March 2019

အသစ်ထုတ်ပြန်လိုက်သော စားသုံးသူကာကွယ်ရေးဥပဒေ ရှင်းလင်းဟောပြောပွဲ

26-3-2019

အသစ်ထုတ်ပြန်လိုက်သော စားသုံးသူကာကွယ်ရေးဥပဒေ ရှင်းလင်းဟောပြောပွဲ

အသစ်ထုတ်ပြန်လိုက်သော စားသုံးသူကာကွယ်ရေးဥပဒေ (The Consumer Protection Law) နှင့်ပတ်သက်၍ အသင်းဝင်များအား တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ အကျိုးသက်ရောက်နိုင်သော ကောင်းကျိုးဆိုးပြစ်များကို သိရှိနိုင်ရန်နှင့် တိုက်ရိုက်ဆွေးနွေးမေးမြန်းနိုင်ရန် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း နှင့် အမေရိကန်ကုန်သည်များအသင်းတို့ပူးပေါင်းကျင်းပရခြင်းဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ အသင်းဝင်များအနေဖြင့် ၂၀၁၉ခုနှစ်၊ မတ်လ၊ (၂၉)ရက်နေ့နံနက်တွင်ကျင်းပမည့် ဟောပြောဆွေးနွေးပွဲသို့ အခမဲ့တက်ရောက်နိုင်ပါကြောင်းနှင့် အသင်းဝင်မဟုတ်သူများအနေဖြင့် ၀င်ကြေး (၅၀၀၀)ကျပ် ပေးသွင်း၍ တက်ရောက်နိုင်ပါကြောင်း လေးစားစွာ အသိပေးဖိတ်ကြားအပ်ပါသည်။