June 2016

ပြည်ပမှတရားမ၀င်တင်သွင်းထားသည့် အရက်၊ ဘီယာ၊ ဝိုင်နှင့် စီးကရက်များနှင့် ပတ်သက်၍ လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး[ဇူလိုင်လ ၃ရက်နေ့ ၂၀၁၄ခုနှစ]

ပြည်ပမှတရားမ၀င်တင်သွင်းထားသည့် အရက်၊ ဘီယာ၊ ဝိုင်နှင့် စီးကရက်များနှင့် ပတ်သက်၍ လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး[ဇူလိုင်လ ၃ရက်နေ့ ၂၀၁၄ခုနှစ]

ပြည်ပမှတရားမ၀င်တင်သွင်းထားသည့် အရက်၊ ဘီယာ၊ ဝိုင်နှင့် စီးကရက်များကို အခွန်အခများ ပေးဆောင်စေပြီး အခွန်အမှတ်တံဆိပ်ကပ်နှိပ်စေ၍ ဈေးကွက်အတွင်း တရားဝင်ရောင်းချစေသည့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၄ခုနှစ် ဇူလိုင်လ ၃ရက်နေ့ နေ့လည်(၁)နာရီတွင် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးပွဲသို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာ့စီးပွားရေးဘဏ်၊ အကောက်အခွန်ဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ နှင့် မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းတို့မှ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။ ယင်းအစည်းအဝေး၌ အရက်၊ ဘီယာနှင့် ဝိုင်များအား လက်လီ/လက်ကားရောင်းချသူများအနေဖြင့် FL-11 နှင့် FL-12 လိုင်စင်များရယူထားရန်၊ စားသောက်ဆိုင်၊ ဟိုတယ်နှင့် ကလပ်များတွင် ရောင်းချသူများအနေဖြင့် FL-15, FL-16 နှင့် FL-17 လိုင်စင် ရယူထားရန် လိုအပ်ကြောင်း၊ တာချီလိတ်နှင့် မြဝတီ လမ်းကြောင်းမှ တရားမ၀င်တင်သွင်းမှုများရှိနေသဖြင့် တရားမ၀င်တင်သွင်းရောင်းချမှုများမှာ ဧရိယာကျယ်ပြန့်၍ စီမံချက်အား ဧရိယာတစ်ခုလုံးတွင်ဆောင်ရွက်ရန်မလွယ်ကူသေးကြောင်း၊ ပြည်ပမှတရားမ၀င်တင်သွင်းထားသော အရက်၊ ဘီယာ၊ ဝိုင်နှင့် စီးကရက်များအား စီမံချက်ဆောင်ရွက်ရာ၌ စည်းကြပ်တန်ဖိုး၊ အကောက်အခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို စနစ်တကျတွက်ချက်၍ ဆောင်ရွက်သွားမည့်အကြောင်း၊ ကောက်ခံမည့်အခွန်နှုန်းထားများကိုလည်း နိုင်ငံတကာစံနှုန်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဈေးကွက်အတွင်း လက်ရှိကပ်နှိပ်ထားသော အခွန်အမှတ်တံဆိပ်အဟောင်းများနှင့် ထပ်မံဖြန့်ဖြူးပေးမည့် အခွန်အမှတ်တံဆိပ်များ၏ အကျိုးသက်ရောက်ခွင့်ကို သိရှိလိုကြောင်း၊ အမှတ်တံဆိပ်အတုနှင့် အစစ်အား ကွဲကွဲပြားပြားသိရှိနိုင်ရန် မီဒီယာများမှတဆင့် ဖော်ပြပေးရန် လိုအပ်ကြောင်း၊ စီမံချက်ကာလ၌ တင်ပြလာသောကုန်စည်များအား OSS အဖွဲ့ရှေ့မှောက်၌ အမှတ်တံဆိပ်များအား မျက်မြင်ကပ်နှိပ်စေမည်ဖြစ်ကြောင်း၊ အရည်အသွေးကောင်းမွန်သည့် အမှတ်တံဆိပ်များကို အမေရိကန် နှင့် ဂျာမနီမှ မှာယူသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ ကျန်းမာရေးစံနှုန်းများနှင့် အညီ စားသုံးသူများ မထိခိုက်စေရန် ဆောင်ရွက်ထားကြောင်း၊ လက်ရှိကောက်ခံနေသော အခွန်နှုန်းထားများမှာလည်း အရှေ့တောင်အာရှတွင် အနိမ့်ဆုံးနှုန်းထားဖြစ်ကြောင်း နှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ထိခိုက်နစ်နာမှု မရှိစေရန်တတ်နိုင်သမျှ ဖြေလျှော့ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းတို့ကို သက်ဆိုင်ရာဌာနများမှ ဆွေးနွေးပြောကြားသွားပါသည်။

မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း နှင့် Trade တို့တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေး[ဇူလိုင်လ ၁၀ရက်နေ့ ၂၀၁၄ခုနှစ]

မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း နှင့် Trade တို့တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေး[ဇူလိုင်လ ၁၀ရက်နေ့ ၂၀၁၄ခုနှစ]

MMRA ၊ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ ဈေးများဌာန၊ အစားအသောက်ဆေးဝါကွပ်ကဲရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာန တို့နှင့် ဆွေးနွေးခြင်း အစည်းအဝေးပွဲကို ဇူလိုင်လ ၁၀ရက်နေ့ ၂၀၁၄ခုနှစ်တွင် UMFCCI၌ ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအစည်းအဝေးပွဲသို့ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ ပြီး ကူသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းတင့် မှစားသုံးသူကာကွယ်ပေးရေးဥပဒေ နှင့်ပတ်သက်သည်များကပြောကြားဆွေးနွေးခြင်း နှင့် စားသုံးသူကာကွယ်ပေးရေး ဗဟိုအဖွဲ့ ကို June (၄) ရက်နေ့တွင်ဖွဲ့စည်းခဲ့ပြီဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းတွေမှာ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ကိုလည်းဖွဲ့စည်းမည့်အကြောင်းနှင့်ဈေးသူဈေးသားများ၊ကျောင်းသားများကို ပညာပေးရေးလုပ်ငန်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနမှ ဦးစည်သူလွင် မှလည်း ဈေးတွေမှ ပြည်သူလူထုဆီကိုတိုက်ရိုက်ရောက်သည့်အတွက်ကြောင့် ဈေးများဌာနနှင့် ကျန်မာရေးဌာန ပူးပေါင်းပြီး ဈေးများကို စစ်ဆေးခြင်းများပြုလုပ်မည့်အကြောင်း ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ Dr.ဒေါ်ဇင်ဇင်နွယ်မှ ဈေးများသို့သွားပြီး ပစ္စည်းတွေဝယ်ကာ Market service အနေဖြင့် စစ်ဆေးခြင်းများပြုလုပ်ကြောင်း၊ လက်ဖက်များတွင်ပါဝင်သော ဆိုးဆေးများကိုတပြည်လုံးအတိုင်းအတာ အနေနှင့် နှိမ်နှင်းခဲ့ကြောင်း၊ ၂၀၁၁ July လမှ ၂၀၁၁ နှစ်ကုန်အထိ ဈေးများဌာနနှင့် ကျန်းမာရေးဌာနတို့ပေါင်းပြီး ဈေးပေါင်း ၃၇ ဈေးကို စစ်ဆေးခဲ့ကြောင်း၊ ပညာပေးလုပ်ငန်းကိုလည်း ဝိုင်ဝန်းလုပ်ဆောင်မည့်အကြောင်းနှင့် ကျောင်းကျန်းမာရေးနှင့် ပူးပေါင်းပြီး ကျောင်းမုန့် ဈေးတန်းအစားအသောက်တွေကိုလည်း စစ်ဆေးမှုများပြုလုပ်သွားမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။ ကျောင်းကျန်းမာရေးဌာန မှ Dr. ဒေါ်ခင်စောရီ မှ ကျောင်းကျန်းမာရေးစီမံချက်ကို လမ်းစဉ် (၉)ရက် ဖြင့် ချမှတ် လုပ်ဆောင်ပါကြောင်း၊ နှစ်စဉ်ကျောင်းဈေးသယ်များ ကျောင်းတွင်ရောင်းချသည့် မုန့်များနှင့် ပတ်သတ်၍ စည်းမျဉ်းစည်းကမ်း များကို ကျောင်းမဖွင့်ခင်ထုတ်ပေးထားကြောင်း၊ နေပြည်တော်မှာကျင်းပသော အစည်းဝေးတွင် ဆိုးဆေးပါသောအစားအစားများ တာရှည် ခံသောအစားအစာများ မရောင်းချရန်၊ ပလက်စတစ် ကိုအသုံးမပြုရန် တားမြင့်ထားပါကြောင်း နှင့် ပညာရေးဌာနမှ ကျောင်းမုန့်ဈေးတန်းများ အတွက်ချမှတ်ထားသော လိုက်နာရမည့်စည်းကမ်းများကိုတင်ပြခဲ့ပါသည်။ အထွေထွေအတွင်းရေးမှူး ဦးသူရိန်ငြိမ်းမှ Seminar ၊ Work Shop များမှာ စားသုံးသူကာကွယ်ပေးရေးနဲ့ ပတ်သတ်ပြီး ခေါင်းစဉ်တစ်ခုအနေဖြင့်ဟောပြောပေးပါရန် ဖိတ်ကြားခြင်း၊ သင်တန်းပေးရန်နှင့် စာဆောင်ထုတ်ရန် စီစဉ်ထားကြောင်း၊ သင်တန်းပေးသည့်အချိန်တွင် သင်ခန်းစာ တစ်ခုအနေဖြင့် Retailers သိသင့်သော စားသုံးသူကာကွယ်ပေးရေး၊ စားသောက်ကုန်ပစ္စည်းနှင့် ပတ်သတ်ပြီး ပညာပေးသည့် အချက်များကို ထည့်ချင်ပါကြောင်း၊ တွဲဖက်အတွင်းရေးမှူး ဦးဇော်မင်းလတ် နှင့် ဦးနေ၀င်းမြင့်မှလည်း ကျောင်းကျန်းမာရေးနှင့်ပတ်သတ်ပြီး ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ ဈေးများဌာနမှလည်း မရောင်းချသင့်သော ပစ္စည်းများ၏ သတင်းအချက်အလက်များကို MMRA သို့မျှဝေစေချင်ကြောင်း၊ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်သည်များကို ဆွေးနွေးအကြံပြုသွားပြီး ကျန်တက်ရောက်သူများကလည်း မန္တလေးမှာ လုပ်ခဲ့သောစားသုံးသူ အကာအကွယ်ပေးလုပ်ငန်းနှင့်ပတ်သတ်၍ဆွေးနွေးခြင်းနှင့် အခြားပတ်သက်သည်များကို ဆွေးနွေးအကြံပြုခြင်းများပြုလုပ် ခဲ့သည်။

မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း ပထမအကြိမ်အသင်းနှစ်ပတ်လည် အစည်းအဝေး[သြဂုတ်လ ၂၆ရက်နေ့ ၂၀၁၄ခုနှစ်]

မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း ပထမအကြိမ်အသင်းနှစ်ပတ်လည် အစည်းအဝေး[သြဂုတ်လ ၂၆ရက်နေ့ ၂၀၁၄ခုနှစ်]

မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း ပထမအကြိမ်အသင်းနှစ်ပတ်လည် အစည်းအဝေးကို သြဂုတ်လ ၂၆ရက်နေ့ ၂၀၁၄ခုနှစ် နေ့လည် ၁နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။ နှစ်ပတ်လည်အစည်းအဝေးသို့ အသင်းသူအသင်းသားအားလုံး၊ မန္တလေး MMRA ဥက္ကဌ နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ဥက္ကဌ ဒေါ်ဝင်းဝင်းတင့်မှ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် တက်ရောက်လာကြသော အသင်းသူအသင်းသားအားလုံး နှင့် နှစ်ပတ်လည်အစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ရန် အတွက်ကူညီပံ့ပိုးပေးကြသော ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ လုပ်ဖော်ကိုင်ဖက်များ Sponsor Company များအားလုံးကိုလည်း MMRA အသင်းမှ ကျေးဇူးတင်ရှိကြောင်းကို ပြောကြားခဲ့သည်။ MMRA အသင်း၏ အဓိကရည်မှန်းချက်(၃)ချက်ဖြစ်သော် လက်လီရောင်းချမှုလုပ်ငန်းဖွံ.ဖြိုးရေး၊ လက်လီလုပ်ငန်းလွယ်ကူချောမွေ.စေရေး၊ လက်လီလုပ်ငန်းပြန်.ပွားရေး ဟူသော် ရည်မှန်းချက်အောက်တွင် MMRAသည် လက်လီရောင်းချသူများကိုကိုယ်စားပြုသည့်အသင်းဖြစ်ရန်၊ လက်လီလုပ်ငန်းများခေတ်နှင့်အညီဖွံ.ဖြိုးတိုးတက်မှုရှိစေရန် အတွက် ပံ့ပိုးပေးနိုင်ရန်၊ လက်လီလုပ်ငန်းဆိုင်ရာသင်တန်းများပို.ချခြင်း၊ သတင်းဖြန်.ဖြူးပေးခြင်း၊ အစိုးရ၀န်ကြီးဌာနများနှင့် ကိုယ်စားပြုဆက်သွယ်ပေးခြင်း စသည့် ရည်မှန်းချက်တို့ကို သွက်လက်မြန်ဆန်စွာ အကောင်ထည်ဖော်ဆောင်နိုင်ရန်အတွက် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် Walking ကော်မတီ(၅) ခု ဖွဲ.စည်းပြီး စတင်အကောင်အထည်ဖော် စီစဉ်ဆောင်ရွက်လျှက် ရှိကြောင်း၊ MMRA အနေနှင့် လူမှုဖူလှုံရေးနည်းဥပဒေမူကြမ်းထုတ်ပြန်ခြင်း၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေ အစရှိသော ဥပဒေမူကြမ်းများ ရေးဆွဲရာတွင်ပါဝင်ဆွေးနွေးခြင်း၊ အကြံပြုချက်များပေးခြင်း၊ စားသုံးသူကာကွယ်ပေးရေး မူဝါဒ၊ အခွန်အကောက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ နိုင်ငံခြားဖြစ် အဖျော်ယမကာ နှင့် ၀ိုင်အရက်များတင်သွင်းရောင်းချနိုင်ရေး အစရှိသည့်တို.အတွက် စာရွက် စာတမ်းများ ရေးဆွဲတင်သွင်းခြင်း၊ အစိုးရ၀န်ကြီးဌာနများနှင့် ပုဂ္ဂလိကစီးပွားရေးအသင်းအဖွဲ့ လုပ်ငန်းများ၊ ပြည်ပစီးပွားရေးဆိုင်ရာအသင်းအဖွဲ.လုပ်ငန်းများနှင့် ဆွေးနွေးဆောင်ရွက်ရာတွင်၊ တွေ.ဆုံဆွေးနွေးရာတွင်ပါဝင်ရန်၊ လက်လီလုပ်ငန်းဖွံ.ဖြိုးရေး အတွက် ရန်ကုန်နှင့် မန္တလေးမြို. များတွင်ဟောပြောပွဲများကျင်းပပေးခြင်းစသော ကိစ္စများကိုအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း နှင့် MMRAအသင်း အဓိကရင်ဆိုင်နေရသော ပြသနာများဖြစ်သော ကျွမ်းကျင်လုပ်သားရှားပါးမှု၊ လုပ်ငန်းလုပ်ကိုင်ရန် ဆိုင်နေရာ ဌားရမ်းစရိတ်များ မြင့်တက်လာမှု၊ ငွေကြေးအရင်းအနှီးများရရှိနိုင်ရန်ခဲယဉ်းမှုနှင့် ၂၀၁၅ခုနှစ် အလွန်တွင် နိုင်ငံခြားဖက်ဆက် လက်လီလုပ်ငန်းများဝင်ရောက်လာနိုင်မှုတို့ကိုပြောကြားသွားပြီး ရှေ.လာမည့်နှစ်များတွင် MMRA အနေဖြင့် MMRA အဖွဲ.ခွဲများကို မြို.ကြီးများတွင်တည်ထောင်နိုင်ရန်၊ အသင်းဝင်များကို ထိရောက်သောအကြံဥာဏ်များ ကူညီပံ့ပိုးမှုများပိုမိုလုပ်ဆောင်ပေးနိုင်ရန်နှင့် လက်လီလုပ်ငန်းကို Professonal ကျကျကျွမ်းကျင်စွာ လုပ်ကိုင်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နှင့် MMRA အနေနှင့် မြန်မာနိုင်ငံလက်လီလုပ်ငန်းကဏ္ဍ တစ်ခုလုံးတွင် ဖွံ.ဖြိုးပြီးနိုင်ငံများနည်းတူ တိုးတက်လာရန် အတွက် ဗဟိုအလုပ်အမှုဆောင်များနှင့် အတူ အထူးကြိုးစားဆောင်ရွက်သွားပါမည်ကို အသင်းဥက္ကဌမှနိဂုံးချုပ်ပြောကြားခဲ့သည်။ ထို့နောက် အစည်းအဝေးတက်ရောက်သူများက လက်ရှိလုပ်ငန်းစဉ်များတင်ပြခြင်းအနေဖြင့် အသင်းစဖွဲ့ပြီးချိန်မှစပြီး ၃လတစ်ကြိမ်လှုပ်ရှားမှုများမှာ အသင်းသားများအတွက်အထောက်အကူပြုစေရန်၊ Retailers များအတွက် အတွေ့အကြုံနှင့်ယှဉ်ပြီး ဗဟုသုတရစေရန် ရည်ရွယ်ကာ တစ်နှစ်အတွင်းဆောင်ရွက်ခဲ့သော လှုပ်ရှားမှူများတွင် ဟောပြောပွဲ၊ ဆွေးနွေးပွဲများအဓိကထားပြုလုပ်ခဲ့ကြောင်း၊ ပြည်တွင်းသို့ဝင်ရောက်လာမည့် နိုင်ငံခြားလက်လီလက်ကားကုမ္ပဏီတွေကို မြန်မာပြည်အတွင်း ခွင့်ပြုသင့် မပြုသင့်နှင့်ပတ်သတ်ပြီး ဆွေးနွေးခဲ့သည့်အကြောင်းအရာများကို အသင်းသားများအားပြန်လည်တင်ပြခြင်း၊ စာသုံးသူကာကွယ်ရေးဥပဒေနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခြင်း၊ အာရှနဲ့ပတ်သက်တဲ့ Retailers Assocaition တွေနှင့် အတွေ့အကြုံဖလှယ်သည့်ဆွေးနွေးပွဲများပြုလုပ်ခြင်းအကြောင်း၊ ရှေု့လုပ်ငန်းစဉ်များအနေဖြင့် တခြားတိုင်းနှင့် ပြည်နယ်များတွင် Seminar နှင့် Workshopများ စည်းရုံးရေးလုပ်ငန်းများလုပ်ရန် စီစဉ်ထားကြောင်း၊ Training center တစ်ခုကို အပြင် သင်တန်းကျောင်းနဲ့ ပူပေါင်းပြီး ဖွင့်နိုင်အောင် နှင့် Retail နဲ့ပတ်သက်တဲ့ သင်ကြားပေးနေတဲ့ သင်တန်းတွေနဲ့ ဆက်သွယ်ထားကြောင်းအပြင် အနိမ့်ဆုံးအဆင့် ရန်ကုန် နဲ့ မန္တလေးမှာ Retail Training Center ကို အပြင်ကျောင်းနဲ့ပူပေါင်းပြီး ဖွင့်သွားနိုင်မယ့် အခြေအနေ ရှိလာနိုင်ကြောင်း တို့ပြောကြားခဲ့သည်။ မန္တလေးအသင်းမှ ဒေါ်ခင်ဆန်းရီမှလည်း မန္တလေးအသင်း၏ သက်တမ်း ၈ လအတွင်းမှာ လုပ်ဆောင်နိုင်ခဲ့သောကိစ္စရပ်များနှင့် လက်ရှိလုပ်ဆောင်နေသည့်လုပ်ငန်းစဉ်များအကြောင်း၊ စက်တင်ဘာလ ၂၇ရက်တွင် အလင်းသစ်စာပေရဲ့ပိုင်ရှင် လွတ်မြောက်လမ်းဝန်ဆောင်မှုကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ ဆရာဦးဥာဏ်အောင်၏ The Way To Overcome the Capital of small Business ခေါင်းစဉ်နဲ့ဆွေးနွေးမည့် ဟောပြောပွဲပြုလုပ်မည့်အကြောင်း၊ အောက်တိုဘာလထဲတွင်လည်း ရန်ကုန်မှ ဒေါက်တာ ဒေါ်ဥမ္မာမြင့်မှလာရောက်ပြီး HR ဟောပြောပွဲတစ်ခုလုပ်မည့်အကြောင်း နှင့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် မန္တလေးမြို့မှာရှိတဲ့ လူငယ်လုပ်ငန်းရှင်များအတွက် ရန်ကုန်မြို့Strategy First မှ ဆရာဦးအောင်ချစ်ခင်ကို ဖိတ်ခေါ်ပြီး ဆွေးနွေးပွဲလုပ်ဖို့စီစဉ်ထားကြောင်းပြောကြားခဲ့သည်။ ထို့အပြင် အစည်းအဝေးပွဲ၌ ဒုတိယဥက္ကဌ ဒေါ်ခင်မျိုးသက်မှ မြန်မာနိုင်ငံ လက်လီရောင်းချသူအသင်းမှာ ဘဏ္ဍရေးကော်မတီမှ နှစ်ပတ်လည် အစီရင်ခံစာနှင့် နှစ်ချုပ်ငွေစာရင်းရှင်းတမ်းကို ရှင်းလင်းတင်ပြခဲ့သည်။ အစည်းအဝေးနောက်ဆုံးအစီအစဉ်အနေဖြင့် အသင်းသားများနှင့်အပြန်အလှန်ဆွေးနွေးသည့် Panel Discussion များပြုလုပ်ပြီး အစည်းအဝေးကို နိဂုံးချုပ်ခဲ့သည်။

Myanmar Retailers Conference 2014[သြဂုတ်လ ၂၆ရက်နေ့ ၂၀၁၄ခုနှစ်]

Myanmar Retailers Conference 2014[သြဂုတ်လ ၂၆ရက်နေ့ ၂၀၁၄ခုနှစ်]

မြန်မာနိုင်ငံ လက်လီလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လက်လီလုပ်ငန်းလုပ်ကိုင်နေသူများ အကျိုးရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ Myanmar Retailers Conference ကို သြဂုတ်လ ၂၆ရက်နေ့ ၂၀၁၄ခုနှစ်တွင် MCC ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးပွဲသို့ လက်လီလုပ်ငန်းလုပ်ကိုင်နေကြသော လုပ်ငန်းရှင်များ၊ အုပ်ချုပ်သူများ၊ ဝန်ထမ်းများအားလုံး ကြွရောက်ချီးမြင့်ခဲ့ကြသည်။ ယင်းအစည်းအဝေးပွဲတွင် အာရှဒေသအတွင်းရှိ လက်လီလုပ်ငန်းများ၏ အခြေအနေနှင့် ဆန်းသစ်ပြောင်းလဲခြင်းအားဆွေးနွေးခြင်း နှင့် ပတ်သက်ပြီး (၁) လက်လီရောင်းချသောလုပ်ငန်း လမ်းကြောင်းပုံစံတွေ အရှိန်အဟုန်နှင့် ပြောင်းလဲလာမူ။ (၂) ကုန်ပစ္စည်းများ ပြောင်းလဲလာမူ။ (၃) လက်လီဆိုင်များမှ စားသုံးသူဆီသို့ ကုန်ပစ္စည်းများရောင်းချမှုပုံစံ ပြောင်းလဲလာမူ တို့တွင် အာရှဒေသတွင်ရောက်ရှိနေသောပုံစံများအား Ms. Srivoravilai Runchita မှတင်ပြရှင်းလင်းသွားသည်။ အခွန်နှင့်ပတ်သတ်၍ဆွေးနွေးခြင်းကို ပါမောက္ခ ဒေါက်တာ ဦးအောင်ထွန်းသက်၊ ဘဏ္ဍရေးနဲ့ အခွန်ဝန်ကြီးဋ္ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇေယျာကြည်ညွှန့်၊ ဦးဝမ်းတင့်၊ ဒေါ်ဝင်းဝင်းတင့် နှင့် ဒေါ်ဝေသစ်လွင် တို့မှ ရှင်းလင်းတင်ပြခဲ့ပြီး Panel Discussion (အုပ်စုလိုက်ဆွေးနွေးချက်များ) လည်းပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း ၁၉ ကြိမ်မြောက် အစည်းအဝေး။[ စက်တင်ဘာလ (၃၀)ရက်နေ့ ၂၀၁၄ခုနှစ်]

မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း ၁၉ ကြိမ်မြောက် အစည်းအဝေး။[ စက်တင်ဘာလ (၃၀)ရက်နေ့ ၂၀၁၄ခုနှစ်]

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ၁၉ ကြိမ်မြောက် လစဉ် ပုံမှန် အစည်းအဝေးကို စက်တင်ဘာလ (၃၀)ရက်နေ့ ၂၀၁၄ခုနှစ် အင်္ဂါနေ့ နေ့လည် (၄:ဝဝ)နာရီတွင် City Mart Holding Group အစည်းဝေးခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမူကော်မရှင် မှ ထုတ်ပြန်ခဲ့သော အမိန်ကြောငြာစာအမှတ် 1/2013 အား အစားထိုးရန်ထုတ်ပြန်ခဲ့သော အမိန့်ကြောငြာစာအမှတ် အသစ် 49/2014 နှင့် 50/2014 တို့နှင့်ပတ်သက်သော အခြေအနေများကို ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း အနေဖြင့် FAPRA သို့အသင်းဝင်သည့် အခြေအနေအား ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း "MMRA" အစား "MMRA" သို့ ပြောင်းလဲခေါ်ဆိုနိုင်ရန် အတွက် ဆွေးနွေးခြင်း၊ နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင် မှ အကြောင်းပြန်လာသော Pro Mart Myanmar နှင့် ပတ်သတ်၍ ဆွေးနွေးခြင်းများကို ဥက္ကဌ ဒေါ်ဝင်းဝင်းတင့်မှ ဆွေးနွေးတင်ပြသွားပြီး အစည်းအဝေး တက်ရောက်သူများမှ "The Workshop on Distribution Policy for Myanmar" ကို တက်ရောက် ရန်စိတ်ပါဝင်စားသော အသင်းဝင်များ ထဲမှ သတ်မှတ်အရည်အချင်းနှင့် အကိုက်ညီဆုံးသူ (၁၇) ဦးအား စနစ်တစ်ခုချမှတ်၍ ရွေးချယ်နိုင်ရန် ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့သည်။ ထို့အပြင် အစည်းအဝေး၌ ဒုတိယ ဥက္ကဌ ဒေါ်ခင်မျိုးသက်မှ သြဂုတ်လ ၂၆ ရက်နေ့တွင်ကျင်းပ ပြုလုပ်ခဲ့သည့် 2014 Myanmar Retailer Conference ၏ ရသုံးငွေစာရင်း ရှင်းတမ်း အကျဉ်းချုံးကိုတင်ပြခြင်း နှင့် ဒေါ်ဝေသစ်လွင်မှ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းTraining Center ထားရှိနိုင်ရန်အတွက် လက်ရှိဆောင်ရွက်နေသော Training Center များမှ ပေးပို့ထားသော Training Proposal များကို ပညာရေးကော်မတီမှ ဆွေးနွေးရန် နှင့် ကျန်အစည်းဝေးတက်ရောက်သူများမှ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း ရုံးခန်းနှင့် ဝန်ထမ်းနှစ်ဦး ခန့်အပ်ထားရှိရန် အတွက် ဆွေးနွေးခြင်း နှင့် ဦးမျိုးမင်းအောင် အလုပ်သမား အလုပ်အကိုင်နှင့် ပတ်သတ်၍ ဆွေးနွေးခြင်းများပြောကြားဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း ၂၀ ကြိမ်မြောက် အစည်းအဝေး။[ဒီဇင်ဘာလ (၂၃)ရက်နေ့ ၂၀၁၄ခုနှစ်]

မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း ၂၀ ကြိမ်မြောက် အစည်းအဝေး။[ဒီဇင်ဘာလ (၂၃)ရက်နေ့ ၂၀၁၄ခုနှစ်]

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ၂၀ ကြိမ်မြောက် လစဉ် ပုံမှန် အစည်းအဝေးကို ဒီဇင်ဘာလ (၂၃)ရက်နေ့ ၂၀၁၄ခုနှစ် အင်္ဂါနေ့ နေ့လည် (၃:ဝဝ)နာရီတွင် UMFCCI စတုတ္ထထပ်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းတင့်မှ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း "MRA" အစား "MMRA" သို့ ပြောင်းလဲခေါ်ဆိုနိုင်ရန် အတွက် ပြုလုပ်ထားခဲ့သည်များကို ဆွေးနွေးခြင်း၊ World Retail Congress ASIA Pacific in Singapore(WRCAP) ကျင်းပပြုလုပ်ရန်ရှိကြောင်းနှင့် ထို Conference ပွဲသည် စင်္ကာပူနိုင်ငံမှ ကျင်းပပြုလုပ်သည်မဟုတ်ဘဲ Asia Pacific Retailers Association တစ်ကမ္ဘာလုံးနှင့်ပတ်သက်သော Conference ပွဲအဖြစ်ပြုလုပ်ခြင်းဖြစ်ကြောင်း MMRA တွင်အသင်းဝင်ထားသော Retailersများအနေဖြင့် စိတ်ဝင်စားပါက ပါဝင်နိုင်ကြောင်းနှင့် ကျင်းပမည့် အခမ်းအနားအစီစဉ်များနှင့် သတ်မှတ်နှုန်းထားများကိုပြန်လည် အသိပေးမည်ဖြစ်ကြောင်း နှင့် MPU မှ ပြောင်းလဲကောက်ခံသော Commision rate အားဆွေးနွေးခြင်းများပြောကြားခဲ့ပြီး အထွေထွေအတွင်းရေးမှူး ဦးသူရိန်ငြိမ်းမှ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း ရုံးခန်းအတွက် ဆွေးနွေးခြင်း နှင့် လုပ်ခလစာ အနည်းဆုံးသတ်မှတ်ခြင်း အစည်းအဝေးပွဲတွင် ဆွေးနွေးခဲ့သည်များကို ပြန်လည်ဆွေးနွေးတင်ပြခြင်း ကို ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးမင်းအောင် မှဆွေးနွေးတင်ပြခဲ့သည်။ အထွေထွေအတွင်းရေးမှူး ဦးသူရိန်ငြိမ်းမှထပ် အသင်းသားများတိုးတက်ဖွံ့ဖြိုးရေးအတွက် အသင်းမှဆောင်ရွက်နိုင်မည့်လုပ်ငန်းများ၊ သင်တန်းများဖွင့်လှစ်ခြင်း အတွက်ဆွေးနွေးခြင်း များ နှင့် သင်တန်းများ ဖွင့်လစ်သည့်အခါ Retailer Talk အနေဖြင့်ဟောပြောပွဲများကို လတစ်လ၏ နောက်ဆုံးအပတ် ၂း၀၀ မှ ၄း၀၀ အတွင်းတွင် နိုင်ငံတစ်ကာတွင်ဖြစ်နေသော Retail Trend များကို ဟောပြောပွဲ တစ်ခုပြုလုပ်စီစဉ်ပေးနိုင်ရန် အတွက် ကို ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းတင့်မှ အကြံပြု ပြောကြားထားပါသည်။

မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း ၂၁ ကြိမ်မြောက် အစည်းအဝေး။[ဒီဇင်ဘာလ (၂၆)ရက်နေ့ ၂၀၁၄ခုနှစ်]

မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း ၂၁ ကြိမ်မြောက် အစည်းအဝေး။[ဒီဇင်ဘာလ (၂၆)ရက်နေ့ ၂၀၁၄ခုနှစ်]

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ၂၁ ကြိမ်မြောက် လစဉ် ပုံမှန် အစည်းအဝေးကို ဒီဇင်ဘာလ (၂၆)ရက်နေ့ ၂၀၁၄ခုနှစ် ကြာသာပတေးနေ့ ညနေ (၂:ဝဝ)နာရီတွင် UMFCCI စတုတ္ထထပ်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအစည်းဝေးပွဲကို Thai Retailer Association မှ Dr.Chatchai နှင့် Mr.Sirapat Kettarn (SK), Group Project Manager of IMPACT Company တို့မှ တက်ရောက်ဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံရသည့် အဓိကအကြောင်းအရင်းမှာ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ASEAN Retail Congress အား မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ တက်ရောက် ပါဝင်နိုင်ရန်အတွက် လာရောက် ဖိတ်ကြားခြင်း နှင့် ထိုပွဲနှင့်ပတ်သက်သည်များကို အသေးစိတ်ရှင်းလင်းပြောကြားသွားသည်။ ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်၊ အထွေထွေ အတွင်းရေးမှုး ဦးသူရိန်ငြိမ်း နှင့် ဗဟိုအလုပ်အမှုဆောင် ဒေါ်သီတာသန်း တို့မှ Japan NEDO နှင့် "Introducing a saving energy system to super markets in Myanmar" ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည် များကို ပြန်လည်တင်ပြခြင်း နှင့် ဦးသူရိန်ငြိမ်းမှ ဆက်လက်ပြီး မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းရုံးခန်းအတွက်ဆွေးနွေးခဲ့သည်။ ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးမင်းအောင် မှ အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ရေးအတွက် အလုပ်ရှင်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည်များကို ပြန်လည် ဆွေးနွေးတင်ပြခြင်း နှင့်ဒေါ်တင်စုလှိုင်မှ HIDA (The Overseas Human Resource and Industry Development Association) မှ ဒီဇင်ဘာတွင် ပြုလုပ်ခဲ့သည့် The Workshop on Distribution Policy for Myanmar တွင်သင်ကြားခဲ့သည်များကို ပြန်လည်ဆွေးနွေးတင်ပြခြင်း၊ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းတင့်မှ World Retail Congress Asia Pacific 2015 in Singapore (WRCAP) နှင့် 17th Asia Pacific Retailers Convention and Exhibition at Philippinesပွဲများနှင့်ပတ်သက်သည်များကို ဆွေးနွေးတင်ပြသွားခဲ့သည်။ ထို့အပြင် MMRA ၏ ၂၀၁၅ ခုနှစ် တွင်ပြုလုပ်မည့် ပုံမှန်အသင်းအစည်းအဝေး ရက်များကို သတ်မှတ်ဆွေးနွေးခြင်း၊ ဟောပြေဆွေးနွေးပွဲများကို ၆လတစ်ကြိမ်ပြုလုပ်ရန်နှင့် Knowledge Sharing Section, Member's Open Days အသင်းသားများကို ဖိတ်ကြား၍ နှစ်လတစ်ကြိမ်ခန့် အသိပညာ (သို့) အတွေ့အကြုံ ဗဟုသုတများကို section အလိုက် ဆွေးနွေးပွဲ ပြုလုပ်ရန်များကို ဆွေးနွေးတင်ပြသွားသည်။

Japan Retailers Association အဖွဲ့နှင့်တွေ့ဆုံခြင်း

Japan Retailers Association အဖွဲ့နှင့်တွေ့ဆုံခြင်း

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း နှင့် ဂျပန်နိုင်ငံ မှ လက်လီရောင်းချသူများအသင်းတို့ တွေ့ဆုံခဲ့ ကြသည်။ အဆိုပါတွေ့ဆုံပွဲ တွင် ယင်း ဂျပန်လက်လီရောင်းချသူများအသင်း အနေနှင့် အာရှလက်လီရောင်းချသူများအသင်း နှင့်ပက်သက်၍ ကူညီရန်အသင့်ရှိနေသည် ဟုသိရှိရပါသည်။ ကမ္ဘာ့ လက်လီရောင်းချသူများ အသင်းနှင့် စတင်လုပ်ဆောင်မည့်အချိန်တွင်လည်း မိမိတို့ဖက်မှ တတ်အားသ၍ ပူပေါင်းရန် အသင့်ရှိကြောင်း ထပ်လောင်း ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ ကျင်းပမည့် ဟောပြောဆွေးနွေးပွဲများနှင့် ပတ်သက်၍ သတင်းနှင့်စာနယ်ဇင်းများအားအသိပေးရှင်းလင်းခြင်း [၁၂ရက်နေ ဇွန်လ ၂၀၁၃ခုနစ်]

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ ကျင်းပမည့် ဟောပြောဆွေးနွေးပွဲများနှင့် ပတ်သက်၍ သတင်းနှင့်စာနယ်ဇင်းများအားအသိပေးရှင်းလင်းခြင်း [၁၂ရက်နေ ဇွန်လ ၂၀၁၃ခုနစ်]

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ ပထမဆုံးအကြိမ်ပြုလုပ်မည့်ဟောပြောဆွေးနွေးပွဲများနှင့် ပတ်သက်၍ သတင်းနှင့်စာနယ်ဇင်းများအား အသိပေးရှင်းလင်းပွဲကို ၂၀၁၃ခုနစ် ဇွန်လ ၁၂ရက်နေ့ နံနက် ၉း၃၀ အချိန်၌ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး (UMFCCI)၊ တတိယထပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ မြန်မာလက်လီရောင်းချသူများအသင်းအနေဖြင့် ပထမအကြိမ်ဟောပြောပွဲကို ၂၀၁၃ခုနစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် "လက်လီလုပ်ငန်း မိတ်ဆက် (Introduction to Retail Industry)" ခေါင်းစဉ်ဖြင့် ကဏ္ဍသုံးပိုင်းခွဲ၍ ဟောပြောမှာဖြစ်ပြီး အုပ်စုလိုက်အပြန်အလှန်ဆွေးနွေးခြင်းကို လည်းပြုလုပ်မည်ဟု သိရှိရပါသည်။ ဒုတိယအကြိမ်ဟောပြောပွဲတွင် "ထိရောက်သော လက်လီစီးပွားရေးလုပ်ငန်းတစ်ခု မည်သို့ဆောင်ရွက်မည်( How to Run Retail Business Efficiently) " ခေါင်းစဉ်ဖြင့် သြဂုတ်လ (၂၄) ရက်နေ့တွင် တစ်ကြိမ်၊ တတိယအကြိမ်ဟောပြောပွဲကို "သင်၏လက်လီလုပ်ငန်းတိုးတက်အောင်မြင်အောင် မည်သို့လုပ်ဆောင်နိုင်မည်နည်း (How You can Grow Your Retail Business)" ခေါင်းစဉ်ဖြင့် စက်တင်ဘာလ (၂၈)ရက်နေ့တွင် ဟောပြောဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ အထိုပါ ဟောပြောဆွေးနွေးပွဲနေ့များတွင်လည်း အသင်းဝင်များ ကို စတင်လက်ခံသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ပထမအကြိမ် ဟောပြောဆွေးနွေးပွဲ[၂၄ရက်နေ့ ဇူလိုင်လ ၂၀၁၃ခုနစ်]

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ပထမအကြိမ် ဟောပြောဆွေးနွေးပွဲ[၂၄ရက်နေ့ ဇူလိုင်လ ၂၀၁၃ခုနစ်]

မြန်မာနိုင်ငံ လက်လီလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လက်လီ လုပ်ငန်းလုပ်ကိုင်နေသူများ အကျိုးရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ ပထမဆုံးအကြိမ် အဖြစ် " Introduction to Retail Industry " (လက်လီလုပ်ငန်းမိတ်ဆက်) ဟုအမည်ပေးထားသော ဟောပြောပွဲကို ဇူလိုင်လ ၂၄ ရက် ၂၀၁၃ ခုနစ် UMFCCI ပထမထပ်၌ ကျင်းပခဲ့ကြသည်။ လက်လီလုပ်ငန်းလုပ်ကိုင်နေကြသော လုပ်ငန်းရှင်များ၊ အုပ်ချုပ်သူများ၊ ဝန်ထမ်းများအားလုံး ကြွရောက်ချီးမြင့်ခဲ့ကြသည်။ အထိုပါ ဆွေးနွေးပွဲတွင် လက်လီရောင်းချမှုလုပ်ငန်းအကြောင်း နှင့် ပက်သက်ပြီး မိတ်ဆက်ပေးခြင်း ခေါင်းစဉ် ဖြင့် စတင်တင်ပြ ပြီး Panel Discussion (အုပ်စုလိုက်ဆွေးနွေးချက်များ) လည်းပြုလုပ်ခဲ့ပါသည်။