August 2023

မိုခါမုန်တိုင်းဒဏ်သင့်ဒေသများသို့ အလှူငွေနှင့် အလှူပစ္စည်းများ ကုန်သည် စက်မှုအသင်းချုပ်မှတစ်ဆင့် လှူဒါန်း

16-August-2023

မိုခါမုန်တိုင်းဒဏ်သင့်ဒေသများသို့ အလှူငွေနှင့် အလှူပစ္စည်းများ ကုန်သည် စက်မှုအသင်းချုပ်မှတစ်ဆင့် လှူဒါန်း

မိုခါမုန်တိုင်းဒဏ်သင့်ဒေသများသို့ အလှူငွေနှင့် အလှူပစ္စည်းများ ကုန်သည် စက်မှုအသင်းချုပ်မှတစ်ဆင့် လှူဒါန်းခဲ့သော အသင်းချုပ် ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ် အမှုဆောင်များ၊ ညီနောင်အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်တွင်းပြည်ပမှ အလှူရှင်များကို ကျေးဇူးတင်ဂုဏ်ပြုသည့်အနေဖြင့် ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနား ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Pan Pacific Hotel ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း အလှူရှင်များကိုယ်စား အသင်း၏တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
ကုန်သည်စက်မှုအသင်းချုပ်မှတစ်ဆင့် မုန်တိုင်းဒဏ်သင့်ဒေသများမှ ပြည်သူများအတွက် ပြည်တွင်းလုပ်ငန်းရှင်များသာမက ပြည်ပနိုင်ငံခြား အဖွဲ့အစည်းများ၊ ပြည်တွင်း အခြေစိုက် နိုင်ငံတကာကုန်သည်အသင်းများ၊ အသင်းချုပ်အမှုဆောင်များ၊ ညီနောင်အသင်းအဖွဲ့များက ပါဝင်လှူဒါန်းခဲ့ရာ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှလည်း အသင်းဝင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ငွေကျပ် (၁၃၅)သိန်းပါဝင်လှူဒါန်းခဲ့ပါသည် ...
(၁) မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း - ၁,၀၀၀,၀၀၀/-
(၂) Pro1 Global Home Center - ၂,၀၀၀,၀၀၀/-
(၃) Asia Light - ၁,၀၀၀,၀၀၀/-
(၄) City Mart Holding Ltd. - ၅,၀၀၀,၀၀၀/-
(၅) Jivaka Pharmacy - ၅၀၀,၀၀၀/-
(၆) ကိုမောင်မောင်ခင် (မြစ်ကြီးနား) - ၁,၀၀၀,၀၀၀/-
(၇) စိန်ဂေဟာ - ၂,၀၀၀,၀၀၀/-
(၈) MMRD Trading - ၁,၀၀၀,၀၀၀/-

“World Bank Myanmar Economic Monitor” စကားဝိုင်းဆွေးနွေးပွဲ

3-July-2023

“World Bank Myanmar Economic Monitor” စကားဝိုင်းဆွေးနွေးပွဲ

ကမ္ဘာ့ဘဏ် (World Bank) ၏ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာပါ တွေ့ရှိချက်များကိုလေ့လာသုံးသပ်၍ (၆)လတစ်ကြိမ် ခြုံငုံ၍ မြန်မာ့စီးပွား ရေးစောင့်ကြည့်အစီရင်ခံစာကို ပြုစုထုတ်ပြန်လျက်ရှိပါသည်။
၂၀၂၃ ခုနှစ်အတွက် ဒုတိယအကြိမ်အစီရင်ခံစာဖြစ်သည့် “World Bank Myanmar Economic Monitor” စကားဝိုင်းဆွေးနွေးပွဲကို၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပခဲ့ကြပါသည်။
World Bank နှင့် UMFCCI တို့မှပြုလုပ် သော ပုဂ္ဂလိကကဏ္ဍ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စကားဝိုင်းဆွေးနွေးပွဲသို့ World Bank ၏ Senior Economist, Mr. Kemoh Mansaray မှ Moderator အဖြစ် ဆောင်ရွက်ခဲ့ပြီး Macroeconomics, Trade and Investment မှ Practice Manager, Mr. Sebastian Eckardt၊ ကုန်သည်စက်မှု အသင်းချုပ်ဒုတိယဥက္ကဋ္ဌဦးရဲမင်းအောင်၊ အထွေထွေအတွင်းရေးမှူးချုပ်ဒေါ်ခိုင်ခိုင်နွယ်၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ပိုင်တို့နှင့်အတူ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးသူရိန်ငြိမ်းမှ လည်းပါဝင်ဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးချက်များတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သွင်းကုန်အစားထိုး၊ စိုက်ပျိုးရေး ထွက်ကုန်၊ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍ၊ မူဝါဒရေးရာ၊ သွင်းကုန်/ပို့ကုန် လုပ်ငန်းကဏ္ဍများတွင် စိန်ခေါ်မှုများ၊ အခက်အခဲများ
စသည်တို့ကို ပြည့်ပြည့်စုံစုံဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက မေးခွန်းများ မေးမြန်းခဲ့ကြသည့်အပေါ် ပြန်လည်ဖြေကြားခဲ့ပါသည်။

လစဉ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး (၁/၂၃)ကိုဇွန်လ(၂၇)ရက်နေ့တွင်ကျင်းပ

30-June-2023

လစဉ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး (၁/၂၃)ကိုဇွန်လ(၂၇)ရက်နေ့တွင်ကျင်းပ

Myanmar Retailers Association ၏ လစဉ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး (၁/၂၃)ကိုဇွန်လ(၂၇)ရက်နေ့မှာကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ အသင်းဥက္ကဌ၊ ဒုတိယဥက္ကဌများ၊ အထွေထွေအတွင်းရေးမှုး၊ တွဲဖတ်အထွေထွေအတွင်းရေးမှုများနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အသီးသီးမှတက်ရောက်ကြပြီး လက်လီလုပ်ငန်းများဖွံဖြိုးတိုးတက်ရေးအတွက် ပြုလုပ်မည့်အစီအစဉ်များကိုအသေးစိတ်ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။

FAPRA (Federation of Asia Pacific Retailers Association) ၏ နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိသော ED&HOD ပူးတွဲ meeting

27-June-2023

FAPRA (Federation of Asia Pacific Retailers Association) ၏ နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိသော ED&HOD ပူးတွဲ meeting

FAPRA (Federation of Asia Pacific Retailers Association) ၏ နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိသော ED&HOD ပူးတွဲ meeting ကို Thai နိုင်ငံ Ayutthaya မြို့မှာ ၂၀၂၃ခုနှစ် မေလ(၃၁)ရက်နေ့မှဇွန်လ(၁)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး အဖွဲဝင်နိုင်ငံပေါင်း (၁၄)နိုင်ငံပါဝင်တက်ရောက်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံလက်လီလုပ်ငန်းရှင်များအသင်းချုပ်မှလဲ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ၄င်းအစည်းဝေးသို့ ဥက္ကဌ ဦးသူရိန်ငြိမ်း နှင့် အထွေထွေအတွင်းရေးမှုး ဒေါ်တင်စုလှိုင် တို့တက်ရောက်ခဲ့ကြပြီး အရည်အသွေးကောင်းမွန်ပြီး ပြည်ပစျေးကွက်သို့တင်ပို့ရောင်းချရန်အဆင့်သင့်ဖြစ်နေသော မြန်မာပြည်တွင်းထုတ်ကုန်များကို ဒေသတွင်းနိုင်ငံများရှိ လက်လီလုပ်ငန်းရှင်များသို့ချိတ်ဆက်ရောင်းချနိုင်ရန်ဆွေးနွေးခဲ့ကြပါသည်။

News In 2023

18.8.2023

News In 2023

မြန်မာနိုင်ငံ လက်လီ‌ရောင်းချသူများအသင်း၏ သတ္တအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို အောက်ပါမြန်မာနိုင်ငံ လက်လီ‌ရောင်းချသူများအသင်း၏ သတ္တအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို အောက်ပါမြန်မာနိုင်ငံ လက်လီ‌ရောင်းချသူများအသင်း၏ သတ္တအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို အောက်ပါမြန်မာနိုင်ငံ လက်လီ‌ရောင်းချသူများအသင်း၏ သတ္တအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို အောက်ပါမြန်မာနိုင်ငံ လက်လီ‌ရောင်းချသူများအသင်း၏ သတ္တအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို အောက်ပါမြန်မာနိုင်ငံ လက်လီ‌ရောင်းချသူများအသင်း၏ သတ္တအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို အောက်ပါမြန်မာနိုင်ငံ လက်လီ‌ရောင်းချသူများအသင်း၏ သတ္တအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို အောက်ပါမြန်မာနိုင်ငံ လက်လီ‌ရောင်းချသူများအသင်း၏ သတ္တအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို အောက်ပါမြန်မာနိုင်ငံ လက်လီ‌ရောင်းချသူများအသင်း၏ သတ္တအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို အောက်ပါ