Opportunities Transforming Retail & Wholesale Amid COVID-19 Crisis
၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် လက်လီလက်ကား ရောင်းချမှုဆိုင်ရာဖိုရမ်သို့ Online Registration ပြုလုပ်၍ တက်ရောက်နိုင်ကြောင်း အသိပေးအကြောင်းကြားခြင်း
COVID-19 Economic Relief Plan (CERP)၏ ပန်းတိုင်များအနက် ပန်းတိုင် ၅.၁ (ဆန်းသစ် ထုတ်ကုန်များ မိတ်ဆက်ခြင်း) တွင်ပါဝင်သော လက်လီရောင်းချမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်ရမည့်စီမံချက်များကို အကောင်အထည်ဖော်နိုင်စေရန် အတွက်လည်းကောင်း၊ ကိုဗစ်ကာလအတွင်း ပြည်သူများ၏ ဝယ်လိုအား ကျဆင်းနေခြင်းကို ပြန်လည်ကောင်းမွန် လာရေး အထောက်အကူပြုနိုင်ရန်အတွက် လည်းကောင်း "လက်လီလက်ကား ရောင်းချမှုဆိုင်ရာ ဖိုရမ်”ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်းတို့ ပူးပေါင်း ၍ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ အဆိုပါဖိုရမ်သို့ သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များ ရှိလက်လီရောင်းချသူများ အသင်းများ၊ လက်လီလက်ကား ရောင်းချ ဖြန့်ဖြူးမှု ကဏ္ဍတွင် ဆက်နွယ် ဆောင်ရွက်နေသူများ၊ အခြားစိတ်ပါဝင်စားသူများအားလုံး ပါဝင်တက်ရောက်နိုင် ရေးအတွက် Zoom Webinar ကို အသုံးပြုကျင်းပပြုလုပ်သွား မည် ဖြစ်ပါသည်။ သို့ပါ၍ Zoom Webinar ဖြင့် ပါဝင်တက်ရောက်လိုသူများ အနေဖြင့် ၂၇-၇-၂၀၂၀ ရက်နေ့မှ စတင်ပြီး အောက်ဖော်ပြပါ Registration Link မှတစ်ဆင့် Online Registration Formကို ဖြည့်စွက်၍ စာရင်းပေးသွင်း တက်ရောက်နိုင်မည် ဖြစ်ပါကြောင်းနှင့် ပါဝင်တက်ရောက်မည့်သူ ဦးရေ ကန့်သတ် ထားပါသဖြင့် ဆောလျင်စွာစာရင်းပေးသွင်းနိုင်ပါရန် အသိပေး အကြောင်းကြားအပ်ပါသည်။ ဖိုရမ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါ အီးမေးလ်နှင့် ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်-
Email: retailwholesaleforum.1@gmail.com
Phone: 067-408319၊ 067-408414
Registration Link: https://us02web.zoom.us/webinar/register/WN_IkH6we8KRWCYSoR0cUf03g
လက်လီ၊လက်ကားရောင်းချမှုဆိုင်ရာဖိုရမ်အခမ်းအနားအစီအစဉ် ကို ပူးတွဲပါ PDF file တွင်ဖတ်ရှုနိုင်ပါသည်။
https://www.commerce.gov.mm/sites/default/files/documents/2020/07/Ageda%...