကား အသီးသီးပြောသည်။

စီးပွားရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအစီအစဉ်အား New Business Opportunities In Retailing 
ခေါင်းစဉ်ဖြင့်ကျင်းပရာ Device Business Management မှ Principal ဦးတင်ဇံကျော် က Moderator အဖြစ်ဆောင်ရွက်ပြီး ဒေါ်ဝေသစ်လွင် (ABC Convenience Store)၊ ဦးသူရိန်ငြိမ်း (Nielsen MMRD (Myanmar) Co. Ltd.)၊ ဦးဇာနည်ဝင်းထက် (Head of IT and Mobile Department, Samsung Myanmar)၊ ဦးဇော်လင်းရှိန် (Key Account Director, Coca-Cola Pinya Beverages Myanmar Ltd) တို့က Panelist အဖြစ် ပါဝင်ဆွေးနွေးသည်။

ဟောပြောပွဲသို့ မန္တလေးမြို့ အနီးတစ်ဝိုက်တွင်နေထိုင်ကြသော လက်လီစီးပွားရေးလုပ်ငန်းများနှင့် စိတ်ဝင်စားသူများ လူဦးရေ ၂၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

Supervisory Skill Training သင်တန်းဆင်းပွဲကို အောက်တိုဘာလ (၂)ရက်နေ့ကကျင်းပ

Supervisory Skill Training သင်တန်းဆင်းပွဲကို အောက်တိုဘာလ (၂)ရက်နေ့ကကျင်းပ

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းနှင့် Strategy First Institute တို့ပူးပေါင်းဖွင့်လစ်တဲ့ လက်လီလုပ်ငန်းများအတွက် Supervisory Skill Training သင်တန်းဆင်းပွဲကို အောက်တိုဘာလ (၂)ရက်နေ့ကကျင်းပခဲ့ပြီး၊ ဒီသင်တန်းဟာ ဒုတိယအကြိမ်မြောက်ဖွင့်လစ်တဲ့သင်တန်းဖြစ်ပါတယ်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးမျိုးမင်းအောင်၊ အထွေထွေအတွင်းရေးမှူး ဦးသူရိန်ငြိမ်း၊ Strategy First Institute မှ ကျောင်းအုပ်ကြီး ဦးအောင်ချစ်ခင်နှင့် တာဝန်ရှိသူများ၊ သင်တန်းဆင်းကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံလက်လီရောင်းချသူများ အသင်းခွဲ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတွင် ပြုလုပ်သော seminar ကို မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းချုပ်မှ အထွေထွေအတွင်းရေးမှုး ဦးသူရိန်ငြိမ်း မှ တက်ရောက် ပြီးဆွေးနွေးဟောပြောခဲ့

မြန်မာနိုင်ငံလက်လီရောင်းချသူများ အသင်းခွဲ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတွင် ပြုလုပ်သော seminar ကို မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းချုပ်မှ အထွေထွေအတွင်းရေးမှုး ဦးသူရိန်ငြိမ်း မှ တက်ရောက် ပြီးဆွေးနွေးဟောပြောခဲ့ပါသည်။ အဆိုပါပွဲ တွင် စစ်ကိုင်း အသင်းခွဲမှ ဥက္ကဌ ဒုဥက္ကဌ အထွေထွေ အတွင်းရေးမှူး နှင့် တာဝန်ရှိသူများ မန္တလေး အသင်းခွဲမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

"Networking and Refreshment Day " ပွဲအား မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်းမှ ကြီးမှူးကျင်းပ

"Networking and Refreshment Day " ပွဲအား မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်းမှ ကြီးမှူးကျင်းပ

"Supply Chain Evolution For Modern Retail" ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပွဲအား ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့၌ ကုန်သည်စက်မှုအသင်းချုပ် တွင် ကျင်းပခဲ့ပါသည်။

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ ကြီးမှူးကျင်းပသော လက်လီလုပ်ငန်းများနှင့် ဆက်နွယ်သည့် အကြောင်းအရာများဆွေးနွေးပွဲသို့ တက်ရောက်ပါရန်လေးစားစွာ ဖိတ်ကြားခြင်း

8-12-2016

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ ကြီးမှူးကျင်းပသော လက်လီလုပ်ငန်းများနှင့် ဆက်နွယ်သည့် အကြောင်းအရာများဆွေးနွေးပွဲသို့ တက်ရောက်ပါရန်လေးစားစွာ ဖိတ်ကြားခြင်း

မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်းမှ (၂) လ တစ်ကြိမ် ကျင်းပမြဲဖြစ်သော လက်လီလုပ်ငန်းများနှင့် ဆက်နွယ်နေသည့် သိကောင်းစရာ အကြောင်းအရာများကို ဟောပြောဆွေးနွေးသည့် " Networking and Refreshments" အစီအစဉ်သို့ တက်ရောက်ပါရန် ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်။ ယခု အကြိမ်တွင် DHL Supply Chain - Thailand & Myanmar မှ General Manager Mr.Shisanupong Pitidhanyasawasdi က "Supply Chain Evolution For Modern Retail" ခေါင်းစဉ်ဖြင့် ဟောပြောသွားမည် ဖြစ်ပါသည်။

Retail expo 2017 အတွက် အကြိုညိုနှိုင်း အစည်းအဝေးကို ထိုင်းနိုင်ငံ iCveX co,Ltd မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံလက်လီရောင်းချသူများ အသင်းချုပ်မှ တာဝန်ရှိသူ တို့ တွေ့ဆုံ ဆွေနွေး

8-12-2016

Retail expo 2017 အတွက် အကြိုညိုနှိုင်း အစည်းအဝေးကို ထိုင်းနိုင်ငံ iCveX co,Ltd မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံလက်လီရောင်းချသူများ အသင်းချုပ်မှ တာဝန်ရှိသူ တို့ တွေ့ဆုံ ဆွေနွေး

ရန်ကုန်တိုင်းဒေသကြီး တပ်မတော်ခန်းမတွင်ဒုတိယ အကြိမ်မြောက်ပြု လုပ်မည့် retail expo 2017 အတွက် အကြိုညိုနှိုင်း အစည်းအဝေးကို ထိုင်းနိုင်ငံ iCveX co,Ltd မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံလက်လီရောင်းချသူများ အသင်းချုပ်မှ တာဝန်ရှိသူ တို့ တွေ့ဆုံ ဆွေနွေးနေကြစဉ်။

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း(မန္တလေးတိုင်းဒေသကြီး) မှကြီးမှူးပြုလုပ်သော Networking & Refreshments Day သို့ ဖိတ်ကြားခြင်း

6-12-2016

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း(မန္တလေးတိုင်းဒေသကြီး) မှကြီးမှူးပြုလုပ်သော Networking & Refreshments Day သို့ ဖိတ်ကြားခြင်း

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း(မန္တလေးတိုင်းဒေသကြီး) မှကြီးမှူးပြုလုပ်သော Networking & Refreshments Day ကို "ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း နှင့် အမိန့်ကြော်ငြာစာများ(Practical Application of the Commercial Tax )ကို လက်တွေ့လိုက်နာဆောင်ရွက်ခြင်း "ခေါင်းစဉ်ဖြင့် ၁၀-၁၂-၂၀၁၆ ၌ Mandalay Hill Resort Hotel ( Ball Room ) ခန်းမ တွင် မနက် ၉ နာရီ မှ ၁၂ နာရီထိ                         ဒေါ်တင့်တင့်ရွှန်းဝေ ( Tax & Treasury Manager of City Mart Holding Groups) မှဆွေးနွေးပြောကြားသွားမှာဖြစ်ပါသည်။

လူဦးရေ အကန့်အသတ် ရှိသောကြောင့် ၉-၁၂-၂၀၁၆ ထိ 09256501630 သို့ စာရင်းပေးသွင်းကြပါရန် ခင်မင်လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်