June 2016

အမျိုးသားအစားသောက် ဥပဒေအသစ်ရေးဆွဲရေးညှိနှိုင်းအစည်းအဝေး [ ဖေဖော်ဝါရီလ ၁၆ရက်နေ့ ၂၀၁၄ခုနှစ်]

အမျိုးသားအစားသောက် ဥပဒေအသစ်ရေးဆွဲရေးညှိနှိုင်းအစည်းအဝေး [ ဖေဖော်ဝါရီလ ၁၆ရက်နေ့ ၂၀၁၄ခုနှစ်]

အမျိုးသားအစားသောက် ဥပဒေအသစ်ရေးဆွဲရေးညှိနှိုင်းအစည်းအဝေး ကို နေပြည်တော်၌ ဖေဖော်ဝါရီလ ၁၆ရက်နေ့ ၂၀၁၄ခုနှစ်တွင် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် လက်လီဆိုင်များတွင် ပြည်တွင်းဖြစ် ကုန်ပစ္စည်းများ ရောင်းချရာတွင် FDA အသိအမှတ်ပြုလက်မှတ်နှင့် ပတ်သက်၍ ရင်ဆိုင်နေရသော အခက်အခဲများဖြစ်သော -

လက်လီရောင်းချသူများအနေဖြင့် Import product များကို ရောင်းချရာတွင် အခက်အခဲ မရှိသော်လည်း ပြည်တွင်းဖြစ် SME များမှ ထုတ်လုပ်သော ကုန်စည်များ အတွက်ကိုမူ FDA အသိအမှတ်ပြု လက်မှတ် ရရှိရန် ခက်ခဲခြင်း။
FDAအသိအမှတ်ပြုလက်မှတ် မပါလျှင် ရောင်းချခြင်း မပြုပါကလည်း လက်လီဆိုင်များတွင် ပြည်တွင်းဖြစ် ကုန်ပစ္စည်းများ ရောင်းချမှု နည်းပါးသွားမည် ဖြစ်ပြီး SME လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးအတွက် အဟန့်အတား ဖြစ်စေနိုင်ခြင်း။(FDAတွင် လက်ရှိကျင့်သုံးနေသော မူဝါဒအရ အသိအမှတ်ပြု လက်မှတ်တစ်ခုရရှိရန်အတွက် ကုန်ပစ္စည်းထုတ်လုပ်သူသည် စက်ရုံရှိရန် လိုအပ်သည် ဟူသောကန့်သတ်ချက် သည် တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေသောအိမ်တွင်းမှု လုပ်ငန်းများအတွက် အဟန့်အတား ဖြစ်စေပါသည်။)
စားသောက်ကုန်ထုတ်လုပ်သူများအသင်းမှ လက်ရှိလည်ပတ်နေသော ဓါတ်ခွဲခန်း စစ်ဆေး ၍ အန္တရာယ် ကင်းရှင်းကြောင်းအတည်ပြုချက် နှင့် ကုန်ပစ္စည်းများထုတ်လုပ်ခွင့် ရရှိပါက SME လုပ်ငန်းများအတွက် အဆင်ပြေချောမွေ့စေနိုင်ပါကြောင်း။
FDA အသိအမှတ်ပြုလက်မှတ် ရထားပြီးသားကုန်ပစ္စည်း ဖြစ်ပါသော်လည်း FDA အနေဖြင့် ဈေးကွက်ထဲတွင် ရောင်းချနေသောပစ္စည်းများအား ကျပန်းစနစ်ဖြင့် စစ်ဆေးပြီးအရည်အသွေး မညီညွတ်ပါကသတ်မှတ်ထားသည့် ဥပဒေများအတိုင်းအရေးယူဆောင်ရွက်ပေးပါရန်။
ပြည်ပမှ ၀င်ရောက်လာသည့် ကုန်ပစ္စည်းများအတွက်ကိုလည်းတင်သွင်းရောင်းချသည့် Batch တိုင်းအတွက် ပြန်လည် စစ်ဆေးပေးစေလိုပါကြောင်းတို့ကိုတင်ပြဆွေးနွေးသွားခဲ့ကြသည်။

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း(မန္တလေးတိုင်းဒေသကြီး)

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း(မန္တလေးတိုင်းဒေသကြီး)

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း(မန္တလေးတိုင်းဒေသကြီး) မှဦးစီး၍ ၄-၆-၂၀၁၆ တွင် အဖျော်ယမကာရောင်းချသော လက်လီလုပ်ငန်းရှင်များ နှင့် ၄င်း ၅-၆-၂၀၁၆ တွင် ဆေးဝါးလက်လီရောင်းချသော လုပ်ငန်းရှင်များနှင့်၎င်း နေ့လည် ၁ နာရီမှ ၃ နာရီထိ အသင်းအစည်းဝေးခန်းမ ၌ လုပ်ငန်းများ၌ဖြစ်ပေါ်နေသော အခက်အခဲများ ကို အပြန်အလှန် တွေ့ဆုံဆွေးနွေးခဲ့ကျသည်။

နောင် အပတ်စဉ် လုပ်ငန်းတူအစုအဖွဲ့အလိုက် တွေ့ဆုံဆွေးနွေးပွဲများကျင်းပပြုလုပ်ပေးသွားပါမည်။

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ စားသုံးသူအကာအကွယ်ပေးရေးဥပဒေ နှင့် ပတ်သက်၍ လှုပ်ဆောင်မှုများ[ဇွန်လ (၂၃)ရက်နေ့ ၂၀၁၄ခုနှစ်]

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ စားသုံးသူအကာအကွယ်ပေးရေးဥပဒေ နှင့် ပတ်သက်၍ လှုပ်ဆောင်မှုများ[ဇွန်လ (၂၃)ရက်နေ့ ၂၀၁၄ခုနှစ်]

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် လုပ်ငန်းရှင်များနှင့်ရန်ကုန်မြို့ ကုန်သည်စက်မှု အသင်းချုပ်တွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ 
အဆိုပါဆွေးနွေးပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊သက်ဆိုင်ရာဌာနမှ 
တာဝန်ရှိသူများ၊ကုန်သည်များ နှင့် မြန်မာနိုင်ငံ စက်မှု၊လက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဌ နှင့် တာဝန်ရှိသူများ၊သက်ဆိုင် လုပ်ငန်းနယ်ပယ် အသီးသီးမှ လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်းချုပ် မှ
ဥက္ကဌ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ လက်လီ ရောင်းချသူများအသင်းချုပ် ဥက္ကဌ မှ လက်လီ
လုပ်ငန်းနယ်ပယ်တွင်ကြုံတွေ့ရသော ဘဏ္ဍာအခွန်အခက်ခဲကိစ္စများ ဆွေးနွေးတင်ပြခဲ့ကြစဉ်။

Association

လက်လီရောင်းချရေးလုပ်ငန်းဖွံ့ဖြိုးမှုကော်မတီ အနေဖြင့် အောက်ပါ အခြေခံ ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်လျှက်ရှိပါသည်။လက်လီရောင်းချရေးလုပ်ငန်းဖွံ့ဖြိုးမှုကော်မတီ အနေဖြင့် အောက်ပါ အခြေခံ ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်လျှက်ရှိပါသည်။လက်လီရောင်းချရေးလုပ်ငန်းဖွံ့ဖြိုးမှုကော်မတီ အနေဖြင့် အောက်ပါ အခြေခံ ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်လျှက်ရှိပါသည်။လက်လီရောင်းချရေးလုပ်ငန်းဖွံ့ဖြိုးမှုကော်မတီ အနေဖြင့် အောက်ပါ အခြေခံ ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်လျှက်ရှိပါသည်။လက်လီရောင်းချရေးလုပ်ငန်းဖွံ့ဖြိုးမှုကော်မတီ အနေဖြင့် အောက်ပါ အခြေခံ ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်လျှက်ရှိပါသည်။လက်လီရောင်းချရေးလုပ်ငန်းဖွံ့ဖြိုးမှုကော်မတီ အနေဖြင့် အောက်ပါ အခြေခံ ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်လျှက်ရှိပါသည်။လက်လီရောင်းချရေးလုပ်ငန်းဖွံ့ဖြိုးမှုကော်မတီ အနေဖြင့် အောက်ပါ အခြေခံ ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်လျှက်ရှိပါသည်။လက်လီရောင်းချရေးလုပ်ငန်းဖွံ့ဖြိုးမှုကော်မတီ အနေဖြင့် အောက်ပါ အခြေခံ ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်လျှက်ရှိပါသည်။

စားသုးံသူရေးရာ လားရိုး

စားသုးံသူရေးရာ လားရိုး

စားသုံးသူရေးရာဦးစီးဌာန၊လားရှိုးကဒီနေ့ မနက်မှာ ရပ်ကွက်(၅)၊(၄၁)လမ်းထဲကဦးအောင်ဝင်းရဲ့အိမ်ကိုသွားပြီးတော့ ဈေးကွက်အတွင်းမှာဖြန့် ဖြူးရောင်းချနေတဲ့ ချမ်းသာမြေပဲဆီသန့် နဲ့ စူပါစားဆီသန့် တို့ ကိုသွားရောက်စစ်ဆေးခဲ့ပါသည်။.သို့ သော် အိမ်အကူသာတွေ့ ရှိရပြီးအိမ်ရှင်များကခရီးထွက်နေသည်ဆိုသည့်အကြောင်းပြချက်ကြောင့် အိမ်ရှင်များနဲ့ မတွေ့ ခဲ့ရပေ။..ဖုန်းခေါ်သော်လည်းမရသောကြောင့် လိုအပ်သည့်အထောက်အထား/စာရွက်စာတမ်းများကိုယူလာပြီးမနက်ဖြန်မနက်မိမိတို့ ရုံးမှာ လာရောက်ရှင်းပြဖို့ စာရေးပေးထားခဲ့ရပါသည်။.. 
ထပ်မံပြီးရပ်ကွက်(၅)၊(၃၈)လမ်းထဲမှ ရွှေမန္တလေးပဲဆီသန့် ထုတ်လုပ်ရောင်းချနေတဲ့ ကိုမျိုး +မခင်မိုးတို့ အိမ်ကိုသွားရောက်စစ်ဆေးရာမှာတော့ ဆီစက်ကိုမတွေ့ ရပဲ ဆီရောသည့်စက်ကိုသာတွေ့ ရှိခဲ့ရပြီး မေးမြန်းချက်များအရ မန္တလေးမှ ဆီကိုမှာယူကြောင်းနှင့် ရောက်လာသောဆီများကို ရောစပ်ကာ ကိုယ်ပိုင်အမှတ်တံဆိပ်ကပ်၍ရောင်းချနေခြင်းဖြစ်ကြောင်းစစ်ဆေးတွေ့ ရှိခဲ့ရပါသည်..၀ယ်ယူသောမန္တလေးသို့ ဖုန်းနှင့်မေးမြန်းရာတွင်လည်း ၄င်းတို့ မှ MEIZAN COMPANY သို့ လှမ်းမှာ၍လည်းကောင်း၊မန္တလေးတွင်ကိုယ်တိုင်မြေပဲများကိုဝယ်ယူပြီးကြိတ်ခွဲခြင်းဖြင့်လည်းကောင်းရရှိလာသောဆီများကို လားရှိုးသို့ တင်ပို့ ခြင်းဖြစ်ကြောင်းသိရှိရပြီးအထောက်အထားမခိုင်လုံသောကြောင့်ရွှေမန္တလာပဲဆီသန့်  ရောင်းချမှုကို ရပ်ဆိုင်းထားရန်မှာကြားခဲ့ပြီး ဆီနမူနာများကိုယူဆောင်ခဲ့ပါသည်။ထိုဆီများကို ဓါတ်ခွဲစစ်ဆေးပြီးချိန်တွင်စားသုံးသူအတွက်ဘေးအန္တရာယ်မရှိကြောင်းသေချာမှသာဆက်လက်ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ထိုသို့ ရောင်းချခွင့်ပြုရာတွင်လည်း ပဲဆီသန့် ဟုလိမ်ညာ၍မရေးရန် သတိပေးပြောကြားခဲ့ပါသည်။
ဆက်လက်ပြီးရပ်ကွက်(၅)မန်အိုင်လမ်းရှိ ချမ်းငြိမ်း ပဲဆီ၊နှမ်းဆီလက်လီ/လက်ကားဖြန့် ချီရေးသို့ ဝင်ရောက်စစ်ဆေးရာတွင် ဆီစက်မှာလက်တွေ့ လည်ပတ်နိုင်ခြင်းမရှိပဲ ပုံးဆီများကိုမှာယူကာ ဘူးခွံများတွင် ကိုယ်ပိုင်အမှတ်တံဆိပ်ကပ် ကာ ရောင်းချနေခြင်းဖြစ်ကြောင်းတွေ့ ရှိခဲ့ရသော်လည်းလူကြီးများမရှိသေးဟုဆိုသောကြောင့် ဓါတ်ပုံမှတ်တမ်းများယူခဲ့ကာ မနက်ဖြန်မနက်မိမိတို့ ရုံးသို့ အထောက်အထား/စာရွက်စာတမ်းများယူ၍လာရောက်ရှင်းပြရန်မှာကြားခဲ့ပါသည်။
မိမိတို့ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်းတွင် စားသုံးသူများဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အစားအသောက်/အသုံးအဆောင်ကုန်ပစ္စည်းများကို ရောင်းချမှုရှိ/မရှိဆက်လက်စစ်ဆေးသွားမည်ဖြစ်ပြီး စစ်ဆေးတွေ့ ရှိပါက ကုန်ပစ္စည်းများကိုသိမ်းဆည်း၍ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပါသည်။ မိမိတို့ ဦးစီးဌာနအနေဖြင့် လက်ကားဖြန့် ချီလျက်ရှိသောဆိုင်ကြီးများဖြစ်သည့် ပင်လယ်စာနှင့်အေးခဲအသားများ၊တရုတ်မှလာသောဝက်အူချောင်း/ကြက်အူချောင်း/ကြက်တောင်ပံ/အစပ်ချောင်းများ /စားသုံးရန်မသင့်သော တရုတ်မုန့် များရောင်းချလျက်ရှိသောဆိုင်ကြီးများသို့ လည်းကောင်း၊ ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးဆိုင်များသို့ လည်းကောင်း၊စားဆီများထုတ်လုပ်ရောင်းချ ဖြန့် ဖြူးနေသည့်ဆိုင်များသို့ လည်းကောင်း ပဏာမစစ်ဆေး၍ သတိပေးတားမြစ်ထားပြီးဖြစ်ပါသည်။ နောက်ပိုင်းတွင်ဈေးကွက်အတွင်းတောက်လျှောက်စစ်ဆေးသွားမည်ဖြစ်ပြီးထိုသို့ စစ်ဆေးရာတွင် ပြည်ပမှတင်သွင်းလာသောအစားအသောက်ကုန်ပစ္စည်းများဖြစ်ပါက FDA (အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန)၏ ထောက်ခံချက်နှင့်မိမိတို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏သွင်းကုန်လိုင်စင်တို့ အစစ်ဆေးခံနိုင်ရမည်ဖြစ်ကာ ပြည်တွင်းမှထုတ်လုပ်သော အစားအသောက်ကုန်ပစ္စည်းများဖြစ်ပါက ဘေးအန္တရာယ်မရှိကြောင်း FDA ထောက်ခံချက်တို့ ပြုလုပ်ထားရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲ /ကုန်ဆုံးသည့်ရက်စွဲတို့ ထည့်သွင်းထားရမည်ဖြစ်ကြောင်း နှင့် အထောက်အထားမပြနိုင်ပါက ကုန်ပစ္စည်းများကို သိမ်းယူ၍စားသုံးသူအကာအကွယ်ပေးရေးဥပဒေအရအရေးယူသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

၁၈-၆-၂၀၁၆ မြန်မာနိုင်ငံလက်လီလုပ်ငန်းရှင်များအသင်း(မန္တလေးတိုင်းဒေသကြီး)

၁၈-၆-၂၀၁၆ မြန်မာနိုင်ငံလက်လီလုပ်ငန်းရှင်များအသင်း(မန္တလေးတိုင်းဒေသကြီး)

၁၈-၆-၂၀၁၆ မြန်မာနိုင်ငံလက်လီလုပ်ငန်းရှင်များအသင်း(မန္တလေးတိုင်းဒေသကြီး) မှ အီလက်ထရောနစ် လုပ်ငန်းရှင်များ , လျှပ်စစ်ပစ္စည်းရောင်းချသောလုပ်ငန်းရှင်များ , စာရေးကိရိယာလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို အသင်းအစည်းဝေးခန်းမ၌ နေ့လည် ၁ နာရီ မှ ၃ နာရီထိ ကျင်းပပြုလုပ်ခဲ့သည်

ဂျပန်နိုင်ငံမှ HIDA - AOTS ရန်ကုန်ရုံး ဖွင့်လှစ်ခြင်း

11-1-2016

ဂျပန်နိုင်ငံမှ HIDA - AOTS ရန်ကုန်ရုံး ဖွင့်လှစ်ခြင်း

ဂျပန်နိုင်ငံမှ HIDA - AOTS ရန်ကုန်ရုံး ဖွင့်လှစ်ခြင်း အခန်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေကြီး ဒဂုံမြို့နယ် ရှိ Park Royal Hotel တွင်ကျင်းပခဲ့ပါသည်။အဆိုပါ HIDA - AOTS ရန်ကုန်ရုံး ဖွင့်လှစ်သည့် အခန်းနား သို့ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) မှ ဥက္ကဌ နှင့် တာဝန်ရှိသူများ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းချုပ်(MMRA) မှ ဥက္ကဌ ဒေါ်ဝင်းဝင်းတင့် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့စဉ်။