ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ဦးစားပေး မြှင့်တင်မည့် လုပ်ငန်း ၂၀ ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) က ယနေ့ (ဧပြီလ ၁ ရက်)တွင် သတင်းထုတ်ပြန်လိုက်သည်။
ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် လယ်ယာကဏ္ဍ၊ သစ်တောစိုက်ပျိုးရေးကဏ္ဍ၊ တိရစ္ဆာန် မွေးမြူရေးနှင့် ရေထွက်ပို့ကုန် လုပ်ငန်းကဏ္ဍတို့ ပါဝင်သည်။
ထို့ပြင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ မြို့ပြသစ် ထူထောင်သည့်လုပ်ငန်းများ၊ ပညာရေး ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍ၊ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍနှင့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများလည်း ပါဝင်သည်။
ယင်းကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက
“ဒီထုတ်ပြန်ချက်ထဲမှာ လုပ်ငန်းတွေ အသေးစိပ်ပါပါတယ်၊ ဝင်ငွေခွန် ကင်းလွတ်ခွင့် ၇ နှစ်ပေးထားတဲ့ဇုန်ထဲမှာ ဦးပေးမြှင့်တင်တဲ့ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍကို ဝင်ရောက် ရင်းနှီးမြှုပ်နှံမှ ဝင်ငွေခွန် ကင်းလွတ်ခွင့် အများဆုံးရမှာပါ”ဟု ပြောကြားသည်။
ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များအနေဖြင့် ယင်းကဏ္ဍများတွင် ရင်းနှီးမြှုပ်ပါက ဝင်ငွေခွန် ကင်းလွတ်ခွင့် ၇ နှစ်အထိ ရရှိမည်ဖြစ်ကြောင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းတွင် ထုတ်ကုန်ကို ရာနှုန်းပြည့် တင်ပို့နိုင်ပါက အကောက်ခွန် ကင်းလွတ်ခွင့်ကို နှစ်အကန့်အသတ်မရှိ ရရှိမည်ဖြစ်ကြောင်း အဆိုပါ ကော်မရှင်ထံမှ သိရှိရသည်။