မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ နှစ်ပတ်လည်ညီလာခံကို ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ၊ (၂၇)ရက်နေ့ နံနက်ပိုင်းမှာကျင်းပ
မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ နှစ်ပတ်လည်ညီလာခံကို ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ၊ (၂၇)ရက်နေ့ နံနက်ပိုင်းမှာကျင်းပခဲ့ပါတယ် ...
နှစ်ပတ်လည်အခမ်းအနားသို့ အသင်းချုပ်မှ ဗဟိုအလုပ်အမှုဆောင်၊ အမှုဆောင်များ၊ တိုင်းဒေသအသီးသီးမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အလုပ်အမှုဆောင်များ၊ အသားသားအသင်းသူများ တက်ရောက်ခဲ့ကြပြီး အသင်းဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းတင့်မှ ကြိုဆိုနှုပ်ခွန်းဆက် စကားပြောကြားရာတွင် ... လက်လီကဏ္ဍဟာ မြန်မာနိုင်ငံဂျီဒီပီရဲ့ (၁၈)ရာခိုင်နှုန်းရှိတဲ့အတွက် တိုင်ပြည်ဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့အခန်းကဏ္ဍ တစ်ခုဖြစ်ကြောင်းနဲ့ လက်ရှိ တစ်နိုင်ငံလုံးမှာ လက်လီလုပ်ငန်းပေါင်းသုံးသိန်း ကျော်လုပ်ငန်းလည်ပတ် လျက်ရှိပြီး၊ မိသားစုပေါင်း တစ်သန်းခန့်က အမှီသဟဲပြုနေတဲ့ ကဏ္ဍကြီးတစ်ခုဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
၎င်းနောက် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု အသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်မှ ၂၀၁၂ ခုနှစ်မှသည် ၂၀၁၈ခုနှစ်တိုင် စည်းစည်းလုံးလုံးနဲ့ အသင်းလှုပ်ရှားမှုများစွာကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့တာတွေ့ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူ ပါကြောင်းနဲ့ အသင်းကြီး ဆထက်ထမ်းပိုးအောင်မြင်ပါစေ ကြောင်း ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။
အသင်း၏ ဒုတိယဥက္ကများဖြစ်ကြသော ဦးနိုင်လင်း၊ ဦမျိုးမင်းအောင်၊ ဒေါ်တင်စုလှိုင်နှင့် ဒေါ်ဝေသစ်လွင်တို့မှ မိမိတို့ကော်မတီအသီးသီး၏ တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့မှုများနဲ့ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး၊ ဘဏ္ဍာရေးမှူး ဒေါ်ခင်မျိုးသက်မှ ဘဏ္ဍာရေးရှင်းတမ်းကို ဖတ်ကြား တင်ပြခဲ့ပါတယ်။
၎င်းနောက် တက်ရောက်လာကြသော တိုင်းနှင့်ပြည်နယ်အလိုက် အသင်းဥက္ကဋ္ဌများမှာ ၄င်းတို့ဒေသများတွင် ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြပြီး၊ လိုက်ပါလာသော အလုပ်အမှုဆောင်များနဲ့ မိတ်ဆက်ပေးခဲ့ကြပါပြီး၊ တက်ရောက်လာသည့် အသင်းဝင်များမှလည်း သိလိုသည်များကို မေးမြန်းဆွေးနွေး အကြံပေးမှုများဖြင့် နံနက်ပိုင်းအစီအစဉ်ကို နိဂုန်းချုပ်ခဲ့ကြပါတယ်