April 2020

မြန်မာနိုင်ငံ Country Barcode "883" ကို လုပ်ငန်းရှင်များထံသို့ တရားဝင်မိတ်ဆက်သည့်အခမ်းအနား

22-2-2020

မြန်မာနိုင်ငံ Country Barcode "883" ကို လုပ်ငန်းရှင်များထံသို့ တရားဝင်မိတ်ဆက်သည့်အခမ်းအနား

UMFCCI ၏ကူညီပံ့ပိုးမှုဖြင့်
Myanmar Retailers Association
Myanmar Industries Association
Myanmar Food processor & Exporters Association တို့ပူးပေါင်းဆောင်ရွက်၍
မြန်မာနိုင်ငံ Country Barcode "883" ကို GS1 မှခွင့်ပြုရရှိခဲ့ပြီး လုပ်ငန်းရှင်များထံသို့ တရားဝင်မိတ်ဆက်သည့်အခမ်းအနားကိုUMFCCI တွင်ကျင်းပခဲ့ပါသည်။

Appreciating the Sponsor Companies

14-2-2020

Appreciating the Sponsor Companies

Unicode

မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း (MMRA) မှ ဦးစီးကျင်းပသော ပထမဦးဆုံးအကြိမ်ဖြစ်သည့် Myanmar Retail Summit & Expo 2020 ပွဲကြီးကို ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ မင်းနန္ဒာလမ်းနှင့် သုမနလမ်းထောင့်မှာတည်ရှိသည့် Fortune Plaza တွင် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ နှင့် ၈ ရက်နေ့များမှာ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။

ပွဲကြီးကိုတော့ Main Sponsor အနေဖြင့် ဘဏ်လုပ်ငန်းများမှာ စိတ်ချယုံကြည်ရပြီးမြန်ဆန်မှုရှိတဲ့ အကောင်းဆုံးဘဏ်တွေထဲမှ တစ်ခုဖြစ်သည့် ဧရာဝတီဘဏ် (AYA Bank) မှ အဓိကပါဝင်ပံ့ပိုးကူညီခဲ့ပါတယ်။
Co-sponsor အနေဖြင့် ရောင်းချခြင်း၊ ဖြန့်ချီခြင်း နှင့် ပို့ဆောင်ခြင်းလုပ်ငန်းများမှာ အောင်မြင်တိုးတက်နေသည့် Pahtama Group နှင့် ကမ္ဘာကျော် နာမည်ကြီးအချိုရည်ကုမ္ပဏီဖြစ်သည့် Coca Cola Myanmar မှ ကူညီပံ့ပိုးခဲ့ပါတယ်။

Supporting Partners အနေဖြင့် Electronic City၊ TZE၊ Zarni Electronic နှင့် IMCS ကုမ္ပဏီများမှ ပါဝင်ပံ့ပိုးခဲ့ပြီး Category Partners များအနေဖြင့် Rinnai၊ New World Mart၊ Samsung Myanmar၊ Bella၊ Bread Talk၊ Premium Gold သဘာဝရွှေငှက်သိုက်၊ Premier Coffee၊ MAMA Instant Noodle၊ Hearty Heart၊ Maliban Biscuits၊ Kudos To You၊ Farmer Lighting နှင့် Royal D ကုမ္ပဏီများမှ ပံ့ပိုးကူညီပေးခဲ့ပါတယ်။
Media Partner အနေဖြင့် 7Day TV၊ MRTV-4 နှင့် B2B တို့မှပါဝင်ပံ့ပိုးခဲ့ပါတယ်။

Myanmar Summit & Expo 2020 ပွဲကြီးကို အခုလို ကဏ္ဍမျိုးစုံမှ ပါဝင်ပံ့ပိုးကူညီကြသော Main Sponsor ကုမ္ပဏီ၊ Co-sponsor ကုမ္ပဏီများ၊ Supporting Partners ကုမ္ပဏီများ၊ Category Partners ကုမ္ပဏီများ နှင့် Media Partner ကုမ္ပဏီများ စသည့် ကုမ္ပဏီများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း တင်ပြလိုက်ရပါတယ်။

Zawgyi

Appreciating the Sponsor Companies

ျမန္မာနိုင္ငံ လက္လီေရာင္းခ်သူမ်ားအသင္း (MMRA) မွ ဦးစီးက်င္းပေသာ ပထမဦးဆုံးအႀကိမ္ျဖစ္သည့္ Myanmar Retail Summit & Expo 2020 ပြဲႀကီးကို ရန္ကုန္ၿမိဳ႕၊ သာေကတၿမိဳ႕နယ္၊ မင္းနႏၵာလမ္းႏွင့္ သုမနလမ္းေထာင့္မွာတည္ရွိသည့္ Fortune Plaza တြင္ ၂၀၂၀ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔ ႏွင့္ ၈ ရက္ေန႔မ်ားမွာ က်င္းပခဲ့ၿပီးျဖစ္ပါတယ္။

ပြဲႀကီးကိုေတာ့ Main Sponsor အေနျဖင့္ ဘဏ္လုပ္ငန္းမ်ားမွာ စိတ္ခ်ယုံၾကည္ရၿပီးျမန္ဆန္မႈရွိတဲ့ အေကာင္းဆုံးဘဏ္ေတြထဲမွ တစ္ခုျဖစ္သည့္ ဧရာဝတီဘဏ္ (AYA Bank) မွ အဓိကပါဝင္ပံ့ပိုးကူညီခဲ့ပါတယ္။
Co-sponsor အေနျဖင့္ ေရာင္းခ်ျခင္း၊ ျဖန႔္ခ်ီျခင္း ႏွင့္ ပို႔ေဆာင္ျခင္းလုပ္ငန္းမ်ားမွာ ေအာင္ျမင္တိုးတက္ေနသည့္ Pahtama Group ႏွင့္ ကမၻာေက်ာ္ နာမည္ႀကီးအခ်ိဳရည္ကုမၸဏီျဖစ္သည့္ Coca Cola Myanmar မွ ကူညီပံ့ပိုးခဲ့ပါတယ္။

Supporting Partners အေနျဖင့္ Electronic City၊ TZE၊ Zarni Electronic ႏွင့္ IMCS ကုမၸဏီမ်ားမွ ပါဝင္ပံ့ပိုးခဲ့ၿပီး Category Partners မ်ားအေနျဖင့္ Rinnai၊ New World Mart၊ Samsung Myanmar၊ Bella၊ Bread Talk၊ Premium Gold သဘာဝေရႊငွက္သိုက္၊ Premier Coffee၊ MAMA Instant Noodle၊ Hearty Heart၊ Maliban Biscuits၊ Kudos To You၊ Farmer Lighting ႏွင့္ Royal D ကုမၸဏီမ်ားမွ ပံ့ပိုးကူညီေပးခဲ့ပါတယ္။
Media Partner အေနျဖင့္ 7Day TV၊ MRTV-4 ႏွင့္ B2B တို႔မွပါဝင္ပံ့ပိုးခဲ့ပါတယ္။

Myanmar Summit & Expo 2020 ပြဲႀကီးကို အခုလို က႑မ်ိဳးစုံမွ ပါဝင္ပံ့ပိုးကူညီၾကေသာ Main Sponsor ကုမၸဏီ၊ Co-sponsor ကုမၸဏီမ်ား၊ Supporting Partners ကုမၸဏီမ်ား၊ Category Partners ကုမၸဏီမ်ား ႏွင့္ Media Partner ကုမၸဏီမ်ား စသည့္ ကုမၸဏီမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါေၾကာင္း တင္ျပလိုက္ရပါတယ္။

#MyanmarRetailSummit&Expo2020
#MyanmarRetailersAssociation

Myanmar Retail Summit & Expo 2020

7-2-2020

Myanmar Retail Summit & Expo 2020

ဖေဖော်ဝါရီလ ၇ ရက်နေ့ နှင့် ၈ ရက်နေ့တွင် မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း (MMRA) မှ ဦးစီးကျင်းပသော Myanmar Retail Summit & Expo 2020
ဖေဖော်ဝါရီလ ၇ ရက်နေ့ပုံရိပ်များ

“Unleashing The Retail Potential”

2-2-2020

“Unleashing The Retail Potential”

Myanmar Retail Summit and Expo 2020
“Unleashing The Retail Potential”

Unicode

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (MMRA) မှဦးစီးကျင်းပသော မြန်မာနိုင်ငံ၏ပထမဆုံး လက်လီရောင်းချခြင်းဆိုင်ရာ ကုန်စည်ပြပွဲကြီးဖြစ်သည့် Myanmar Retail Summit & Expo 2020 အတွက် သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၂၁ရက်၊ ၂၀၂ဝခုနှစ် တွင် ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)၊ ရန်ကုန်မြို့ တွင် ပြုလုပ်ကျင်းပခဲ့ပါတယ်။
အဆိုပါသတင်းစာရှင်းလင်းပွဲကို မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (MMRA) ၏ ဥက္ကဌဖြစ်သူ ဦးသူရိန်ငြိမ်း မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယဥက္ကဌ ဦးနိုင်လင်း နှင့် အထွေထွေအတွင်းရေးမှူး ဒေါ်တင်စုလှိုင် တို့က Myanmar Retail Summit & Expo 2020 နှင့်ပတ်သက်ပြီး ရှင်းလင်းဖြေကြားပေးခဲ့ပါတယ်။
Myanmar Retail Summit & Expo 2020 ပွဲကြီးကိုတော့ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ နှင့် ၈ ရက်နေ့များမှာ ရန်ကုန်မြို့ရှိ Fortune Plaza မှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပွဲအတွင်းမှာတော့ လက်လီရောင်းချသူများအတွက် ကုန်ပစ္စည်းများကို ဖြန့်ချီပေးနေသည့် နာမည်ကျော် Supplier ကုမ္ပဏီအသီးသီးမှ လူသုံးကုန်၊ စားသောက်ကုန်၊ အဖျော်ယမကာများ၊ ကလေးပစ္စည်းများ၊ ဖက်ရှင်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ အလှအပရေးရာပစ္စည်းများ၊ အိုင်တီနည်းပညာပစ္စည်းများနဲ့ ဆေးဝါးပစ္စည်းများ အစရှိသည့် ကုန်ပစ္စည်းများကို ကဏ္ဍအလိုက် လာရောက်ရောင်းချပေးသွားမှာဖြစ်ပါတယ်။
ပွဲအတွင်းမှာ "Unleashing The Retail Potential Summit" ပွဲကြီးလည်း ပါဝင်မှာဖြစ်ပြီး နယ်ပယ်အသီးသီးရှိ ဝါရင့်ထိပ်သီးလက်လီရောင်းချခြင်းဆိုင်ရာ ပြည်တွင်းပြည်ပမှ ပညာရှင်များကိုယ်တိုင် ပါဝင်ဆွေးနွေးပြောကြားသွားမှာဖြစ်ပါတယ်။
Myanmar Retail Summit & Expo 2020 ပွဲကြီး၏ ကုန်စည်ပြပွဲကြီးကိုတော့ ဝင်ကြေးအခမဲ့ဖြင့်လာရောက်နိုင်မှာဖြစ်ပြီး Summit ပွဲကြီးကိုတော့ လက်မှတ်များဖြင့် တက်ရောက်လို့ရပါတယ်။ လက်မှတ်များကိုတော့ City Mart စူပါမားကတ်များ၊ Ocean စူပါစင်တာများ နဲ့ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းချုပ် နှင့် မြို့အသီးသီးရှိ ရုံးခွဲများမှာ ဝယ်ယူရရှိနိုင်ပါတယ်။

Zawgyi

Myanmar Retail Summit and Expo 2020
“Unleashing The Retail Potential”

ျမန္မာနိုင္ငံလက္လီေရာင္းခ်သူမ်ားအသင္း (MMRA) မွဦးစီးက်င္းပေသာ ျမန္မာနိုင္ငံ၏ပထမဆုံး လက္လီေရာင္းခ်ျခင္းဆိုင္ရာ ကုန္စည္ျပပြဲႀကီးျဖစ္သည့္ Myanmar Retail Summit & Expo 2020 အတြက္ သတင္းစာရွင္းလင္းပြဲကို ဇန္နဝါရီ ၂၁ရက္၊ ၂၀၂ဝခုႏွစ္ တြင္ ကုန္သည္စက္မႈအသင္းခ်ဳပ္(UMFCCI)၊ ရန္ကုန္ၿမိဳ႕ တြင္ ျပဳလုပ္က်င္းပခဲ့ပါတယ္။
အဆိုပါသတင္းစာရွင္းလင္းပြဲကို ျမန္မာနိုင္ငံလက္လီေရာင္းခ်သူမ်ားအသင္း (MMRA) ၏ ဥကၠဌျဖစ္သူ ဦးသူရိန္ၿငိမ္း မွ အဖြင့္အမွာစကားေျပာၾကားခဲ့ၿပီး ဒုတိယဥကၠဌ ဦးႏိုင္လင္း ႏွင့္ အေထြေထြအတြင္းေရးမႉး ေဒၚတင္စုလွိုင္ တို႔က Myanmar Retail Summit & Expo 2020 ႏွင့္ပတ္သက္ၿပီး ရွင္းလင္းေျဖၾကားေပးခဲ့ပါတယ္။
Myanmar Retail Summit & Expo 2020 ပြဲႀကီးကိုေတာ့ ၂၀၂၀ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔ ႏွင့္ ၈ ရက္ေန႔မ်ားမွာ ရန္ကုန္ၿမိဳ႕ရွိ Fortune Plaza မွာက်င္းပျပဳလုပ္သြားမွာျဖစ္ၿပီး ပြဲအတြင္းမွာေတာ့ လက္လီေရာင္းခ်သူမ်ားအတြက္ ကုန္ပစၥည္းမ်ားကို ျဖန႔္ခ်ီေပးေနသည့္ နာမည္ေက်ာ္ Supplier ကုမၸဏီအသီးသီးမွ လူသုံးကုန္၊ စားေသာက္ကုန္၊ အေဖ်ာ္ယမကာမ်ား၊ ကေလးပစၥည္းမ်ား၊ ဖက္ရွင္ပစၥည္းမ်ား၊ အိမ္သုံးပစၥည္းမ်ား၊ အလွအပေရးရာပစၥည္းမ်ား၊ အိုင္တီနည္းပညာပစၥည္းမ်ားနဲ႔ ေဆးဝါးပစၥည္းမ်ား အစရွိသည့္ ကုန္ပစၥည္းမ်ားကို က႑အလိုက္ လာေရာက္ေရာင္းခ်ေပးသြားမွာျဖစ္ပါတယ္။
ပြဲအတြင္းမွာ "Unleashing The Retail Potential Summit" ပြဲႀကီးလည္း ပါဝင္မွာျဖစ္ၿပီး နယ္ပယ္အသီးသီးရွိ ဝါရင့္ထိပ္သီးလက္လီေရာင္းခ်ျခင္းဆိုင္ရာ ျပည္တြင္းျပည္ပမွ ပညာရွင္မ်ားကိုယ္တိုင္ ပါဝင္ေဆြးေႏြးေျပာၾကားသြားမွာျဖစ္ပါတယ္။
Myanmar Retail Summit & Expo 2020 ပြဲႀကီး၏ ကုန္စည္ျပပြဲႀကီးကိုေတာ့ ဝင္ေၾကးအခမဲ့ျဖင့္လာေရာက္နိုင္မွာျဖစ္ၿပီး Summit ပြဲႀကီးကိုေတာ့ လက္မွတ္မ်ားျဖင့္ တက္ေရာက္လို႔ရပါတယ္။ လက္မွတ္မ်ားကိုေတာ့ City Mart စူပါမားကတ္မ်ား၊ Ocean စူပါစင္တာမ်ား နဲ႔ ျမန္မာနိုင္ငံလက္လီေရာင္းခ်သူမ်ားအသင္းခ်ဳပ္ ႏွင့္ ၿမိဳ့အသီးသီးရွိ ႐ုံးခြဲမ်ားမွာ ဝယ္ယူရရွိနိုင္ပါတယ္။

#MyanmarRetailSummit&Expo2020
#MyanmarRetailersAssociation