June 2016
Press Release for MMRA Seminar on 12 June 2013
Myanmar Retailers Assocation First Seminar @ UMFCCI Part 1
Association Member Form

Membership Form Sample

Customer Service (sharing session) ကို ၂၉-၅-၂၀၁၆
Customer Service (sharing session) ကို ၂၉-၅-၂၀၁၆
မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း(မန္တလေးတိုင်းဒေသကြီး)မှ ကြီးမှူးပြုလုပ်သော Customer Service (sharing session) ကို ၂၉-၅-၂၀၁၆ တွင် မနက် ၉ နာရီ မှ နေ့လည် ၁၂ ထိ အသင်းအစည်းဝေးခန်းမ ၌ကျင်းပပြုလုပ်ပြီး အသင်းဥက္ကဌ မှ အဖွင့်အမှာစကားပြောကြား၍ ပညာရေးကော်မတီ ဒုဥက္ကဌ မှ sharing session ပြုလုပ်ရခြင်းအကြောင်းရှင်းလင်းပြောကြားကာ ဆရာဦးကောင်းငြိမ်းစိုး(KUDOS Bussiness School ) မှ ဦးဆောင် ၍ တက်ရောက်လာကျသော ဧည့်သည်တော်များနှင့် အပြန်အလှန် ဆွေးနွေးကျသည်
ဂျပန်နိုင်ငံမှ HIDA - AOTS ရန်ကုန်ရုံး ဖွင့်လှစ်ခြင်း
ဂျပန်နိုင်ငံမှ HIDA - AOTS ရန်ကုန်ရုံး ဖွင့်လှစ်ခြင်း
ဂျပန်နိုင်ငံမှ HIDA - AOTS ရန်ကုန်ရုံး ဖွင့်လှစ်ခြင်း အခန်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေကြီး ဒဂုံမြို့နယ် ရှိ Park Royal Hotel တွင်ကျင်းပခဲ့ပါသည်။အဆိုပါ HIDA - AOTS ရန်ကုန်ရုံး ဖွင့်လှစ်သည့် အခန်းနား သို့ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) မှ ဥက္ကဌ နှင့် တာဝန်ရှိသူများ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းချုပ်(MMRA) မှ ဥက္ကဌ ဒေါ်ဝင်းဝင်းတင့် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့စဉ်။
၁၈-၆-၂၀၁၆ မြန်မာနိုင်ငံလက်လီလုပ်ငန်းရှင်များအသင်း(မန္တလေးတိုင်းဒေသကြီး)
၁၈-၆-၂၀၁၆ မြန်မာနိုင်ငံလက်လီလုပ်ငန်းရှင်များအသင်း(မန္တလေးတိုင်းဒေသကြီး)
၁၈-၆-၂၀၁၆ မြန်မာနိုင်ငံလက်လီလုပ်ငန်းရှင်များအသင်း(မန္တလေးတိုင်းဒေသကြီး) မှ အီလက်ထရောနစ် လုပ်ငန်းရှင်များ , လျှပ်စစ်ပစ္စည်းရောင်းချသောလုပ်ငန်းရှင်များ , စာရေးကိရိယာလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို အသင်းအစည်းဝေးခန်းမ၌ နေ့လည် ၁ နာရီ မှ ၃ နာရီထိ ကျင်းပပြုလုပ်ခဲ့သည်
စားသုးံသူရေးရာ လားရိုး
စားသုးံသူရေးရာ လားရိုး
စားသုံးသူရေးရာဦးစီးဌာန၊လားရှိုးကဒီနေ့ မနက်မှာ ရပ်ကွက်(၅)၊(၄၁)လမ်းထဲကဦးအောင်ဝင်းရဲ့အိမ်ကိုသွားပြီးတော့ ဈေးကွက်အတွင်းမှာဖြန့် ဖြူးရောင်းချနေတဲ့ ချမ်းသာမြေပဲဆီသန့် နဲ့ စူပါစားဆီသန့် တို့ ကိုသွားရောက်စစ်ဆေးခဲ့ပါသည်။.သို့ သော် အိမ်အကူသာတွေ့ ရှိရပြီးအိမ်ရှင်များကခရီးထွက်နေသည်ဆိုသည့်အကြောင်းပြချက်ကြောင့် အိမ်ရှင်များနဲ့ မတွေ့ ခဲ့ရပေ။..ဖုန်းခေါ်သော်လည်းမရသောကြောင့် လိုအပ်သည့်အထောက်အထား/စာရွက်စာတမ်းများကိုယူလာပြီးမနက်ဖြန်မနက်မိမိတို့ ရုံးမှာ လာရောက်ရှင်းပြဖို့ စာရေးပေးထားခဲ့ရပါသည်။..
ထပ်မံပြီးရပ်ကွက်(၅)၊(၃၈)လမ်းထဲမှ ရွှေမန္တလေးပဲဆီသန့် ထုတ်လုပ်ရောင်းချနေတဲ့ ကိုမျိုး +မခင်မိုးတို့ အိမ်ကိုသွားရောက်စစ်ဆေးရာမှာတော့ ဆီစက်ကိုမတွေ့ ရပဲ ဆီရောသည့်စက်ကိုသာတွေ့ ရှိခဲ့ရပြီး မေးမြန်းချက်များအရ မန္တလေးမှ ဆီကိုမှာယူကြောင်းနှင့် ရောက်လာသောဆီများကို ရောစပ်ကာ ကိုယ်ပိုင်အမှတ်တံဆိပ်ကပ်၍ရောင်းချနေခြင်းဖြစ်ကြောင်းစစ်ဆေးတွေ့ ရှိခဲ့ရပါသည်..၀ယ်ယူသောမန္တလေးသို့ ဖုန်းနှင့်မေးမြန်းရာတွင်လည်း ၄င်းတို့ မှ MEIZAN COMPANY သို့ လှမ်းမှာ၍လည်းကောင်း၊မန္တလေးတွင်ကိုယ်တိုင်မြေပဲများကိုဝယ်ယူပြီးကြိတ်ခွဲခြင်းဖြင့်လည်းကောင်းရရှိလာသောဆီများကို လားရှိုးသို့ တင်ပို့ ခြင်းဖြစ်ကြောင်းသိရှိရပြီးအထောက်အထားမခိုင်လုံသောကြောင့်ရွှေမန္တလာပဲဆီသန့်  ရောင်းချမှုကို ရပ်ဆိုင်းထားရန်မှာကြားခဲ့ပြီး ဆီနမူနာများကိုယူဆောင်ခဲ့ပါသည်။ထိုဆီများကို ဓါတ်ခွဲစစ်ဆေးပြီးချိန်တွင်စားသုံးသူအတွက်ဘေးအန္တရာယ်မရှိကြောင်းသေချာမှသာဆက်လက်ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ထိုသို့ ရောင်းချခွင့်ပြုရာတွင်လည်း ပဲဆီသန့် ဟုလိမ်ညာ၍မရေးရန် သတိပေးပြောကြားခဲ့ပါသည်။
ဆက်လက်ပြီးရပ်ကွက်(၅)မန်အိုင်လမ်းရှိ ချမ်းငြိမ်း ပဲဆီ၊နှမ်းဆီလက်လီ/လက်ကားဖြန့် ချီရေးသို့ ဝင်ရောက်စစ်ဆေးရာတွင် ဆီစက်မှာလက်တွေ့ လည်ပတ်နိုင်ခြင်းမရှိပဲ ပုံးဆီများကိုမှာယူကာ ဘူးခွံများတွင် ကိုယ်ပိုင်အမှတ်တံဆိပ်ကပ် ကာ ရောင်းချနေခြင်းဖြစ်ကြောင်းတွေ့ ရှိခဲ့ရသော်လည်းလူကြီးများမရှိသေးဟုဆိုသောကြောင့် ဓါတ်ပုံမှတ်တမ်းများယူခဲ့ကာ မနက်ဖြန်မနက်မိမိတို့ ရုံးသို့ အထောက်အထား/စာရွက်စာတမ်းများယူ၍လာရောက်ရှင်းပြရန်မှာကြားခဲ့ပါသည်။
မိမိတို့ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်းတွင် စားသုံးသူများဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အစားအသောက်/အသုံးအဆောင်ကုန်ပစ္စည်းများကို ရောင်းချမှုရှိ/မရှိဆက်လက်စစ်ဆေးသွားမည်ဖြစ်ပြီး စစ်ဆေးတွေ့ ရှိပါက ကုန်ပစ္စည်းများကိုသိမ်းဆည်း၍ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပါသည်။ မိမိတို့ ဦးစီးဌာနအနေဖြင့် လက်ကားဖြန့် ချီလျက်ရှိသောဆိုင်ကြီးများဖြစ်သည့် ပင်လယ်စာနှင့်အေးခဲအသားများ၊တရုတ်မှလာသောဝက်အူချောင်း/ကြက်အူချောင်း/ကြက်တောင်ပံ/အစပ်ချောင်းများ /စားသုံးရန်မသင့်သော တရုတ်မုန့် များရောင်းချလျက်ရှိသောဆိုင်ကြီးများသို့ လည်းကောင်း၊ ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးဆိုင်များသို့ လည်းကောင်း၊စားဆီများထုတ်လုပ်ရောင်းချ ဖြန့် ဖြူးနေသည့်ဆိုင်များသို့ လည်းကောင်း ပဏာမစစ်ဆေး၍ သတိပေးတားမြစ်ထားပြီးဖြစ်ပါသည်။ နောက်ပိုင်းတွင်ဈေးကွက်အတွင်းတောက်လျှောက်စစ်ဆေးသွားမည်ဖြစ်ပြီးထိုသို့ စစ်ဆေးရာတွင် ပြည်ပမှတင်သွင်းလာသောအစားအသောက်ကုန်ပစ္စည်းများဖြစ်ပါက FDA (အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန)၏ ထောက်ခံချက်နှင့်မိမိတို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏သွင်းကုန်လိုင်စင်တို့ အစစ်ဆေးခံနိုင်ရမည်ဖြစ်ကာ ပြည်တွင်းမှထုတ်လုပ်သော အစားအသောက်ကုန်ပစ္စည်းများဖြစ်ပါက ဘေးအန္တရာယ်မရှိကြောင်း FDA ထောက်ခံချက်တို့ ပြုလုပ်ထားရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲ /ကုန်ဆုံးသည့်ရက်စွဲတို့ ထည့်သွင်းထားရမည်ဖြစ်ကြောင်း နှင့် အထောက်အထားမပြနိုင်ပါက ကုန်ပစ္စည်းများကို သိမ်းယူ၍စားသုံးသူအကာအကွယ်ပေးရေးဥပဒေအရအရေးယူသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
Association
လက်လီရောင်းချရေးလုပ်ငန်းဖွံ့ဖြိုးမှုကော်မတီ အနေဖြင့် အောက်ပါ အခြေခံ ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်လျှက်ရှိပါသည်။လက်လီရောင်းချရေးလုပ်ငန်းဖွံ့ဖြိုးမှုကော်မတီ အနေဖြင့် အောက်ပါ အခြေခံ ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်လျှက်ရှိပါသည်။လက်လီရောင်းချရေးလုပ်ငန်းဖွံ့ဖြိုးမှုကော်မတီ အနေဖြင့် အောက်ပါ အခြေခံ ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်လျှက်ရှိပါသည်။လက်လီရောင်းချရေးလုပ်ငန်းဖွံ့ဖြိုးမှုကော်မတီ အနေဖြင့် အောက်ပါ အခြေခံ ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်လျှက်ရှိပါသည်။လက်လီရောင်းချရေးလုပ်ငန်းဖွံ့ဖြိုးမှုကော်မတီ အနေဖြင့် အောက်ပါ အခြေခံ ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်လျှက်ရှိပါသည်။လက်လီရောင်းချရေးလုပ်ငန်းဖွံ့ဖြိုးမှုကော်မတီ အနေဖြင့် အောက်ပါ အခြေခံ ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်လျှက်ရှိပါသည်။လက်လီရောင်းချရေးလုပ်ငန်းဖွံ့ဖြိုးမှုကော်မတီ အနေဖြင့် အောက်ပါ အခြေခံ ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်လျှက်ရှိပါသည်။လက်လီရောင်းချရေးလုပ်ငန်းဖွံ့ဖြိုးမှုကော်မတီ အနေဖြင့် အောက်ပါ အခြေခံ ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်လျှက်ရှိပါသည်။