မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ တတိယအကြိမ် ဟောပြောဆွေးနွေးပွဲ[၂၈ရက်နေ့ စက်တင်ဘာလ ၂၀၁၃ခုနစ်]
မြန်မာနိုင်ငံ လက်လီလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လက်လီလုပ်ငန်းလုပ်ကိုင်နေသူများ အကျိုးရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ တတိယအကြိမ် အဖြစ် "ံHow You Can Grow Your Retail Business" (သင်၏လက်လီလုပ်ငန်းတိုးတက်အောင်မြင်အောင် မည်သို့လုပ်ဆောင်နိုင်မည်နည်း) ဟုအမည်ပေးထားသော ဟောပြောပွဲကို စက်တင်ဘာလ ၂၈ ရက် ၂၀၁၃ ခုနစ် UMFCCI ပထမထပ် (မင်္ဂလာ ခန်းမ) ၌ ကျင်းပခဲ့ကြသည်။ လက်လီလုပ်ငန်းလုပ်ကိုင်နေကြသော လုပ်ငန်းရှင်များ၊ အုပ်ချုပ်သူများ၊ ဝန်ထမ်းများအားလုံး ကြွရောက်ချီးမြင့်ခဲ့ကြသည်။ အထိုပါ ဆွေးနွေးပွဲတွင် သင်၏လက်လီလုပ်ငန်းတိုးတက်အောင်မြင်အောင် မည်သို့လုပ်ဆောင်နိုင်မည်နည်း အကြောင်း နှင့် ပက်သက်၍ စတင်တင်ပြ ပြီး ပါမောက္ခ ဒေါက်တာ ဦးအောင်ထွန်းသက် ဦးဆောင်၍ Panel Discussion (အုပ်စုလိုက်အပြန်အလှန် ဆွေးနွေးချက်များ) ကိုလည်းပြုလုပ်ခဲ့ပါသည်။