6-7-2016

Myanmar Training Development Expo 2016ကို လာရောက်ဖို့အားလုံးကို ဖိတ်ကြားအပ်ပါသည်။

Myanmar Training Development Expo 2016ကို လာရောက်ဖို့အားလုံးကို ဖိတ်ကြားအပ်ပါသည်။ အဆိုပါ ပွဲမှာ မြန်မာနိုင်ငံ ရှိ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းအပါအဝင် အခြား သက်ဆိုင်ရာအသင်းဖွဲ့များလည်းပါဝင်ဖြစ်ပါသည်။ Seminar ပွဲသည် အရေတွက်အကန့်သက် ရှိသောကြောင့် ကြိုတင်စာရင်းပေးသွင်းရန်လိုအပ်ပါသည်။ 
ဝင်ကြေး အခမဲ့ဖြစ်ပါသည်။

မြန်မာ့ပထမဦးဆုံးသော ခရီးသွားလာရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ လက်လီရောင်းဝယ်ရေးလုပ်ငန်းဆိုင်ရာ အသက်မွေးဝမ်းကျောင်းသင်တန်းကျောင်းများ အား တစုတဝေးတည်း လေ့လာနိုင်မည့် Myanmar Training Development Expo 2016 ပြပွဲအား ယခုလ (၁၄)ရက်နေ့မှ (၁၆)ရက်နေ့အတွင်း နေ့စဉ် နံနက် (၁၀)နာရီ မှ ညနေ (၆)နာရီထိ တပ်မတော်ခန်းမတွင် ကျင်းပသွားမည်ဖြစ်ပါသည်။

ပြပွဲအတွင်း Seminar အစီအစဉ်များလည်းပါဝင်မည်ဖြစ်ပြီး ပြည်တွင်းနှင့်နိုင်ငံတကာမှ ပညာရှင်များဖြစ်သည့် ဆရာကြီး ဒေါက်တာအောင်ထွန်းသက်၊ Mr.Andy (CEO,STADA), Mr.Ong Teong Wan (Chairman,STADA) နှင့် အခြားပညာရှင် (၁၅) ဦးခန့်မှလည်း ခရီးသွားလုပ်ငန်းဆိုင်ရာနှင့် ပတ်သက်သည်များအား အခမဲ့ဟောပြောပို့ချပေးမည်ဖြစ်သည်။
ပြပွဲပထမရက်နှင့်ဒုတိယရက် နေ့လည် (၁) နာရီမှ (၃) နာရီအတွင်း Business Matching Program သို့မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပါဝင်နိုင်ပြီး၊ ပါဝင်လိုသူများသည် အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ် စာရင်းသွင်း နိုင်ပါသည်။

ပြပွဲ တတိယရက် နံနက် (၁၀)နာရီမှ စတင်ပြုလုပ်မည့် Internship Program သို့ကျောင်းသူကျောင်းသားများ တက်ရောက်နိုင်ပြီး ကျောင်းတက်ရင်း အလုပ်လုပ်နိုင်မည့် အခွင့်အရေးအား ကြိုးပမ်းနိုင်ပါသည်။ 
အသေးစိတ်အစီအစဉ်များကိုလည်း အောက်ဖော်ပြပါ ပူးတွဲပါရှိသော ဖိုင်များတွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။