Online တွင် လက်လီရောင်းချသူတစ်ဦး ဘယ်လိုဖြစ်လာသလဲ
Online တွင် လက်လီရောင်းချသူတစ်ဦး ဘယ်လိုဖြစ်လာသလဲ
Online တွင် လက်လီရောင်းချသူတစ်ဦး ဘယ်လိုဖြစ်လာသလဲ
Online တွင် လက်လီရောင်းချသူတစ်ဦး ဘယ်လိုဖြစ်လာသလဲ
မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း - ရှမ်းပြည်နယ်တောင်ပိုင်း၊ အသင်းဖွဲ့စည်းခြင်းနဲ့အလုပ်အမှုဆောင်ရွေးချယ်ပွဲအခန်းအနားကို ၂၇-၃-၂၀၁၇ နံနက် (၉:၃၀)မှ (၁၂:၀၀)နာရီတွင်ကျင်းပခဲ့ရာ ...
အသင်းဥက္ကဌ ဒေါ်ဝင်းဝင်းတင့်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး၊ စီးပွားရေနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မှ ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးမြင့်သန်းမှ အသင်းဖွဲ့စည်းနိုင်မှုကို ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။
၎င်းနောက် ဘဏ်များမှလက်လီလုပ်ငန်းများအပေါ်ကူညီပံ့ပိုးပေးနိုင်မှု ခေါင်းစဉ်ဖြင့်၊ AYA Bank ၏ Retail Banking Director ဦးသူရမောင်မှလည်းကောင်း၊ လက်လီအသင်းသို့ဘာကြောင့် ဝင်ရောက်သင့်သလဲ ခေါင်းစဉ်ဖြင့် လက်လီဖွံ့ဖြိုးရေးကော်မတီ တာဝန်ခံ၊ အသင်း၏ ဒုတိယဥက္ကဌ ဒေါ်တင်စုလှိုင်မှလည်းကောင်း ဟောပြောဆွေးနွေးပေးခဲ့ ပါတယ်။
အခန်းအနားအစီအစဉ်အရ အသင်းအမှုဆောင်ရွေးချယ်ပွဲကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး၊ အသင်းဥက္ကဌအဖြစ် ဦးအောင်ဝင်းကြီး ကိုရွေးချယ်တင်မြောက်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း နှင့် Strategy First တို့ပူးပေါင်းဖွင့်လှစ်သည့် Effective Management Skill For Retail Service (မန်နေဂျာ) သင်တန်း 1st Batch. စတ်ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းနားသို့ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း မှ ဒုဥက္ကဠ အသိပညာပြန့်ပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ဝေသစ်လွင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခြင်းစဉ်။