June 2016
Union Tax Law[မေလ ၂၀၁၅ခုနှစ်]
Union Tax Law[မေလ ၂၀၁၅ခုနှစ်]
မြန်မာနိုင်ငံသားများ ရင်းနှီးမြှုတ်နှံမှုဥပဒေ၊ ပြည်ထောင်စုလွတ်တော် ဥပဒေအမှတ်၁၈၊ ၂၉ ရက် ဇူလိုင်လ၊၂၀၁၃ခုနှစ်၊ နှင့် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုဥပဒေ၊ ပြည်ထောင်စုလွတ်တော် ဥပဒေအမှတ် ၂၁ ၊ ၂ ရက် နိုဝင်ဘာလ၊ ၂၀၁၂ခုနှစ် နှင့် ယင်းဥပဒေများနှင့်ဆပ်စပ်သည့် နည်းဥပဒေများကို ပေါင်းစည်းခြင်းနှင့် အစားထိုးခြင်း
မန္တလေးမြို့၌ မြန်မာနိုင်ငံ လက်လီရောင်းချသူများ အသင်းမှ ကြီးမှူးကျင်းပသော ဟောပြောဆွေးနွေးပွဲ [၂၃ရက်နေ့ နိုဝင်ဘာလ ၂၀၁၃ခုနစ်]
မန္တလေးမြို့၌ မြန်မာနိုင်ငံ လက်လီရောင်းချသူများ အသင်းမှ ကြီးမှူးကျင်းပသော ဟောပြောဆွေးနွေးပွဲ [၂၃ရက်နေ့ နိုဝင်ဘာလ ၂၀၁၃ခုနစ်]
မြန်မာနိုင်ငံလက်လီရောင်းချသူများ အသင်းမှ လက်လီလုပ်ငန်း နယ်ပယ် တိုးတက်အောင်မြင်နိုင်ရေးအတွက် အရေးပါသော ဗဟုသုတများ၊ သိသင့်သိထိုက်သော သတင်း အချက်အလက်များကို အခြေခံ၍ မန္တလေးမြို့ရှိ လက်လီလုပ်ငန်းရှင်များ အတွက် အခမဲ့ဟောပြောဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) တွင် ကျင်းပခဲ့ပါသည်။ ဟောပြောပွဲအစီအစဉ်များအရ မန္တလေးတိုင်းဒေသကြီး ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း၏ ဒုဥက္ကဋ္ဌ ဦးကျော်ဝင်းမှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး လက်လီလုပ်ငန်းရှင်ပေါင်း ၂၅၀ခန့် တက်ရောက်ခဲ့ပါသည်။။
မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ တတိယအကြိမ် ဟောပြောဆွေးနွေးပွဲ[၂၈ရက်နေ့ စက်တင်ဘာလ ၂၀၁၃ခုနစ်]
မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ တတိယအကြိမ် ဟောပြောဆွေးနွေးပွဲ[၂၈ရက်နေ့ စက်တင်ဘာလ ၂၀၁၃ခုနစ်]
မြန်မာနိုင်ငံ လက်လီလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လက်လီလုပ်ငန်းလုပ်ကိုင်နေသူများ အကျိုးရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ တတိယအကြိမ် အဖြစ် "ံHow You Can Grow Your Retail Business" (သင်၏လက်လီလုပ်ငန်းတိုးတက်အောင်မြင်အောင် မည်သို့လုပ်ဆောင်နိုင်မည်နည်း) ဟုအမည်ပေးထားသော ဟောပြောပွဲကို စက်တင်ဘာလ ၂၈ ရက် ၂၀၁၃ ခုနစ် UMFCCI ပထမထပ် (မင်္ဂလာ ခန်းမ) ၌ ကျင်းပခဲ့ကြသည်။ လက်လီလုပ်ငန်းလုပ်ကိုင်နေကြသော လုပ်ငန်းရှင်များ၊ အုပ်ချုပ်သူများ၊ ဝန်ထမ်းများအားလုံး ကြွရောက်ချီးမြင့်ခဲ့ကြသည်။ အထိုပါ ဆွေးနွေးပွဲတွင် သင်၏လက်လီလုပ်ငန်းတိုးတက်အောင်မြင်အောင် မည်သို့လုပ်ဆောင်နိုင်မည်နည်း အကြောင်း နှင့် ပက်သက်၍ စတင်တင်ပြ ပြီး ပါမောက္ခ ဒေါက်တာ ဦးအောင်ထွန်းသက် ဦးဆောင်၍ Panel Discussion (အုပ်စုလိုက်အပြန်အလှန် ဆွေးနွေးချက်များ) ကိုလည်းပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ဒုတိယအကြိမ် ဟောပြောဆွေးနွေးပွဲ[၂၃ရက်နေ့ နိုဝင်ဘာလ ၂၀၁၃ခုနစ်]
မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ဒုတိယအကြိမ် ဟောပြောဆွေးနွေးပွဲ[၂၃ရက်နေ့ နိုဝင်ဘာလ ၂၀၁၃ခုနစ်]
မြန်မာနိုင်ငံလက်လီရောင်းချသူများ အသင်းမှ လက်လီလုပ်ငန်း နယ်ပယ် တိုးတက်အောင်မြင်နိုင်ရေးအတွက် အရေးပါသော ဗဟုသုတများ၊ သိသင့်သိထိုက်သော သတင်း အချက်အလက်များကို အခြေခံ၍ မန္တလေးမြို့ရှိ လက်လီလုပ်ငန်းရှင်များ အတွက် အခမဲ့ဟောပြောဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) တွင် ကျင်းပခဲ့ပါသည်။ ဟောပြောပွဲအစီအစဉ်များအရ မန္တလေးတိုင်းဒေသကြီး ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း၏ ဒုဥက္ကဋ္ဌ ဦးကျော်ဝင်းမှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး လက်လီလုပ်ငန်းရှင်ပေါင်း ၂၅၀ခန့် တက်ရောက်ခဲ့ပါသည်။။
မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ပထမအကြိမ် ဟောပြောဆွေးနွေးပွဲ[၂၄ရက်နေ့ ဇူလိုင်လ ၂၀၁၃ခုနစ်]
မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ပထမအကြိမ် ဟောပြောဆွေးနွေးပွဲ[၂၄ရက်နေ့ ဇူလိုင်လ ၂၀၁၃ခုနစ်]
မြန်မာနိုင်ငံ လက်လီလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လက်လီ လုပ်ငန်းလုပ်ကိုင်နေသူများ အကျိုးရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ ပထမဆုံးအကြိမ် အဖြစ် " Introduction to Retail Industry " (လက်လီလုပ်ငန်းမိတ်ဆက်) ဟုအမည်ပေးထားသော ဟောပြောပွဲကို ဇူလိုင်လ ၂၄ ရက် ၂၀၁၃ ခုနစ် UMFCCI ပထမထပ်၌ ကျင်းပခဲ့ကြသည်။ လက်လီလုပ်ငန်းလုပ်ကိုင်နေကြသော လုပ်ငန်းရှင်များ၊ အုပ်ချုပ်သူများ၊ ဝန်ထမ်းများအားလုံး ကြွရောက်ချီးမြင့်ခဲ့ကြသည်။ အထိုပါ ဆွေးနွေးပွဲတွင် လက်လီရောင်းချမှုလုပ်ငန်းအကြောင်း နှင့် ပက်သက်ပြီး မိတ်ဆက်ပေးခြင်း ခေါင်းစဉ် ဖြင့် စတင်တင်ပြ ပြီး Panel Discussion (အုပ်စုလိုက်ဆွေးနွေးချက်များ) လည်းပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ ကျင်းပမည့် ဟောပြောဆွေးနွေးပွဲများနှင့် ပတ်သက်၍ သတင်းနှင့်စာနယ်ဇင်းများအားအသိပေးရှင်းလင်းခြင်း [၁၂ရက်နေ ဇွန်လ ၂၀၁၃ခုနစ်]
မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ ကျင်းပမည့် ဟောပြောဆွေးနွေးပွဲများနှင့် ပတ်သက်၍ သတင်းနှင့်စာနယ်ဇင်းများအားအသိပေးရှင်းလင်းခြင်း [၁၂ရက်နေ ဇွန်လ ၂၀၁၃ခုနစ်]
မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ ပထမဆုံးအကြိမ်ပြုလုပ်မည့်ဟောပြောဆွေးနွေးပွဲများနှင့် ပတ်သက်၍ သတင်းနှင့်စာနယ်ဇင်းများအား အသိပေးရှင်းလင်းပွဲကို ၂၀၁၃ခုနစ် ဇွန်လ ၁၂ရက်နေ့ နံနက် ၉း၃၀ အချိန်၌ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး (UMFCCI)၊ တတိယထပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ မြန်မာလက်လီရောင်းချသူများအသင်းအနေဖြင့် ပထမအကြိမ်ဟောပြောပွဲကို ၂၀၁၃ခုနစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် "လက်လီလုပ်ငန်း မိတ်ဆက် (Introduction to Retail Industry)" ခေါင်းစဉ်ဖြင့် ကဏ္ဍသုံးပိုင်းခွဲ၍ ဟောပြောမှာဖြစ်ပြီး အုပ်စုလိုက်အပြန်အလှန်ဆွေးနွေးခြင်းကို လည်းပြုလုပ်မည်ဟု သိရှိရပါသည်။ ဒုတိယအကြိမ်ဟောပြောပွဲတွင် "ထိရောက်သော လက်လီစီးပွားရေးလုပ်ငန်းတစ်ခု မည်သို့ဆောင်ရွက်မည်( How to Run Retail Business Efficiently) " ခေါင်းစဉ်ဖြင့် သြဂုတ်လ (၂၄) ရက်နေ့တွင် တစ်ကြိမ်၊ တတိယအကြိမ်ဟောပြောပွဲကို "သင်၏လက်လီလုပ်ငန်းတိုးတက်အောင်မြင်အောင် မည်သို့လုပ်ဆောင်နိုင်မည်နည်း (How You can Grow Your Retail Business)" ခေါင်းစဉ်ဖြင့် စက်တင်ဘာလ (၂၈)ရက်နေ့တွင် ဟောပြောဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ အထိုပါ ဟောပြောဆွေးနွေးပွဲနေ့များတွင်လည်း အသင်းဝင်များ ကို စတင်လက်ခံသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
Japan Retailers Association အဖွဲ့နှင့်တွေ့ဆုံခြင်း
Japan Retailers Association အဖွဲ့နှင့်တွေ့ဆုံခြင်း
မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း နှင့် ဂျပန်နိုင်ငံ မှ လက်လီရောင်းချသူများအသင်းတို့ တွေ့ဆုံခဲ့ ကြသည်။ အဆိုပါတွေ့ဆုံပွဲ တွင် ယင်း ဂျပန်လက်လီရောင်းချသူများအသင်း အနေနှင့် အာရှလက်လီရောင်းချသူများအသင်း နှင့်ပက်သက်၍ ကူညီရန်အသင့်ရှိနေသည် ဟုသိရှိရပါသည်။ ကမ္ဘာ့ လက်လီရောင်းချသူများ အသင်းနှင့် စတင်လုပ်ဆောင်မည့်အချိန်တွင်လည်း မိမိတို့ဖက်မှ တတ်အားသ၍ ပူပေါင်းရန် အသင့်ရှိကြောင်း ထပ်လောင်း ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း ၂၁ ကြိမ်မြောက် အစည်းအဝေး။[ဒီဇင်ဘာလ (၂၆)ရက်နေ့ ၂၀၁၄ခုနှစ်]
မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း ၂၁ ကြိမ်မြောက် အစည်းအဝေး။[ဒီဇင်ဘာလ (၂၆)ရက်နေ့ ၂၀၁၄ခုနှစ်]
မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ၂၁ ကြိမ်မြောက် လစဉ် ပုံမှန် အစည်းအဝေးကို ဒီဇင်ဘာလ (၂၆)ရက်နေ့ ၂၀၁၄ခုနှစ် ကြာသာပတေးနေ့ ညနေ (၂:ဝဝ)နာရီတွင် UMFCCI စတုတ္ထထပ်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအစည်းဝေးပွဲကို Thai Retailer Association မှ Dr.Chatchai နှင့် Mr.Sirapat Kettarn (SK), Group Project Manager of IMPACT Company တို့မှ တက်ရောက်ဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံရသည့် အဓိကအကြောင်းအရင်းမှာ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ASEAN Retail Congress အား မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ တက်ရောက် ပါဝင်နိုင်ရန်အတွက် လာရောက် ဖိတ်ကြားခြင်း နှင့် ထိုပွဲနှင့်ပတ်သက်သည်များကို အသေးစိတ်ရှင်းလင်းပြောကြားသွားသည်။ ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်၊ အထွေထွေ အတွင်းရေးမှုး ဦးသူရိန်ငြိမ်း နှင့် ဗဟိုအလုပ်အမှုဆောင် ဒေါ်သီတာသန်း တို့မှ Japan NEDO နှင့် "Introducing a saving energy system to super markets in Myanmar" ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည် များကို ပြန်လည်တင်ပြခြင်း နှင့် ဦးသူရိန်ငြိမ်းမှ ဆက်လက်ပြီး မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းရုံးခန်းအတွက်ဆွေးနွေးခဲ့သည်။ ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးမင်းအောင် မှ အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ရေးအတွက် အလုပ်ရှင်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည်များကို ပြန်လည် ဆွေးနွေးတင်ပြခြင်း နှင့်ဒေါ်တင်စုလှိုင်မှ HIDA (The Overseas Human Resource and Industry Development Association) မှ ဒီဇင်ဘာတွင် ပြုလုပ်ခဲ့သည့် The Workshop on Distribution Policy for Myanmar တွင်သင်ကြားခဲ့သည်များကို ပြန်လည်ဆွေးနွေးတင်ပြခြင်း၊ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းတင့်မှ World Retail Congress Asia Pacific 2015 in Singapore (WRCAP) နှင့် 17th Asia Pacific Retailers Convention and Exhibition at Philippinesပွဲများနှင့်ပတ်သက်သည်များကို ဆွေးနွေးတင်ပြသွားခဲ့သည်။ ထို့အပြင် MMRA ၏ ၂၀၁၅ ခုနှစ် တွင်ပြုလုပ်မည့် ပုံမှန်အသင်းအစည်းအဝေး ရက်များကို သတ်မှတ်ဆွေးနွေးခြင်း၊ ဟောပြေဆွေးနွေးပွဲများကို ၆လတစ်ကြိမ်ပြုလုပ်ရန်နှင့် Knowledge Sharing Section, Member's Open Days အသင်းသားများကို ဖိတ်ကြား၍ နှစ်လတစ်ကြိမ်ခန့် အသိပညာ (သို့) အတွေ့အကြုံ ဗဟုသုတများကို section အလိုက် ဆွေးနွေးပွဲ ပြုလုပ်ရန်များကို ဆွေးနွေးတင်ပြသွားသည်။