16-6-2016

Effective Supervisory Skills for Retail Services သင်တန်း အပတ်စဉ် (၂) ကို ဇွန်လ (၁၅) ရက်နေ့တွင် ဖွင့်လစ်

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (Myanmar Retailers Association, MMRA) နှင့် Strategy First Institute တို့ပူးပေါင်းကာ လက်လီကဏ္ဍအတွက် လိုအပ်သော စီမံခန့်ခွဲမှုသင်တန်းများ၊ အရောင်းပိုင်းဆိုင်ရာသင်တန်းများ၊ ဝန်ဆောင်မှုသင်တန်းများကို ဖွင့်လှစ်လျက်ရှိရာ Effective Supervisory Skills for Retail Services သင်တန်း အပတ်စဉ် (၂) ကို ဇွန်လ (၁၅) ရက်နေ့တွင် ဖွင့်လစ်ခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံလက်လီရောင်းချသူများ အသင်း၊ ဒုတိယဥက္ကဌ၊ ပညာရေးကော်မတီ ဥက္ကဌ ဒေါ်ဝေသစ်လွင် တက်ရောက်အမှာစကားပြောကြားဖွင့်လစ်ပေးခဲ့သည်။

သင်တန်းကာလမှာ (၂)လကြာမြင့်မည်ဖြစ်ပြီး သင်တန်းပြီးဆုံးသောအခါ Strategy First Institute နှင့် Myanmar Retailer Association (MRA) တို့ ပူးပေါင်းချီးမြှင့်သော Certificate ကိုရရှိမည့်အပြင် သင်တန်းပြီးဆုံးသော အခါတွင်လည်း လက်လီလုပ်ငန်းကြီးများတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ပါသည်။

သင်တန်းတွင် ...
Effective Supervisory Skills for Retail Services Customer-focused Selling Principles, 
Customer Service Principles, 
Understanding Retail Business, 
Retail Management Concepts, 
Personal Grooming and Etiquette,
Basic Project Management, 
Implementing Change, 
Introduction to Financial Management စသည့် သင်ခန်းစာများ ပါဝင်ပါသည်။

သင်တန်းချိန်များမှာ တစ်ပတ်နှစ်ရက် ဗုဒ္ဓဟူးနေ့ ညနေ (၆)နာရီမှ (၈)နာရီခွဲအထိနှင့် စနေနေ့နေ့လည် (၁) နာရီမှ (၄) နာရီအထိဖြစ်ပါသည်။

သင်တန်းကြေး - (၁၈၅,၀၀၀) ကျပ်။
မြန်မာနိုင်ငံလက်လီလုပ်ငန်းရှင်များအသင်းဝင်ဖြစ်ပါက (၁၅၀,၀၀၀) ကျပ်။ Strategy First ကျောင်းသား၊ ကျောင်းသူဟောင်းများ (၁၅၀,၀၀၀) ကျပ်ဖြစ်ပါသည်။

သင်တန်းတည်နေရာ ...
Strategy First Institute 
အမှတ် (၈)၊ မြေညီထပ်၊ ပန်းခြံတာဝါ၊ ဓမ္မစေတီလမ်း နှင့် ဗားဂရာလမ်းထောင်၊့ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ ။
အမှတ် (၂၈၉)၊ ပြည်လမ်း (မြေနီကုန်း City Mart အနီး)၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ ။ 
ဖုန်းနံပါတ်- ၀၉ ၂၅၀၇၁၇၁ ၆၆ ~ ၆၈၊ ၀၁ ၅၃၉၁၃၂ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။