မြန်မာလက်လီရောင်းချသူများအသင်း (Myanmar Retailers Assiociation) မှ ကြီးမှူးဦးဆောင်ပြီး "Panel Discussion : How Franchise Business Work” ကို သြဂုတ်လ ၁၇ ရက်နေ့ (အချိန်- နံနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီထိ) ပြုလုပ်သွားမှာဖြစ်လို့ ကြွရောက်ခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
ဒီနေ့ခေတ် Retail Sector မှာ ပြောင်းလဲနေတဲ့ Trend တွေ ၊ ရင်ဆိုင်ရမဲ့ Challenge တွေအတွက် နယ်ပယ်အသီးသီးက အတွေ့အကြုံရင့် Industrial Expert တွေကို ဖိတ်ခေါ်ပြီး မိမိတို့ နယ်ပယ်ဆိုင်ရာရှိ အသိအမြင်နှင့် အတွေ့အကြုံများကို Panel Discussion ပုံစံဖြင့် ဆွေးနွေးဖလှယ်ပေးမှာဖြစ်ပါတယ်။
Panelist တွေကတော့
၁။ ဦးသူရမောင်
Director of retail banking at AYA Bank
၂။ ဒေါ်ခိုင်သစ်လွင်
Group Executive Director at TMW Enterprise Limited & Owner of MDS Myanmar
၃။ ဒေါ်နန်းကလျာဝင်း
Executive Director at Pitichanthar
၎။ ဦးအောင်ဘိုဘို (Alvin BoBo)
General Manager, City Express
Moderator အဖြစ် ဦးအောင်ချစ်ခင်
Founder and Managing Director, Strategy First University
Editor-in-Chief, Putet Comics Weekly & Mobile Application
ဒီပွဲကိုဘယ်သူတွေတက်ရောက်နားထောင်သင့်ပါသလဲ?
လက်ရှိလက်လီလုပ်ငန်းလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေ Retail Sector မှာ ဝင်ရောက်လုပ်ကိုင်နေသူတွေအားလုံး တက်ရောက်နားထောင်သင့်ပြီး၊ ကိုယ့်လုပ်ငန်းမှာကြုံတွေ့နေရတဲ့ ရင်ဆိုင်မှု့တွေကိုလည်း panelists များနှင့် ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။
မြန်မာဘာသာနဲ့ပဲ ဆွေးနွေးသွားမှာဖြစ်ပြီး ထိုင်ခုံနေရာ ကန့်သတ်ထားပါသဖြင့် ကြိုတင် စာရင်းပေးသွင်းရန်လိုအပ်ပါသည်။
တက်ရောက်မည့်သူများ varinthorn@icvex.com သို့ E-Mail ပို့၍ ကြိုတင်(အခမဲ့) စာရင်းပေးသွင်းနိုင်ပါတယ်။
မြန်မာနိုင်ငံက အစားအသောက်လုပ်ငန်းနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် လက်မလွတ်သင့်တဲ့ ဆဋ္ဌမအကြိမ်မြောက် Myanmar FoodBev နဲ့ စတုတ္ထအကြိမ်မြောက် Myanmar Retail Sourcing Expo ပွဲကြီးတွေကို သြဂုတ်လအတွင်းမှာ ထပ်မံကျင်းပသွားတော့မှာဖြစ်ပါတယ်။ ပွဲရက်တွေကတော့
သြဂုတ်လ ၁၅ - ၁၇ ရက်
မနက် ၉ နာရီခွဲ မှ ၅ နာရီခွဲအထိ
နေရာ - တပ်မတော်ခန်းမ၊ ဦးဝိဇာရလမ်း၊ ရန်ကုန်မြို့
ဝင်ကြေး - အခမဲ့
ကြိုတင်စာရင်းပေးရန် - http://www.myanmarfoodbev.com/visitoregis/