January 2020

Myanmar Retail Summit & Expo 2020

Myanmar Retail Summit & Expo 2020

Myanmar Retail Summit & Expo 2020
Unleashing The Retail Potential

Unicode

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Myanmar Retail Summit & Expo 2020 ပွဲကြီးကို မြန်မာနိုင်ငံလက်လီ ရောင်းချသူများအသင်း (MMRA) မှဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၈ရက်နေ့အထိ Fortune Plaza၊ ရန်ကုန်မြို့မှာ ဦးစီးကျင်းပသွားမှာဖြစ်ပါတယ်။

လက်လီရောင်းချခြင်းဆိုင်ရာ နယ်ပယ်မှ ဝါရင့် အောင်မြင်ကျော်ကြားသူတွေ၊ ပြည်တွင်းပြည်ပမှ အောင်မြင်ကျော်ကြားနေကြတဲ့ ပုဂ္ဂိုလ် အယောက် ၂၀ တိတိက Unleashing The Retail Potential ဆွေးနွေးပွဲကြီးမှာ ပါဝင်ဟောပြောသွားမှာ ဖြစ်တဲ့အတွက် ကြုံတောင့်ကြုံခဲအခွင့်အရေးကြီးဖြစ်တာမို့ လုံးဝလက်မလွှတ်သင့်တဲ့ ပွဲတစ်ပွဲနော်။

ဒါတင်မကသေးဘဲ ကလေးပစ္စည်းများ၊ ဖက်ရှင်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ အလှအပရေးရာပစ္စည်းများ၊ အိုင်တီပစ္စည်းများ စတဲ့အမျိုးအစားအစုံမှ နာမည်ကျော် တံဆိပ်မျိုးစုံလည်း ပထမဦးဆုံး လက်လီရောင်းချခြင်းဆိုင်ရာ ကုန်စည်ပြပွဲကြီးမှာ လာရောက်ရောင်းချသွားမှာနော်။
ဒါကြောင့်တစ်နေရာတည်းမှာဘဲ လိုအပ်တဲ့ပစ္စည်းတွေအကုန်ဝယ်လို့ရတာပေါ့။

Expo ပြပွဲသို့ အခမဲ့လာရောက်နိုင်ပြီး Conference လက်မှတ်များကိုတော့ Early Bird စျေးနှုန်း ၃ဝဝဝဝကျပ်နှင့် ဇန်နဝါရီလ ၃၁ရက်နေ့အထိ ဝယ်ယူရရှိနိုင်ပါတယ်။
လက်မှတ်များကို City Mart စူပါမားကတ်များ၊ Ocean စူပါမားကတ်များ နဲ့ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းချုပ် နှင့် မြို့အသီးသီးရှိ ရုံးခွဲများမှာ ဝယ်ယူလို့ရပါတယ်။

ဟောပြောပွဲလက်မှတ်နှင့် ပွဲနှင့်ပတ်သက်သည့် အသေးစိတ်သိလိုတာများကို ဖုန်းနံပါတ် 09 457694246 ၊ 09 457694247 ၊ 09 457694248 သို့ဆက်သွယ်စုံစမ်းလို့ရပါတယ်နော်။

ဒါကြောင့် သောကြာနေ့ နဲ့ စနေနေ့လို နားရက်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၇ရက်နေ့ နဲ့ ၈ရက်နေ့ ၂ရက်ကို ချစ်ရသူတွေနဲ့ Myanmar Retail Summit & Expo 2020 ပွဲမှာ အတူတူစျေးဝယ်ထွက်ရင်း အရမ်းကိုတန်ဖိုးရှိတဲ့ ဟောပြောပွဲလည်းတက်ကြရအောင်။

Zawgyi

Myanmar Retail Summit & Expo 2020
Unleashing The Retail Potential




Expo ပြပွဲသို့ အခမဲ့လာရောက်နိုင်ပြီး Conference လက်မှတ်များကိုတော့ Early Bird ဈေးနှုန်း ၃၀၀၀၀ကျပ်နှင့် ဇန်နဝါရီလ ၃၁ရက်နေ့အထိ ဝယ်ယူရရှိနိုင်ပါတယ်။


ဒါကြောင့် သောကြာနေ့ နဲ့ စနေနေ့လို နားရက်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၇ရက်နေ့ နဲ့ ၈ရက်နေ့ ၂ရက်ကို ချစ်ရသူတွေနဲ့ Myanmar Retail Summit & Expo 2020 ပွဲမှာ အတူတူဈေးဝယ်ထွက်ရင်း အရမ်းကိုတန်ဖိုးရှိတဲ့ ဟောပြောပွဲလည်းတက်ကြရအောင်။




Myanmar Retail Summit & Expo ပွဲကြီးကို Myanmar Retailers Association မှ ဦးစီးပြီးတော့ ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ မင်းနန္ဒာလမ်းနှင့် သုမနလမ်းထောင့်မှာရှိတဲ့ Fortune Plaza မှာကျင်းပသွားမှာပါနော်။

လူကြိုက်များတဲ့ နာမည်ကြီးကုမ္ပဏီများစွာက ပွဲမှာ အထူးစျေးနှုန်းတွေနဲ့ပါဝင်ရောင်းချသွားမှာဖြစ်ပြီးတော့ အခြားထူးခြားတဲ့ အစီအစဉ်တွေကလည်း ပါဝင်သွားမှာပါ။

ဒါကြောင့်မလို့ ပွဲနှင့်ပတ်သက်တဲ့ အချက်အလက်လေးတွေကိုသိရဖို့အတွက် လက်မလွတ်တန်းစောင့်ကြည့်ကြရအောင်နော်။

ဥက္ကဌကြီး ဦးဇော်မင်းဝင်းနှင့်တကွ၊ စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်များအားလုံး အတွက် ဂုဏ်ယူဝမ်းမြောက်ခြင်း

8-12-2019

ဥက္ကဌကြီး ဦးဇော်မင်းဝင်းနှင့်တကွ၊ စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်များအားလုံး အတွက် ဂုဏ်ယူဝမ်းမြောက်ခြင်း

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ၏ (၂၀၁၉-၂၀၂၂) ခုနှစ်အတွက် ရွေးချယ်တင်မြှောက်ခြင်းခံရသော ဥက္ကဌကြီး ဦးဇော်မင်းဝင်းနှင့်တကွ၊ စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်များအားလုံးအတွက် မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ...

Networking & Sharing Day

3-12-2019

Networking & Sharing Day

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့၊ Cartel Hotel (မြစ်ကြီးနားမြို့) တွင် မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း(ကချင်ပြည်နယ်)မှ ကြီးမှူးကျင်းပသော Networking & Sharing Day တွင် ဆရာဦးကောင်းငြိမ်းစိုးမှ Building Effective Organization ခေါင်းစဉ်ဖြင့် ညနေ၄နာရီမှ၆နာရီအထိ ဆွေးနွေးဟောပြောခဲ့ပါသည်။ ယင်းဟောပြောပွဲတွင် တက်ရောက်လာသူဦးရေ ၆၀ မှ ၇၀ ကြားရှိပြီး စိတ်ပါဝင်စားမှုများစွာဖြင့် သိလိုသမျှများကိုလည်း မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။